Still I remember

1.3K 80 13
                                    

Part-1

######

'ငါတို့ လမ်းခွဲရအောင်'

'ငါ့ကို မေ့လိုက်ပါ မင်းအပေါ် ငါ့ထက်ကောင်းပေးမယ့်သူ ရှိလာမှာပါ'

' ငါ့ကို မထားခဲ့ပါနှင့်လား,ကျေးဇူးပြု၍  ငါ့ နားကထွက်မသွားပါနှင့် '

သူသာ နှုတ်က ရွတ်ဆိုနေခဲ့တာ ကျောခိုင်းသူကတော့ တရွေ့ရွေ့ သူ့အပါးက ထွက်သွားခဲ့သည်....

မိုးရွာသံအပြိုင်နှင့် သူအိမ်မက်ကနေ ယောင်ယမ်းကာ ထလာခဲ့ရသည်..

'ဟူး ငါအိမ်မက်တွေ ထပ်မက်ပြန်ပြီ'

သူ နာရီကို ကြည့်မိတော့ မနက်၅နာရီသာ ရှိသေးသည်

ပြန်အိပ်မရတော့မယ့်  အတူတူ စာသာ လုပ်လိုက်တော့မယ်လို့ သူတွေးလိုက်သည်....

စာလုပ်လို့ အချိန်အနည်းအငယ်ကြာတော့ mamaက လှမ်းခေါ်လေသည်

'Baekhyun မနက်စာ စားဖို့ဆင်းလာခဲ့တော့'

'Nae Mama'

မနက်စာ စားပွဲဝိုင်းကို ရောက်တော့ papaက မျက်နှာတည်တည်နှင့်  မနက်စာ စားဖို့စောင့်နေလေသည်

'ဘာကိစ္စ ကြာနေရတာလည်း .မင်းတို့ကို လူကြီးဖြစ်တယ့် ငါက ထိုင်စောင့်နေရမှာလား '

Baekhyun မှာ ပြန်မပြောရဲ

Mama လာချပေးသော မနက်စာကို စားရင်း papaက စကားထက်ဆိုလာသည်..

'Woohyun မင်းလည်း ကြပ်ကြပ်သတိထား ကျောင်းက တိုင်စာထက်ရောက် လာရင် မင်းသေမယ်'

Papa က ကိုကို့ ကို ကြိမ်းမောင်းတာက နေ့စဉ်နှင့် တကွ ကြားရစမြဲ. ..

ကိုကိုကလည်း ဆိုးမြဲဆိုးစဲ....

မနက်စာ စားပြီးတော့ papaထ သွားသည် Mamaကလည်း papaနောက်ကို လိုက်သွားရသည်

စားပွဲဝိုင်းမှာ ကျန်ခဲ့တာက ကိုကိုရယ် ကျွန်တော်ရယ်သာ

ခုမှသာ ကျွန်တော် အသက်ရှူ ချောင်သွားတော့သည် papaကို ကြောက်တယ့်စိတ်ကြောင့် မနက်စာ ထမင်းကောင်းကောင်း စားမဝင်ခဲ့ဘူး...

.........

ကျောင်းသွားဖို့ အပြင်ကို ကြည့်မိတော့ မိုးက သည်းမဲစွာ ရွာနေတုန်းပင်

Still I RememberWhere stories live. Discover now