Still I Remember

450 45 26
                                    

Part-6(The Past)

###

ချစ်လားလို့မေးရင် ချစ်တယ်လို့ဖြေချင်ပင်မယ့်... ကျွန်တော်တို့၂ယောက်ရဲ့ အခြေအနေက သမာရိုးကျမဟုတ်ပေ..
သူရော..ကိုယ်ရော ယောက်ျားလေးဖြစ်သောကြောင့်.. ပတ်ဝန်းကျင်က အပြစ်မြင်စရာဖြစ်နိုင်သည်..
သူ့လို ပတ်ဝန်းကျင်ကို အလေးထားသော သူတစ်ယောက်က
ကျွန်တော့ကိုချစ်တယ်လို့ ပြောတာဟာ..သူစိတ်ကစားရုံသက်သက်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။
စိတ်ကစားရုံဆိုရင်တော့ ကျွန်တောအလေးထားရသော အချစ်တစ်ခုကို လွယ်လွယ်နဲ့ချစ်တယ်လို့ သူ့ဆီ ဝန်မခံချင်..

                * Still I Remember*

'ငါ..နည်းနည်းလေး နောက်ကျသွားတယ် Chanyeol'

ဒီနေ့မှ ထူးခြားစွာ အင်္ဂလိပ်စာသင်တန်းက အတန်းဆင်းတာနောက်ကျသည်။
သင်တန်းပြီးရင် တွေ့ကျရအောင်လို့  ဖုန်းဆက်ပြောလာသော chanyeol ကြောင့် အနည်းငယ်ရင်တုန်သလို ရင်ခုန်သလိုဖြစ်တာကအမှန်ပင်..
သူဘာကိစ္စကြောင့် တွေ့ချင်လည်းဆိုတာ စဉ်းစားစရာမလိုလောက်အောင်သိပါတယ်..
သူ့မွေးနေ့ပြီးထဲက..ကိုယ့်မှာအကြောင်းစုံတွေးနေရတာ လူကကြာရင် ဆံပင်ဖြူလာလောက်သည်..။

'အပူလား ..အအေးလား
Baekhyun ငါသွားမှာပေးမယ်'

ကိုယ်တိုင်ယူစနစ်နဲ့ မှာယူရသော ကော်ဖီဆိုင်ဖြစ်သောကြောင့် သွားမှာခြင်းဖြစ်သည်။
မှန်အကြည်မှမြင်ရသော  ပြင်ပပတ်ဝန်းကျင်က နေအရမ်းမပူပဲနဲ့ သာယာနေတယ်..ဒါ့ကြောင့် သူအအေးကိုရွေးချယ်ဖြစ်သည်။

'အင်း..အအေးပဲယူခဲ့လေ'

'ထုံးစံအတိုင်းပဲလား?'

အအေးဆိုလျှင် စတော်ဘယ်ရီအရသာ သာသောက်တတ်တယ့် သူ့အကျင့်ကို chanyeol မမေ့သေးပါ...

'အင်း'

ကောင်တာဘက်ကိုလျှောက်သွားသော သူ့ကျောပြင်ကိုကြည့်ရင်း စိတ်ကကယောက်ကယက်ဖြစ်လို့လာသည်..
သူတောင်းဆိုထားတယ့် အဖြေတစ်ခုကို တိတိကျကျမပေးနိုင်သေးပေ..
ချစ်တယ်ဆိုတယ့် စကားတစ်ခွန်းပြောဖို့က ကျွန်တော့အတွက်သိပ်ကိုခက်ခဲလွန်းနေသည်။

'ရပြီ.. Baekhyun ဘာတွေဒီလောက်တောင်တွေးနေတာလည်း?
ဖျော်ရည်က...စတော်ဘယ်ရီရာသီမဟုတ်တော့ မရနိုင်ဘူးတယ့်
Jucie ပဲဝယ်လာခဲ့တော့တယ်'

Still I RememberWhere stories live. Discover now