Still I remember

559 45 2
                                    

Part_3

#####

ကောင်းကင်၌ မိုးသားတိမ်တိုက်တို့သည် ခဲရောင်ဘက်သို့ရောက်လို့နေသည်
ပတ်ဝန်းကျင်၌လည်း ခဲရောင်မိုးသားတွေကြောင့် ထင်ပါတယ်
ခပ်မှိုင်းမှိုင်းဖြစ်လို့နေသည်
တစ်မျိုးပြောရရင်... မိုးအုပ်နေသည်ပေါ့....

ဒါဆိုရာသီဥတုကရော???
သေချာသလောက်ကတော့ မိုးကျိန်းသေပေါက်ကို ရွာနိုင်ပါတယ်

**
ခပ်မှိုင်းမှိုင်းရာသီဥတုကြောင့်ထင်တယ် baekhyun ကျောင်းသို့မသွားချင်လောက်အောင် ပျင်းရိနေသည်

ပြတင်းတံခါး၏အပြင်ကိုကြည့်မိတော့ မနက်ခင်း၌သိပ်ကိုမှောင်နေသော မိုးရာသီ၏ မှိုင်းညို့ညို့ကောင်းကင်တစ်ခွင်

'Baekhyun ရေ ..သားငယ် ...ကျောင်းမသွားဘူးလား'

ဟော ကျောင်းမသွားဘူးလို့ကြံရွယ်ကာမှ mamaက ကျောင်းသွားဖို့ ဆော်ဩလို့နေသည်

Mama၏ အဆူကိုမခံချင်လို့ ကျောင်းသွားရန် ပြင်ဆင်ရတော့သည်

ပြင်ဆင်ပြီးလို့ Mamaပြင်ပေးသော မနက်စာကို စားကာ ကျောင်းသို့သွားရန်ထွက်လာခဲ့သည်

ဒီနေ့လည်း လမ်းလျှောက်ရင်းနှင့်ပေါ့
ဟုတ်သည်လေ သူတို့မိသားစု ၄ယောက်အသုံးစရိတ်လောက်ငှအောင်သုံးနိုင်ရန် papa၏လစာကိုသည် များသည်ဟု မဆိုသာပါ
အပိုငွေတွေမကုန်အောင်လည်း Mamaက ကားမဝယ်ခိုင်းတာလည်း ပါပါတယ်

ထွေရီထွေရာ တွေးရင်း လမ်းလျှောက်လာသည်မှာ ကျောင်းလမ်းသို့ ရောက်ရှိတော့မည်ဖြစ်သည်

'ဟေ့ !!ဟေ့ !!ဖယ် ...တိုက်မိမယ် '

'ဝုန်း 'ခနဲနှင့် သူ့ဘေးနားက သစ်ပင်ကိုဝင်ဆောင့်သော စက်ဘီးတစ်စီး

အင်း~~ park chanyeol ရဲ့ စက်ဘီးဆိုပိုမှန်လေမလား..

'Baekhyun ဘာလုပ်နေတာလည်း လာထူပေးအုန်းလေ'

ဆူပုတ်ပုတ်နှင့် မြေကြီးပေါ်ရောက်နေသော chanyeol က baekhyun ကို လှမ်းခေါ်လေသည်

'မင်းကလည်းကွာ စက်ဘီးကို ဘယ်လိုစီးလာတာလည်း ကားတွေရော လူတွေရောရှုပ်တယ့်လမ်းမှာ အန္တာရယ်က ခပ်များများရယ်'

Still I RememberWhere stories live. Discover now