Still I Remember

474 41 8
                                    

Part-4

#######

'Jongdae chanyeol က ပြောင်းလဲသွားတယ်နော် '

နေ့လည်စာ နားချိန်၌ မိုးလည်းရွာနေတာကြောင့် မုန့်ဆိုင်မသွားတော့ပဲ ကျောင်းခန်းထဲ Jongdae နဲ့ကျွန်တော်အတူတူထိုင်ရင်း chanyeol အကြောင်းပြောမိသည်..

ကျွန်တော်မေးနေတော့ jongdae ဘက်မှ ခေတ္တတိတ်ဆိတ်သွားတယ်. အချိန်နည်းနည်းကြာတော့မှ သူဘက်က စကားပြန်စလာသည်...

'ဘာလို့်လည်း baekhyun ရဲ့ ငါတော့မထင်မိပါဘူး'

ကျွန်တော် ၁၀မိနစ်လောက် စောင့်လိုက်ရတယ့် အဖြေတစ်ခုက ဒီလောက်ပဲလား??

'မဟုတ်ဘူးလေ သူက အရင်ကလောက် ငါတို့ကိုအခေါ်အပြောမလုပ်တော့သလားလို့'

'မင်းထင်နေလို့ပါ .....သူက ငါတို့နဲ့အခန်းမတူတော့တာရယ် စာတွေများလာရတာရယ် ကြောင့်ပါကွာ'

ဒါဆို ငါတို့ကရော ကျွန်တော်ပြန်မေးချင်မိပါရဲ့...

အထက်တန်းနောက်ဆုံးနှစ်အတွက် အခန်းခွဲရာတွင် chanyeol သည် အထူးခန်း(special)ခန်းသို့ ရောက်ကာ baekhyun နှင့် Jongdae တို့နှင့် အတန်းကွဲသွားခဲ့သည်
Chanyeol မရှိတော့ Jongdae သည် သူ့ဘေးက သူငယ်ချင်းတစ်ယောက်နှင့် ထိုင်လေသည်
ကျွန်တော်ကတော့ တစ်ယောက်ထဲပါပဲ...

'ငါ့စိတ်ထင်.. Chanyeol ပင်ပန်းတယ်လို့ထင်နေမိတယ်
သူ့မျက်နှာကြည့်ရတာ နွမ်းနေသလိုပဲ'

ပြတ်တောက်သွားသော စကားစကို baekhyun chanyeol အပေါ်စိုးရိမ်မှုဖြင့် ပြန်စခဲ့သည်

'အင်း~~ အယ့်တာတော့ ဟုတ်တယ်လို့ ငါထင်တယ်baekhyun သူ့ကြည့်ရတာ stress တွေများနေသလိုပဲ နောက်ပြီး သူ.. ငါတို့ တူတူတက်နေကြ အချိန်ပိုဝိုင်းကနေ ထွက်သွားတယ်...'

'ဘာလို့ထွက်သွားတာလည်းရော မင်းသိလား, jongdae'

'ဟင့်အင်း ငါမသိဘူး သူ့အမေ လာပြောပြီး ထုတ်သွားတာ chanyeol က သူ့အမေစကားသိပ်နားထောင်တာလေ
သူ့အမေက ထွက်ဆိုရင် သူထွက်မှာပဲ'

Jongdae ရဲ့ ပြောပြချက်အရ ကျွန်တော် စိတ်မောသွားမိသည်
Chanyeol အခုဆို အိမ်မှာပဲ စာတွေကျက်နေရပြီး အပြင်တောင်မထွက်ရတော့ဘူးလား??

Still I RememberWhere stories live. Discover now