Still I Remember

372 46 15
                                    

Part_11

မင်းရှိရာ မြို့လေးကို ငါ ရောက်နေတယ် Chan....

*Still I Remember*


'အား.!!!!! ညောင်းလိုက်တာကွာ'

နာရီတာ လေဆိပ်ကိုရောက်တော့..Baekhyun အပျင်းကြောဆန့်ရင်း ငြီးငြူသည်။.
၂နာရီလောက် ခရီးအကွာအဝေးမှာ တိမ်တိုက်တွေအပေါ် ရွက်လွှင့်ခဲ့ရပင်မယ့် ..ငြိမ်ငြိမ်လေး ထိုင်နေရသောကြောင့် သက်တောင့်သက်သာတော့မရှိပေ။..
လေယာဉ်စီးကျင့်မရှိတာကြောင့်.. လေယာဉ်ပေါ်လည်း မအိပ်တတ်ပြန်..။ဒါကြောင့် ငူငူငေါင်ငေါင်ကြီး.ခုံပေါ်ပါလာရသောကြောင့်...ညောင်းညာသည်။

'Kyungsoo oppa '

Baekhyun ငူငေါင်တာ ဒီတစ်ချက်လည်းပါသည်။
Kyungsooက ဂျုနီယာ ကောင်မလေး၂ယောက်နဲ့ လေယာဉ်ပေါ် ပေါက်ပေါက်ဖောက်လာတာ.ယခုလေယာဉ်ဆင်းတဲ့ထိမပြီး
သေး။..မကြည့်ရသေးသော ပွဲအကြောင်းကို လေအကုန်ခံပြီး ထိုင်ပြောနေကြတာ..Baekhyun ကို အဖတ်တောင် မလုပ်ပေ။...ဒါကြောင့် စိန်ကတုံးကို မီဝေါ့ချင်သည်။..

'Oppa ..concert ပြီးရင် လျှောက်လည်အုန်းမယ်မလား?'


'အင်း...လဲလာတဲ့ ယန်းတွေကျန်သေးရင်တော့ လည်ဖြစ်မှာပေါ့'

'အိုခေ...ဂျင်မီတို့လည်း တူတူပဲ...လည်ဖြစ်ရင် ဂျင်မီတို့ကို ဖုန်းဆက်လိုက်နော်..ခုတော့ သွားတော့မယ်'

အထုပ်ကြီးငယ် ကိုယ်စီနဲ့ ထွက်သွားကြသော ဂျုနီယာမလေး ၂ယောက်ကို Baekhyun ကြည့်ပြီး..ခေါင်းခါမိသည်။
တကယ်ကို ရှပ်ပြာစိန်တွေ.။ သူတို့နဲ့သာ ထပ်ပြီး လျှောက်လည်ဖြစ်ရင်...Baekhyun ဒီနေ့လိုပဲ အပယ်ခံထားရလောက်မယ်..။

'Baekhyun သွားမယ်လေ..သူတို့က ဂျပန်က ကလေးမလေးတစ်ယောက် အိမ်မှာ နေမှာ..ငါတို့ကတော့ ပွဲနဲ့နီးတဲ့ နေရာမှာ ငှားရမှာ'

'အွန်း သွားကြတာပေါ့!'

သူတို့ တက္ကဆီငှားပြီးတော့..ဘွန်ကရို မှာရှိတဲ့...Tokyo Dome နဲ့အနီးဆုံးနေရာက ဟိုတယ်တစ်ခုမှာ နေဖို့စီစဉ်ကြသည်..။
ဟိုတယ်ဆိုပင်မယ့်လဲ အရမ်းခမ်းနားတာမျိုးမဟုတ်ပဲ သာမန်လူတန်းစားတွေပါ နေနိုင်သော အခြေအနေဖြစ်သည်။

Still I RememberWhere stories live. Discover now