Still I Remember

481 38 19
                                    

Part_9

ငါ့ရဲ့ နေ့သစ်တွေမှာ
မင်းအကြောင်း....မတွေးပဲရှင်သန်ကြည့်ချင်တယ် Chan..

*Still I Remember*


ဒီနေ့ အရင်လိုပဲ ပုံမှန်ကျောင်းသွားရမယ်...
Byun Baekhyun ရဲ့ ဘဝက အမြဲတမ်း ပုံသေပဲ..
ကျောင်းသွားမယ်...ပြန်လာရင် အခန်းထဲအောင်းပြီး...စာလုပ်ချင်လုပ်မယ်..ဂိမ်းဆော့ချင်ဆော့နေမယ်..
ဒါဟာ သူ့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝ အစထဲက လုပ်ရိုးလုပ်စဉ် တစ်ခုပဲ
လူထူထပ်မယ့် နေရာမျိုးကို သူသဘောမကျတော့ဘူး..
ဘယ်သူနဲ့မှလည်း...စကားကောင်းကောင်းမွန်မွန်ပြောချင်စိတ်မရှိတော့ဘူး...တစ်ယောက်ထဲ နေတတ်လာခဲ့တယ်..
စကား အများဆုံးပြောဖြစ်တာက...အိမ်က မိသားစုရယ်..Kyungsoo ရယ်ပဲ ရှိလောက်မယ်..
သူရဲ့ ရိုးရှင်းတဲ့ နေ့စဉ်ဘဝဟာ...ဒီလိုပဲ တစ်နှစ်ပြီး တစ်နှစ်လည်ပတ်ခဲ့တာ ဘယ်လောက်တောင် ကြာပြီးလည်း.။

တီ... တီ...တီ...တီ!!!!!

ကုတင်ဘေး စားပွဲခုံအပုလေးပေါ်က  နှိုးစက်နာရီက အချိန်ကိုမှန်စေသည်။
လက်တံအတိုက ၆ ကိုညွှန်ပြနေပြီ... ဒါပေမယ့်လည်း သူ မထချင်သေးပါ..... ညကလည်း စာတမ်းအတွက် ပြင်ဆင်ရတာ ညနက်ခဲ့တယ်မလား....

'အား!!!!!!'

သွားပြီ...နာရီကို ပြန်ပိတ်ပြီး အိပ်နေမိတာ...၇နာရီထိုးခဲ့နီးထိပင်...
ဒီတခါ တကယ်သွားပြီ...ကျောင်းနောက်ကျရင် အရင်ဆော်မယ့်သူက Kyungsoo..
ပါမောက္ခတွေဆီကလည်း..အမှတ်လျော့ခံရလောက်တယ်..
သေချင်လောက်အောင်ပဲ...

အိပ်ယာထဲက မြန်မြန်ထ သွားတိုက် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးတာ နဲ့ တွေ့ရာ အဝတ်ကောက်ဆွဲပြီး ထွက်ရတော့တာပဲ..
တော်သေးတယ် ညက Laptop ရယ် စာရွက်စာတမ်းတွေရယ် အိတ်ထဲကြိုထည့်ထားမိလို့....

'ဒုန်း ဒုန်း ဒုန်း!!!!! '

အိမ်ကလှေကားတွေတောင် သူဆင်းလို့ အသံမြည်ကုန်ပြီ..

'ဟဲ့ ဟဲ့ အပေါ်က ဘာဖြစ်တာလည်း'

ယောက်ချိုဇွန်းကြီးကိုင်ပြီး မီးဖိုချောင်ထဲက ထွက်လာတယ့် Ma

'သား ဆင်းလာတာ Ma..သားနောက်ကျနေပြီ..Kyungsooနဲ့လည်း ချိန်းထားတယ်'

Still I RememberWhere stories live. Discover now