Still I Remember

420 45 12
                                    

Part_8 (The Last of  the Past)

###

ငါတို့ ၂ယောက် တကယ် ဝေးရမယ်ဆို
သေချာပေါက် မင်းလွမ်းနေမှာလား....

  
                  *Still I Remember*

မနက်ဖြန်ဆို သူနဲ့ ကျွန်တော်တို့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်ပြီ..
၂ယောက်သား အတူတူရှိရတဲ့ အချိန်က နည်းလွန်းပင်မယ့်
ခက်ခဲတဲ့ Relationship တစ်ခုကို တည်ဆောက်ထားတာ...၁နှစ်ဆိုတဲ့ အချိန်ကာလတောင် ရောက်ပြီမဟုတ်လား..
ကိုယ်ဟာ Suprise ဆိုတဲ့ အရာမျိုး...Anniversary အရာမျိုးကို ရင်ခုန်စွာစောင့်ရမဲ့ မိန်းကလေးလည်းမဟုတ်...
ဒါမဲ့ ဒီလို နေ့မျိုးကိုတော့ အရင်ထက်တမူ ထူးခြားချင်တာ အပြစ်တော့မဟုတ်ဘူးထင်ပါတယ်..

>Baekhyun ကိုယ်တို့ မနက်ဖြန်တွေ့ကြမလား<

ဟော်ကြည့်....သူ့အကြောင်းတွေးနေကာမှ စာရောက်လာပြီ...တစ်ပတ်ကျော်ကျော်လောက် အဆက်အသွယ်ပြတ်ခဲ့ကြတာ..သူ့ဘက်က ဆက်သွယ်တာကို စောင့်နေရင်း...လူက အရပ်တောင်ရှည်လာလောက်တယ်.
ဘာပဲဖြစ်ဖြစ်..သူ ကျွန်တော်တို့ရဲ့ နေ့ရက်လေးကို မမေ့တာပဲ ပျော်ရွှင်မိပါတယ်...

'ည်ီငယ်...ဘာတွေ ဒီလောက်ပျော်နေတာလည်း?'

အခန်းဝမှာ ကိုကို ရပ်ကြည့်နေတာ မသိလောက်အောင် ပြုံးပျော်နေခဲ့မိတာလား...

'အာ ဘာရယ်မဟုတ်ပါဘူး ကိုကိုရယ်....ဒါနဲ့ ကိုကို ဒီနေ့ကျောင်းမသွားဘူးလား?'

ကိုကိုရိပ်စားမိမှာ ဆိုးလို့် အမြန်စကား လမ်းကြောင်း လွှဲဖြစ်တယ်..

'အင်း နေ့လည်မှ အတန်းချိန်ရှိတာ ဘာလည်း ညီငယ်က ကျောင်းကို လိုက်ချင်လို့လား'

'လိုက်ပါဘူး...ကိုကိုတို့ကျောင်းကို လိုက်ရင် ဆေးကျောင်းသား စာဂျပိုးတွေပဲ ကြည့်နေရမှာပေါ့'

'ဒီကလေးတော့....ကိုကိုတို့ကျောင်းမှာ အချောလေးတွေလည်းရှိပါတယ်ကွာ..ဥပမာ. .မင်းရဲ့ ကိုကိုပေါ့'

'အောင်မယ်လေး...ကိုယ့်ငါးချဉ် ကိုယ်ချဉ်မနေနဲ့ ကိုကို'

'ဟားဟား...တော်ပြီ ကိုကို မနက်စာ သွားစားတော့မယ်'

Still I RememberWhere stories live. Discover now