Still I Remember

426 38 14
                                    

Part_12

အစားထိုးချစ်ရအောင် ငါ့နှလုံးသားက တစ်ခုပဲ ပါလာတာ Chan...

*Still I Remember*

'ခရီးလမ်း ချော့မွေ့ပါစေ Baekhyun San နဲ့ Kyungsoo San '

အန္တရာယ်တစ်ချို့ကို ကျော်လွှားပြီးနောက်..ကိုယ့်အိမ် ကိုယ့်မြေကို ပြန်ဖို့ နာရီတာ လေဆိပ်သို့ တစ်ဖန်ရောက်ရှိလာခဲ့ပြီ။

' အရာအားလုံးအတွက် ကျွန်တော်က Yuki San ကို ကျေးဇူးအများကြီးတင်ပါတယ်..
နောင် ကိုရီးယားကို လာလည်ဖြစ်ရင် ကျွန်တော့ဘက်က အိမ်ရှင် တာဝန်ကျေပါရစေ '

'တကယ်လား Baekhyun San , ဒါဆို Yuki လာလည်ရင် ဆက်သွယ်လိုက်မယ်နော် '

'သေချာပေါက် လာခဲ့ပါ.Yuki San .Baekhyun ရော ကျွန်တော်ရော Yuki San ကို ကျိန်းသေပေါက် ဧည့်ဝတ်ကျေစေရပါမယ် !'

တိုကျိုကို ရောက်တဲ့အချိန်ကစလို့ ခုပြန်တဲ့အချိန်ထိ သူမဆီက အကူအညီတွေ ယူခဲ့တာ သိပ်များနေခဲ့သည်။
ဒါ့ကြောင့်လည်း...Kyungsoo ရော Baekhyun ရော အသေအချာကို ကျေးဇူးတင်နေရတာပေါ့ ။

'Oppa..Yuki က ရှီအင်တို့ရဲ့ သူငယ်ချင်းပါ..ဘာလို့ ဒီလောက်တောင် ဧည့်ဝတ်ကျေချင်နေရတာလဲ..သူလာလည်း..ရှီအင်တို့ရှိတာပဲ ရှီအင်တို့နဲ့ တူတူသွားမှာပေါ့'

ဘယ်လိုတောင် မသိတတ်လိုက်တဲ့ အူကြောင်ကြောင်မလေးတွေလဲ?

'အဟင်း.~~ ရှီအင်ရှီ.. ငါတို့က Yuki ကိုကျေးဇူးတင်တဲ့ အနေနဲ့ လာလည်ဖို့ ဖိတ်နေတာ....ဘာကိစ္စ မနာလိုအူတို နေရတာလဲ? '

Kyungsoo က ခပ်မာမာအသံနဲ့ပြောလိုက်တော့ လီရှီအင်တို့ ဇာတ်ကလေးပုသွားတော့သည်။
စီနီယာ Kyungsoo ကိုတော့ သူရော ဂျီမင်ရော ကြောက်ကြတယ်လေ။

'ကဲ.~~ လေယာဉ်ချိန်နီးပြီဆိုတော့ ကျွန်တော်တို့ ဝင်တော့မယ်နော် Yuki san '

'ဟုတ်.... '

**Still I Remember**

ဂျပန်ခရီးစဉ်က ပြန်ရောက်ပြီး သိပ်မကြာခင်မှာ.....
Baekhyun ရဲ့ အကိုဖြစ်သူ.. Woohyun
ဘွဲ့ယူတဲ့ အခမ်းအနားတစ်ခုရှိလေသည်။
ဘာလိုလိုနဲ့..အကိုတောင်.. ဆရာဝန်တစ်ယောက်ဖြစ်သွားခဲ့ပြီ။

Still I RememberWhere stories live. Discover now