Part.1

9.3K 293 3
                                    

You Have The Key To My Heart
                          
  Part.1
        
  မ​တော်​တဆတိုက်​မိခြင်းတစ်​ခုက​နေအစပြုပီး သူတို့၂​ယောက်​ ပထမဆုံးဆုံခဲ့ကြတယ်​..အဲ့အချိန်​ဟာ Beamရဲ တက္ကသိုလ်​ ​ကျောင်းသားဘဝ ​တွေ့ဖူးသမျှလူ​တွေထဲမှာ ​ယောကျာ်းအပီသဆုံးလူကိုပထမဆုံး​တွေ့ဖူးခဲ့တဲ့အချိန်​ဆိုလဲမမှားဘူး...အဲ့​နေ့ပီးလို့ တပတ်​​လောက်​သာကြာသွားတယ်​...Beam အဲ့လူနဲ့ထပ်​မ​တွေ့​တော့ဘူး...အဲ့တာ​ကြောင့်​ ဘယ်​​တော့မှထပ်​မဆုံ​လောက်​​တော့ဘူးလို့ ထင်​ခဲ့မိတာ​ပေါ့...ဒါ​ပေမဲ့ Beamထင်​​နေတာမှားသွားမှန်း အဲ့​နေ့မှာသိလိုက်​ရတယ်​...ထပ်​ဖစ်​ပြန်​ပီ...ရုပ်​​ချော​ချောခပ်​​ဖြောင့်​​ဖြောင့်​လူနဲ့ Beam​နောက်​တခါမ​တော်​တဆတိုက်​မိပြန်​ပီ​လေ...
#Forth : "မင်းပဲဖစ်​ပြန်​ပီလား..."
ရုပ်​​ချော​ချောလူက သူ့ရဲ့စိုပီး​ပေ​နေတဲ့အကျီင်္ကိုငုံ့ကျိပီး လှမ်း​ပြောလိုက်​တယ်​...Beam လည်းအံသြသွားတယ်​...တပတ်​​လောက်​ကြာ​နေပီကို ဒီလူကျွန်​​တော့်​ကိုမှတ်​မိ​နေပါလားလို့လဲ​တွေးလိုက်​မိတယ်...
#Forth : "ငါ့အကျီင်္ကိုလည်းကြည့်​ဦး ပန်း​ရောင်​​တွေအကုန်​စွန်းကုန်​ပီ.."
Forth သူ့ကိုဝင်​တိုက်​မိတဲ့​ကောင်​​လေးကိုကြည့်​ပီး​ပြောလိုက်​တယ်​...
#Beam : "ကျွန်​​တော်​​တောင်းပန်​ပါတယ်​ ကျွန်​​တော်​မမြင်​လိုက်​လို့ပါ..."
Beam​တောင်းပန်​လိုက်​မိတယ်​...ဘာလို့လဲဆို​တော့ စ​တော်​ဘယ်​ရီမစ်​ရှိတ်​ကြီးကိုင်​ပီး ​ဘေးဘီဝဲယာကိုလည်းမကြည့်​ပဲ ​ပြေးလာမိတာက ကိုယ့်​အမှားဖစ်​​နေတာကိုး...ဝင်​တိုက်​မိတဲ့အပြင်​ ကိုယ့်​​ကြောင့်​ သူ့အကျီင်္​တွေပါ စွန်းကုန်​ရတာ​လေ...
#Forth : "ဘာလို့အဲ့​လောက်​ အလျင်​လို​နေရတာလဲ...လမ်းသွားရင်​ ပတ်​ဝန်းကျင်​ကိုဘာလို့ကြည့်​မသွားတာလဲ..."
ထိုလူအကျီင်္ကိုငုံ့ကြည့်​ရင်း မျက်​နှာမဲ့ပီး ပွစိပွစိ​ပြောလိုက်​တယ်​...
#Beam : ​​"တောင်းပန်​ပါတယ်​...ကျွန်​​တော်​ Lecture ချိန်​ရှိတာ ၁၀မိနစ်​​လောက်​ပဲလို​တော့တာမို့လို့ အလျင်လို​နေတာပါ..."
Beam​ပြန်​​ဖြေပီး စိုးရိမ်​စိတ်​နဲ့ နှုတ်​ခမ်းကိုကိုက်​ထားမိတယ်​...ဒီလူ့အကျီင်္ ​ပေသွားတဲ့အတွက်​ အပြစ်ရှိသလိုခံစား​နေရတာ​တော့ အမှန်​ပဲ...
#Forth : "မင်းကိုယ့်​ကို လွန်​ခဲ့တဲ့တပတ်​​လောက်​ကလဲ ဝင်​တိုက်​တယ်​​နော်​...ဒီ​နေ့လဲထပ်​ပီးဝင်​တိုက်​ပြန်​ပြီ...မင်းကိုယ်​သတိထားမိ​အောင်​များ အစီစဉ်​ဆွဲပီး ရည်​ရွယ်​ချက်​ရှိရှိနဲ့ တမင်​လုပ်​​နေတာလား..."(ကိုယ့်​ကိုအထင်​​တွေကြီးနာ😝)
ဒီလူသူ့ကိုကျွန်​​တော်​ အီစီကလီလုပ်​​နေတယ်​လို့ အတင်း​တွေယူဆပီး စစ်​​ဆေး​မေးမြန်း​နေပြန်​ပီလို့ Beam​တွေးလိုက်​မိတယ်​...
#Beam : "Excuse me! ခုဘာ​ပြောလိုက်​တာလဲ??ခင်​ဗျားသတိထားမိ​အောင်​လုပ်​တယ်​ ဟုတ်​လား...ကျွန်​​တော်​က ဘာကိစ္စအာ့လိုလုပ်​ရမှာလဲ???"
Beamစိတ်​ကတို ​ဒေါသကထွက်​နဲ့ ခပ်​ပြတ်​ပြတ်​ပဲပြန်​​ပြောလိုက်​တယ်​...ဘယ်​နဲ့ ကျွန်​​တော်​ကပဲသူ့ကို စိတ်​ဝင်​စားတယ်​ဖစ်​ရဦးမယ်​...ဒီလူ က​ယောင်​ကတမ်းနဲ့ထင်​​ယောင်​ထင်​မှား​တွေဖစ်​​နေပီထင်​တယ်​...
#Forth : "မင်းကကိုယ့်​ကိုဘာလို့လဲလို့ပြန်​​မေး​နေတာလား...ဒီလို ​ယောကျာ်းပီသတဲ့ ခပ်​​ချော​ချော​ကောင်​​လေးနဲ့ခင်ချင်​လို့ဆိုတာ သိသာ​နေတာပဲကို"
ထိုလူက သူ့ကိုယ်​သူလက်​ညှိုးထိုးပီး  ​ပြောလိုက်​တယ်​...(အယ်​ကိုရယ်​😂😂)
#Beam : "ခုနတိုက်​မိတုန်းက ခင်​ဗျား​ခေါင်းကိုထိခိုက်​မိသွားတယ်​ထင်​တယ်​...ခင်​ဗျားဦး​နှောက်​​ကောင်း​သေးရဲ့လားဆိုတာ ​သေချာသိရ​အောင်​ သွားစစ်​​ဆေးကြည့်​လိုက်​ရင်​​ကောင်းမယ်​ထင်​တယ်​..."
Beam ထိုလူကိုရွဲ့​ပြောပီး စိုက်​ကြည့်​လို​က်​တယ်​...
#Forth : "Come on!မင်းတမင်​လုပ်​တာ ကိုယ်​သိပါတယ်​..."(အယ်​ကိုကလဲဇွတ်​😝😝)
#Beam : "Gosh! ခင်​ဗျား ဘယ်​သူလဲဆိုတာ​တောင်​ကျွန်​​တော်​မသိတာကို ကျွန်​​တော်​ကဘာလို့အဲ့လိုလုပ်​ရမှာလဲ...ကျွန်​​တော်​အမြန်​သွားမှရ​တော့မယ်​...ဒီကိစ္စကိုဒီမှာပဲ​ကျေ​အေးလိုက်​ကြရ​အောင်​...ကျွန်​​တော်​ဘယ်​လိုအ​လျော်​​ပေးရမလဲ​..."
ကျွန်​​တော်​စကားလည်းမများနိုင်​သလို ငြင်းလည်းမငြင်းခုံနိုင်​​တော့ဘူး...ကျွန်​​တော့်​Lecture ချိန်​ကအရမ်းနီး​နေပီ​လေ...ကျွန်​​တော်​တကယ်​​နောက်​ကျ​နေပီ....
#Forth : "Okay...အဲ့တာဆိုမင်းဖုန်းကိုယ့်​ကို​ပေး..."
#Beam : "ဘာလုပ်​မလို့လဲ..."
#Forth : "​ပေးမှာသာ​ပေးပါ..."
ကျွန်​​တော့်​ဖုန်းကို​ပေးဖို့တွန့်​ဆုတ်​​နေ​ပေမဲ့ ထိုလူကမျက်​နှာထားတင်းတင်းနဲ့ကျွန်​​တော့်​ကိုလှမ်းကြည့်​​တော့ ကျွန်​​တော်​ချက်​ချင်းဖုန်းကို​ပေးလိုက်​မိတယ်​...(ခ​လေးလန့်​သွားတာ😝😝)
#Forth : "အ​လျော်​​ပေးတဲ့အ​နေနဲ့ မင်းကိုယ့်​ကိုဒီည ညစာလိုက်​​ကျွေး​စေချင်​တယ်​..."
ပြောပီးတာနဲ့ ကျွန်​​တော့ရဲ့ဖုန်းနဲ့ သူ့ဖုန်းကို​ခေါ်လိုက်​တယ်​...
#Beam : "ဘာကြီး"
#Forth : "​ရော့...မင်းဖုန်းကိုပြန်​ယူလို့ရပီ...စကားမစပ်​ ကိုယ့်​နာမည်​က Forth...မင်းနာမည်​က​ရော??"
#Beam : "Beam"
ကျွန်​​တော်​ခပ်​တိုတိုပဲပြန်​​ဖြေလိုက်​တယ်​...
#Forth : "ဒီညမင်းရဲ့အချိန်​ဇယားကိုအား​အောင်လုပ်​ပီး ကိုယ့်​ဖုန်းကို​စောင့်​​နေ​နော်​..."
Forth ဆိုတဲ့လူ​ပြောချင်​တာ​ပြောပီးထွက်​သွား​ပေမဲ့ ကျွန်​​တော်​က​တော့အ​ခြေ​နေတစ်​ခုလုံးကို ​သေချာနားမလည်​ပဲအံ့အားသင့်​ပီး ကျန်​ခဲ့မိတယ်​...

Crd deebamanja
Trans by Me(#MCopter)

You Have The Key To My HeartOù les histoires vivent. Découvrez maintenant