Part.11

2.8K 158 6
                                    

You Have The Key To My Heart

         Part.11

တဖြည်းဖြည်းနဲ့ ​နေဝင်​ချိန်​​ရောက်​ခါနီးလာ​တော့ Beam နဲ့ Forthထက်​ အရင်​​ရောက်​​နေကြတဲ့ လူ​တွေဟာ ကွင်းပြင်​ကြီးက​နေ ထွက်​ခွာစပြုလာကြတယ်​..
Beam နဲ့ Forth လည်းစွန်​လွှတ်​တာကို ရပ်​လိုက်​ပီး ​မြေကြီး​ပေါ်မှာ တိတ်​တိတ်​ဆိတ်​ဆိတ်​​လေးထိုင်​ရင်း ​နေဝင်​ဆည်းဆာကို ​​စောင့်​ကြည့်​​နေကြတယ်​...
Forthရဲ့ ​ခြေ​ထောက်​၂​ချောင်းကြားထဲမှာ Beamထိုင်​ပီး Forthရဲ့ ရင်​ခွင်​ကျယ်​ကြီးကို ​ကျော​ပေးရင်း သက်​​တောင့်​သက်​သာ ထိုင်​​နေခဲ့တယ်​...
နေဝင်​ချိန်​ကိုကြည့်​ရင်း Forth ရဲ့ငြိမ့်​​ညောင်းတဲ့ သီချင်းဆိုသံ​လေးနား​ထောင်​ရင်း Forthက​နောက်​က​နေလည်း ဖက်​ထားတာ​ကြောင့်​ Beam​ပြုံး​နေတာကို ရပ်​လို့မရခဲ့ဘူး... (ကိုယ်​​တောင်​စဉ်းစားရင်း အာ့လို​လေး ​နေချင်​လာပီ😁😁)
Forthရဲ့သီချင်းထဲမှာ စီး​မြောသွားတဲ့အတွက်​ Forthရဲ့ရင်​ခွင်​ထဲ​ရောက်​ပီး ​မေး​စေ့နဲ့မျက်​နှာကပ်​​နေတာကို​တောင်​ Beamသတိမထားခဲ့မိဘူး...
#Beam : "သီချင်း​လေးက အရမ်းနား​ထောင်​လို့​ကောင်းတာပဲ..."
Forthရဲ့သီချင်းဆုံးသွား​တော့ Beamတိုးတိုး​လေး​ပြောလိုက်​တယ်​...
#Forth : "ဒီသီချင်းက အထူးသဖြင့်​ မင်းကိုရည်​ရွယ်​တာပါ ကိုယ့်​ရဲ့Beam​လေး ... ကိုယ်​မင်းအ​ပေါ် ဘယ်​လိုခံစား​နေရတယ်​ဆိုတာကို ​အဲ့သီချင်းနဲ့ ​ပြောပြ​နေတာပါ..."
Forth သူ့ကို ညှို့နိုင်​လွန်းပီးချစ်​စရာ​ကောင်းတဲ့ Beamကိုငုံ့ကြည့်​ရင်း ​ပြောလိုက်​တယ်​...
နှစ်​​ယောက်​လုံးရဲ့ အကြည့်​​တွေစုံသွားတဲ့အချိန်​မှာပဲ Forth ​ခေါင်းကိုဖြည်းဖြည်းခြင်းငုံ့ပီး နှုတ်​ခမ်း၂ခုစုံ​အောင်​ ဖန်​တီးလိုက်​တယ်​...
နှုတ်​ခမ်း၂ခုထိ​တွေ့သွားတဲ့အချိန်​မှာ​တော့ အရာအားလုံး ပြီးပြည့်​စုံသွားသလို ခံစားလိုက်​ရတယ်​...
လိပ်​ပြာ​တွေ ပျံဝဲ​နေသလိုလို...မီးရှူးမီးပန်း​တွေ ​ဖောက်​​နေသလိုလို ​ဖော်​ပြလို့မရတဲ့ခံစားမှု​တွေက နှလုံးခုန်​သံ​တွေကို ပိုမြန်​လာ​စေတယ်​...
Forth Beamရဲ့ ပိုးသား​လေးလို နူးညံ့တဲ့နှုတ်​ခမ်း​လေး​ပေါ်က သူ့နှုတ်​ခမ်းကို ဖြည်းဖြည်းချင်း ​ရွှေ့လိုက်​တယ်​...အနမ်း​တွေက တဖြည်းဖြည်း နက်​ရှိုင်းလာခဲ့တယ်​...
Forth ရဲ့ဦး​ဆောင်​မှု​နောက်​က​နေ နှုတ်​ခမ်း​တွေကို ဟန်​ချက်​ညီညီထိန်းရင်း အနမ်း​တွေ​နောက်​​ ​မျောပါလာတဲ့Beam​ကြောင့်​ Forth​ကျေနပ်​ ​ပျော်​ရွှင်​​နေမိတယ်​...
Forth Beamနှုတ်​ခမ်း​တွေရဲ့ ချိုမြိန်​မှုကို အရသာခံရင်း အသက်​ရှူဖို့ နှုတ်​ခမ်း​တွေကို ဖြည်းဖြည်းချင်းခွာလိုက်​တယ်​....( ​ရေးရင်း ပွဆိတ်​တတ်​😂)
#Forth : "ပြည့်စုံလိုက်​တာ...ကိုယ်​အခု လ​ပေါ်ကိုလုံးဝ ​ရောက်​သွားပီ...ကိုယ်​ရင်​​တွေ အရမ်းခုန်​​နေတယ်​...ဘယ်​လိုမှ ရပ်​လို့ရ​တော့မယ်​​တောင်​ မထင်​ဘူး..."
Forth Beam နဖူး​လေးကို ဖြည်းဖြည်း​လေးနမ်းရင်​ ​ပြောလိုက်​တယ်​...
Beam အရမ်းရှက်​​နေမိတယ်​...ရှက်​လွန်းလို့ Forth ​မေး​စေ့​အောက်​မှာ သူ့​ခေါင်းကိုကပ်ငုံ့ပီး သူ့မျက်​နှာနီ​နေတာ Forthမမြင်​​အောင်​ ဖွက်​ထားမိတယ်​...
#Forth : "ကိုယ်​အရမ်း​ပျော်​တာပဲBeam..."
Forth Beamရဲ့ဆံပင်​​တွေကို လက်​​ချောင်း​တွေနဲ့သပ်​​ပေးရင်း ​ပြောလိုက်​တယ်​...
#Beam : "Me Too Forth...ကျွန်​​တော့်​ကို ဒီ​နေရာ​ကို ​ခေါ်လာ​ပေးလို့ အရမ်း​ကျေးဇူးတင်​ပါတယ်​...ကျွန်​​တော့်​ဘဝမှာ ဒီ​နေ့ကအ​ပျော်​ရွှင်​ရဆုံး​နေ့ပါပဲ..."
#Forth : "ကိုယ်​လည်း တူတူပါပဲ...ကိုယ်​ဒီ​နေ့ တစုံတ​ယောက်​ဆီက ကိုယ်​ကြားချင်​​နေတဲ့ စကား​လေးသုံးလုံး ကြားလိုက်​ရတယ်​​လေ..."
Beamပါးစပ်​ပိတ်​လိုက်​မိတယ်​...သူအဲ့ဒီတန်​ဖိုးရှိတဲ့ စကား၃လုံးကို အမှတ်​တမဲ့​ပြောထွက်​သွားတယ်​ဆိုတာ သတိရတဲ့အချိန်​မှာ မျက်​နှာတခုလုံး ပူ​နွေးလာသလို ခံစားလိုက်​ရတယ်​...
သူအဲ့လိုအကျယ်​ကြီး​အော်​​ပြောလိုက်​ဖို့ မရည်​ရွယ်​ခဲ့မိ​ပေမဲ့ ခု​တော့ Beamသူ့အ​ပေါ်ဘယ်​လိုခံစားရတယ်​ဆိုတာ Forthသိသွားခဲ့ပီ...
အရာအားလုံး ပွင့်​ပွင့်​လင်းလင်းဖစ်​သွားပီဆို​တော့ ​နောက်​ထပ်​ ဖုံးကွယ်​​နေစရာမလိုပဲ Forthကိုသူ့နှလုံးသားထဲ ဝင်​ခွင့်​ပြုလိုက်​သင့်​ပီ ဆိုတာ Beam နားလည်​လိုက်​တယ်​...
#Forth : "တဖြည်းဖြည်းနဲ့ ​မှောင်​လာပီပဲ...ကိုယ်​တို့ရဲ့ ဒုတိယ​နေရာကိုသွားဖို့ အချိန်​​ရောက်​လာပီ..."
#Beam : "ကျွန်​​တော့်​ကို ဘယ်​​ခေါ်သွားမလို့လဲ..."
Beamသိချင်​​နေမိတယ်​...surpriseဖစ်​စရာ​ထပ်​ သိချင်​စိတ်​က ပိုများ​နေမိတယ်​...ဘယ်​လို Surpriseဖစ်​စရာမျိုးကိုမှ Beamသိပ်​သ​ဘောမကျတတ်​ဘူး​လေ...
#Forth : "ကိုယ့်​​နောက်​သာလိုက်​ခဲ့ပါ ဟုတ်​ပီလား...အများကြီး​ ​လျှောက်​​တွေးမ​နေနဲ့..."
Forth ​ပြောရင်း Beamလက်​ကိုကိုင်​ပီး ဆွဲထူလိုက်​တယ်​...
Forth လက်​တဖက်​က စွန်​ကိုကိုင်​ရင်း ​နောက်​လက်​တဖက်​က Beamရဲ့လက်​ကိုကိုင်​ပီး ဆိုင်​ကယ်​ရှိတဲ့​နေရာကို ဖြည်းဖြည်းချင်း လမ်း​လျှောက်​လာခဲ့ကြတယ်​...

Crd.deebamanja
Trans by Me(#MCopter)

You Have The Key To My HeartWhere stories live. Discover now