Part.5

3.6K 187 4
                                    

You Have The Key To My Heart

        Part.5

Beamသူ့အ​ဆောင်​ပြန်​တဲ့လမ်းမှာစကားများများမ​ပြောဖစ်​ခဲ့ဘူး...သူရှက်​တာ​ကြောင့်​ဘာ​ကြောင့်​မဟုတ်​​ပေမဲ့ Forth ကသူ့ကိုအရမ်းရဲရဲတင်းတင်း စသလိုလို ကျီစယ်​သလိုလို လုပ်​​နေတာ​ကြောင့်​သူ​နေရခက်​တာ​တော့အမှန်​ပဲ...ဒါကိုစတယ်​လို့​ပြောဖို့​တောင်​မှန်​ရဲ့လားမသိပု...Forthကစတယ်​ဆိုတာထက်​ အီစီကလီလုပ်​​နေတာနဲ့ ပိုတူ​နေလို့ Beamစိတ်​​တွေရှုပ်​​ထွေး​နေရတယ်​...ပီး​တော့သူခုန ရုတ်တရက်​ကြီးဝင်​ခံခဲ့တဲ့ Beamကိုသ​ဘောကျ​နေတယ် ဆိုတာက​ရော သူတကယ်​​ပြော​နေတာလား...သူ့အဲ့လို​ပြော​နေတဲ့အချိန်​ သူ့မျက်​နှာမှာ သူတကယ့်​စိတ်ရင်းနဲ့​ပြော​နေတယ်​ဆိုတာ ​ပေါ်​နေတယ်​ဆိုတာလဲ Beamသတိထားမိ​တယ်​...ခုချိန်​မှာ Beamအတွက်​ တကယ်​အကြပ်​ရိုက်​​နေတာက သူ့ရဲ့ Forthအ​ပေါ်တုံ့ပြန်​မိတဲ့ အပြုအမူ​တွေပဲ...Forth ရဲ့အပြုံး​တွေ...ရီ​နေတဲ့ပုံ​လေး​တွေ...သူ့ကိုအီစီကလီလုပ်​တာ​လေး​တွေ.. ပီး​တော့သူ့ရဲ့အထိအ​တွေ့​တွေက သူ့​ရှေ့မှာBeamကို မိန်းခ​လေးတ​ယောက်​လို ရှက်​​သွေးဖြာ​စေတယ်​...
#Forth : "Beam..."
#Beam : "ဟမ်​...အင်း....ခင်​ဗျားကျွန်​​တော့်​ကို တခုခု​ပြောလိုက်​တာလား..."
Beamလှည့်​ကြည့်​ရင်း မျက်​ခုံးပင့်​ပြပီး​မေးလိုက်​​တော့ Forthက သူ့နှုတ်​ခမ်း​တွေကို​ကွေး​နေ​အောင်​ ပြုံးစိစိလုပ်ပြ​​နေပြန်​တယ်​...
#Forth : "မင်းဘာ​တွေစိတ်​ကူးယဉ်​​နေတာလဲ... ကိုယ်​​လောင်းရဲတယ်​...မင်းကိုယ့်အ​ကြောင်းစဉ်းစား​နေတာမှတ်​လား..."
Beamသူ့ကိုစိုက်​ကြည့်​​နေတာကို Forth မြင်​သွားပီး Beamကိုမျက်​စိမှိတ်​ပြလိုက်​​တော့ Beamကပျာကယာနဲ့ အကြည့်​လွှဲလိုက်​ပီး
#Beam : "မဟုတ်​ပါဘူး...ခင်​ဗျားအ​ကြောင်း ​တွေး​နေတာမဟုတ်​ဘူး..."
Beam​ဗြောင်​လိမ်​လိုက်​မိတယ်​...
#Forth : "​အော်​...စိတ်​မ​ကောင်းလိုက်​တာ...ကိုယ်​က ကိုယ်​ဖစ်​ပါ​စေ ဆိုပီး​ တကယ့်​ကို ​မျှော်​လင့်​​နေမိတာ..."
Forth စိတ်​ပျက်​ချင်​​ယောင်​​ဆောင်​ပီး ​ပြောလိုက်​တယ်​...
#Beam : "Forth!ခင်​ဗျားဘာဖစ်​​နေတာလဲ...ကျွန်​​တော်​ တခုခုများ​ ​ပျောက်​သွားတာရှိလို့လား..."
#Forth : "မင်းမဟုတ်​ပါဘူး...ဒါ​ပေမဲ့ ကိုယ့်​ရဲ့တစ်​စုံတစ်​ခု​တော့ ​ပျောက်​သွားတယ်​..."
#Beam : "ခင်​ဗျားရဲ့ နှလုံးသား​ပျောက်​သွားတယ်​ လို့​တော့မ​ပြောနဲ့​နော်​..."
Beam​ပြောရင်း မဖစ်​နိုင်​တာ​တွေဆိုတဲ့ပုံစံနဲ့ မျက်​လုံးကိုလှည့်​လိုက်​တယ်​...လက်​ခံနိုင်​စရာမှမရှိတာလို့လဲ ​တွေးလိုက်​မိတယ်​...
#Forth : "အဲ့တာက မင်းဆီမှာရှိ​နေတာလား...​ကောင်းပီ​လေ မင်းက ကိုယ့်​နှလုံးသားကို ရှာ​တွေ့ထားတာဆို​တော့ မင်းသိမ်းထားလိုက်​လို့ရတယ်​...အဲ့တာက မင်းအပိုင်​ပဲ..."
Forth ​​တည်​ကြည်​​လေးနက်​တဲ့ မျက်​နှာအမူအရာနဲ့ ​ပြောလိုက်​တယ်​...
#Beam : "Forth...ကျွန်​​တော်​ခင်​ဗျားကို တကယ်​စိုးရိမ်​လာပီ...ကျွန်​​တော်​တို့တိုက်​မိတုန်းက ခင်​ဗျားပြင်းပြင်းထန်​ထန်​ ထိခိုက်​မိသွားတယ်​ထင်​တယ်​...ခင်​ဗျား​ဆေးရုံ သွားပီး ခင်​ဗျားရဲ့​ခေါင်းကိုစစ်​​ဆေးသင့်​တယ်​..."
Beam ရွဲ့​ပြောလိုက်​​တော့...
#Forth : "ကိုယ်​ကဘာလို့အာ့​လောက်​ထိသွားစရာလိုမလဲ... အနာဂတ်​ရဲ့ ဆရာဝန်​​လောင်းတ​ယောက်​လုံး ကိုယ့်​​ဘေးမှာထိုင်​​နေတာကို...မင်းကိုယ့်​ကိုစစ်​​ဆေး​ပေးလို့ ရ​နေတာပဲကို...ဟုတ်​တယ်​မှလား.??မင်းလိုလက်​နုနု​လေး​တွေရှိတဲ့သူရဲ့
အကိုင်​တွယ်​ခံရတာ ပို​ကောင်းတာ​ပေါ့..."
Forth ပြုံးဖြဲဖြဲလုပ်​ပီး ​ပြောလိုက်​တယ်​...
#Beam : "ကျွန်​​တော်​ကဆရာဝန်​​လောင်းဆိုတာ ခင်​ဗျားဘယ်​လိုသိတာလဲ...ကျွန်​​တော့်​ကို​နောက်​​ယောင်​ခံ လိုက်​​နေတာလား..."
Beamမှတ်​မိသ​လောက်​​တော့ Beamကဆရာဝန်​​လောင်းဆိုတာ သူ့ကိုတခါမှမ​ပြောပြခဲ့မိဘူး...Forthဘယ်​လိုသိတာပါလိမ့်​...
#Forth : "​နောက်​​ယောင်​ခံလိုက်​တာက ကိုယ်​ကျွမ်းကျင်​တဲ့အရာ မဟုတ်​ဘူး...အဲ့တာထပ်​စာရင်​ စုံစမ်းတာကမှ ပို​ကောင်း​သေး​တယ်​..."
Forth သူ့ထင်​မြင်​ချက်​သူ​ပြောလိုက်​တယ်​...
#Beam : "အဲ့တာဆို ခင်​ဗျားကျွန်​​တော့်​ပတ်​ဝန်းကျင်​က​နေ ကျွန်​​တော့်​အ​ကြောင်း စုံစမ်းခဲ့တာ​ပေါ့..."
Beamအံ့သြလွန်းလို့ ဆွံ့အသွားမိတယ်​...
#Forth : "ဟုတ်​တယ်​...မင်းဘယ်​သူဆိုတာ ကိုယ်​သိချင်​လို့​လေ..."
#Beam : "ဘာအတွက်​လဲ...ကျွန်​​တော်​တို့က ထပ်​​တွေ့ဖစ်​ကြမှာလဲ မဟုတ်​ဘူး​လေ...ဒီည ညစာလိုက်​​ကျွေးတာကလည်း ခင်​ဗျားအကျီင်္ ကျွန်​​တော့်​​ကြောင့်​ပျက်​စီးသွားလို့ အ​လျှော်​​ပေးတဲ့အ​နေနဲ့ ​ကျွေးတာ​လေ...ဒါပီးရင်​ ခင်​ဗျားနဲ့ကျွန်​​တော်​နဲ့ ဘာမှမဆိုင်​​တော့ဘူး​လေ..."
#Forth : "ကိုယ်​သိပါတယ်​...ဒါ​ပေမဲ့ ဒါက ကိုယ်​မင်းအနား ချဉ်းကပ်​တာကို ရပ်​လိုက်​မယ်​လို့ ဆိုလိုတာမဟုတ်​ဘူး​လေ...မင်းကိုယ့်​ကို ယုံယုံမယုံယုံ မင်းကို ကိုယ့်​အပိုင်​ဖစ်​​အောင်​လုပ်​မယ်​လို့ ကိုယ်​ဆုံးဖြတ်​လိုက်​ပီ...ဘာလို့လဲဆို​တော့ ကိုယ်​မင်းကို နက်​နက်​ရှိုင်းရှိုင်းကို သ​ဘောကျမိသွားလို့..."
Forth ကားကိုBeamရဲ့အ​ဆာင်​​ရှေ့မှာ ပါကင်​ထိုးရင်း ​ပြောလိုက်​တယ်​...
#Beam : "ခင်​ဗျား ရူး​နေလား...ကျွန်​​တော်​က ​ယောကျာ်း​လေးဗျ... မိန်းခ​လေးမဟုတ်​ဘူး...ကျွန်​​တော်​ခင်​ဗျားကို သ​ဘောကျလိမ့်မယ်​လို့ ဘာလို့ထင်​ရတာလဲ...ခင်​ဗျား ကိုယ့်​ကိုယ်​ကို......"
Forth သူ့ကိုရန်​​တွေ​တွေ့​နေတဲ့ စွာ​တေးလန်​​လေးBeamရဲ့ နှုတ်​ခမ်း ​ရဲရဲ​လေးကို နမ်းလိုက်​မိတယ်​...Forth ရဲ့အနမ်း​ကြောင့်​ Beamရဲ့စကား​တွေလည်း တဝက်​တပျက်နဲ့ပဲ ရပ်​တန့်​သွားခဲ့တယ်​...
Beam မ​မျှော်​လင့်​ပဲ အနမ်းခံလိုက်​ရ​တော့Forthကို မြန်​မြန်​တွန်းဖယ်​ပီး ကားခါးပတ်​ကိုဖြုတ်​ ကား​ပေါ်ကဆင်း​ပြေးခဲ့တယ်​...
#Forth : "ကိုယ်​မင်းကို ကိုယ့်​အပိုင်​ဖစ်​​အောင်​လုပ်​ပြမယ်​..."
Beamအ​ဆောင်​ထဲကို ​ပြေးဝင်​ရင်း သူ့ကို ​နောက်​ကလှမ်း​အော်​​ပြောလိုက်​တဲ့ Forth အသံကိုကြားလိုက်​ရတယ်​...

Crd.deebamanja
Trans by Me(#MCopter)

You Have The Key To My HeartWhere stories live. Discover now