Part.3

3.9K 228 2
                                    

You Have The Key To My Heart

        Part.3

Beamမျက်​ခုံးပင့်​ပီး​တော့ သူ့ကိုပြုံးပီးကြည့်​​နေတဲ့ Forth ကိုလှမ်း​မေးလိုက်​မိတယ်​...
#Beam: "ညစာကိုဒီမှာစားမှာလား..."
သေချာ​အောင်​လို့်​Forth ကိုထပ်​​မေးလိုက်​တယ်​...
#Forth: "ဟုတ်​တယ်​​လေ...ကိုယ်​ဒီက steak နဲ့ cheese sandwich ကိုအရမ်းကြိုက်​တာ..."
Beamရီလို​က်​မိတယ်​...Forth ​ရွေးတဲ့ဆို်​င်​က Subway restaurant ​လေး​လေ...ဒီရက်​ထဲ budget ကျပ်​​နေတာနဲ့​တော်​​သေးတာ​ပေါ့လို့လဲ​တွေးလိုက်​မိ​သေးတယ်​...
#Forth: "မင်းအဆင်​​ပြေရဲ့လား..."
ForthကBeamသူ့ဘက်​လှည့်​ကြည့်​​အောင်​ပုခုံးကိုလှမ်းဖက်​ရင်း​မေးလိုက်​​​တော့...
#Beam: "ကျွန်​​တော်​အဆင်​​ပြေပါတယ်...
မေး​တဲ့အတွက်​လဲ​ကျေးဇူးတင်​ပါတယ်​​..ဒီ​လောက်​က​တော့ ကိစ္စမရှိပါဘူး..."
Beamပြန်​​ဖြေရင်း​တွေးလိုက်​မိတာက..ဒီလူဘာမှမ​ပြောပဲ​နေရင်​ပို​ကောင်းမယ်​..သူစကား​ပြောရင်း စိတ်​​ပြောင်းပီး တခြား​နေရာကို​ရွေးလိုက်​ရင်​ ဒုက္ခ...
#Beam: "ပီး​တော့...ကျွန်​​တော့်​ပုခုံး​ပေါ်က ခင်​ဗျားရဲ့လက်​ကို​ကျေးဇူးပြုပီးဖယ်​​ပေးပါ..."
Beam​ပြောရင်း ခြိမ်း​ခြောက်​သလိုစိုက်​ကြည့်​လိုက်​မိတယ်​...ဒါ​ပေမဲ့ အလုပ်​မဖစ်​ပါဘူး...Forth က ရီ​တောင်​ရီ​နေ​သေးတယ်​​လေ...
#Beam: "ရီ​နေတာကိုရပ်​လိုက်​​တော့..."
Beam Forthကို​အော်​လိုက်​တယ်​..ဒါ​ပေမဲ့ ရပ်​မသွားတဲ့အပြင်​ ရီသံကပိုပီး​တော့​တောင်​ကျယ်​လာ​သေးတယ်​...
#Beam: "ကဲဗျာ..."
Beam စိတ်​တိုပီး Forth ရဲ့ ညို့သကျဉ်းကိုပိတ်​ကန်​လိုက်​​တော့​ဒေ...(ခ​လေးကစိတ်​ကြီး​ဒေ😂)
#Forth: "အား..."
Forth ​အော်​ရင်း ပလက်​​ဖောင်း​ပေါ်ကိုဖင်​ထိုင်​လျက်​ပြုတ်​ကြသွား​ပီး သူ့​ညို့သကျဉ်းကို လက်​နဲ့ပွတ်​​နေ​တော့တယ်​...
#Forth: "မင်း ​မွေထိုင်းပညာများသင်​ထားတာလား...မင်းကန်​ချက်​က အရိုး​တောင်​ကျိုးသွားနိုင်​တယ်​..."
Beam အလျင်​စလို နဲ့ ပလက်​​ဖောင်း​ပေါ်ထိုင်​ချလိုက်​တယ်​...သူ့ရဲ့​ပေါင်​​ပေါ်Forthရဲ့နာ​နေတဲ့ ​ခြေ​ထောက်​ကိုတင်​ပီး အနာသက်​သာသွား​အောင်​ လက်​နဲ့ပွတ်​​ပေးလိုက်​ရင်း...
#Beam: "​တောင်းပန်​ပါတယ်​...ကျွန်​​တော်​ ခင်​ဗျားရဲ့​ခြေ​ထောက်​ကို အားပြင်းပြင်းနဲ့ကန်​ဖို့ မရည်​ရွယ်​ပါဘူး..."
Beam​တောင်းပန်​ရင်း ​ခြေ​ထောက်​ကိုဆက်​ပွတ်​​ပေး​နေမိတယ်​...
လူ​တွေက သူတို့နားကဖြတ်​သွားရင်း သူတို့၂​ယောက်​ကိုထူးဆန်းသလို ကြည့်​သွားကြ​ပေမဲ့...Forth နဲ့Beamက​တော့ အဲ့လိုလူ​တွေကြည့်​သွားကြတာကိုလည်း သတိမထားမိကြပါဘူး...
Forth လည်းသူ့ကိုအနာသက်​သာ​အောင်​ ဂရုတစိုက်​လုပ်​​ပေး​နေတဲ့ Beam ကိုပဲကြည့်​​နေမိတယ်​...Beamရဲ့နူးညံ့တဲ့အထိ​တွေ့ကို အာရုံစိုက်​​နေမိတာနဲ့ ​ခြေ​ထောက်​ကိုနာတယ်​လို့​တောင်​ မခံစားရ​တော့ဘူး...
#Beam: "ခင်​ဗျား​ခြေ​ထောက်​နာ​နေ​သေးလား..."
Beam ​ခြေ​ထောက်​ကိုနှိပ်​​ပေးရင်း ​​မေးလိုက်​​တော့...
#Forth: "ဟင့်​အင်း...နာ​နေတာလုံးဝ​ပျောက်​သွားပီ..." (speechless ပါဘဒို😏)
Forth အကြည့်​​တွေကို Beamဆီကမလွှဲပဲပြန်​​ဖြေလိုက်​တယ်​...
#Beam: "​တော်​​သေးတာ​ပေါ့...ခင်​ဗျားကို နာ​ကျင်​​အောင်​လုပ်​မိတဲ့အတွက်​ တကယ်​​တောင်းပန်​ပါတယ်​...ဒါ​ပေမဲ့ ခင်​ဗျားမနာ​တော့ဘူးဆိုတာ ​သေချာရဲ့လား...ကျွန်​​တော်​ခံစားမိတာ​တော့ ခင်​ဗျား​ခြေ​ထောက်​နဲနဲ​ယောင်​​နေသလိုပဲ..."
Beamစိုးရိမ်​ပီး ​ယောင်​​နေတဲ့​နေရာကိုကြည့်​ဖို့ ​ဘောင်းဘီကို​ခေါက်​တင်​ရင်း...
#Beam: "ဒီမှာခန​လေး​စောင့်​​နော်​..."
Forth ရဲ့​ခြေ​ထောက်​ကို​မြေကြီး​ပေါ်ချပီး Beam Subway restaurant ထဲကို​ပြေးဝင်​သွား​တယ်​...
ခနကြာ​တော့ ​ရေခဲတုံး​တွေကိုသူ့ရဲ့လက်​ကိုင်​ပုဝါနဲ့ထုပ်​ပီး Beamပြန်​ထွက်​လာ​တယ်​...Forth အနားမှာမြန်​မြန်​ပြန်​ထိုင်​ရင်း Forth​ခြေ​ထောက်​ကို​ပေါင်​​ပေါ်ပြန်​တင်​ပီး ​ယောင်​​နေတဲ့​နေရာကို ​ရေခဲနဲ့ကပ်​​ပေး​​နေလိုက်​တယ်​...
#Forth: "Beam..."
#Beam: "အင်း...​ပြော..."
#Forth: "ကိုယ်​မင်းကိုသ​ဘောကျ​နေမိပီထင်​တယ်​..."
Forthရဲ့ ရဲတင်းတဲ့အ​ပြော​ကြောင့်
Beam​အေးခဲသွားသလိုခံစားလိုက်​ရတယ်​...အဲ့ဒီအချိန်​​တို​လေးအတွင်းမှာ တ​ယောက်​ကိုတ​ယောက်​စိုက်​ကြည့်​ရင်း ​ပြောစရာစကား​တွေ​ပျောက်​ဆုံးသွားသလိုခံစားလိုက်​ကြရတယ်​...

Crd.deebamanja
Trans by Me(#MCopter)

You Have The Key To My HeartWhere stories live. Discover now