Part.2

4.8K 230 2
                                    

You Have The Key To My Heart

      Part.2

Beamနာရီကိုငုံ့ကြည့်​ရင်း​​တွေးလိုက်​မိသည်​..၈နာရီ​ထိုး​​တော့မှာပဲ..စိတ်​ထဲမှာလဲ လန့်​​နေသလိုပင်​..ခန​​နေရင်​လာ​​ခေါ်မယ်​ဆိုပီး Forthဖုန်း​ဆက်​ထားသည်​လေ..
#Beam: "အား...ညစာ​လေးသွားစားမှာပဲကို..ငါဘာလို့ဒီ​လောက်​စိတ်​လှုပ်​ရှား​နေရတာလဲ..."
Beamကိုယ့်​ကိုယ်​ကို​ပြောလိုက်​မိသည်​..ဘယ်​လိုပဲစိတ်​သက်​သာ​အောင်​​တွေး​တွေး..စိတ်​လှုပ်​ရှားလွန်း၍..​​ခေါက်​တုံ့​​ခေါက်​ပြန်​လမ်း​လျှောက်​​နေမိတဲ့​ခြေ​ထောက်​ကို​တော့ရပ်​လို့မရခဲ့သည်​မှာ....Forth အ​ဆောင်​ဝင်​​ပေါက်​နား​ရောက်​လာချိန်​အထိပင်​...
Beamအ​ဆောင်​ဝင်​​ပေါက်​နားတွင်ကားတစ်​စီး ရပ်​လိုက်​သည်​ထိလမ်း​လျှောက်​မိ​နေတုန်း...
#Beam: "Forth မဟုတ်​​လောက်​ဘူးထင်​ပါတယ်​..."
Beam​ရေရွတ်​ရင်း ကားထဲကထွက်​လာမဲ့သူကို​စောင့်​ကြည့်​​နေမိသည်​...
#Forth: "Sorry..ကိုယ်​နဲနဲ​နောက်​ကျသွားတယ်​..."
Forthကားထဲကထွက်​လာရင်း​​တောင်းပန်​ပီး Beamထိုင်ရန်​​passenger seatထိုင်​ခုံဘက်​မှ ကားတံခါးကိုဖွင့်​​ပေးလိုက်​​​တော့...
#Beam: "အာ..ခင်​ဗျားမ​တွေ့ပုလား..ကျွန်​​တော့်​မှာလက်​ပါပါတယ်​...တံခါးဖွင့်​တာ​လောက်​​တော့ ကိုယ့်​ဘာကိုဖွင့်​နိုင်​ပါတယ်​..."
Beam​ပြောရင်းကား​ပေါ်တတ်​လိုက်​သည်​...ကား​ပေါ်မှာထိုင်​ရင်းကားကအရမ်းကြီး​လွန်း​နေတယ်​ဟုပင်​​တွေးလိုက်​မိသည်​...
#Forth: "ကိုယ်​ကလူကြီးလူ​​ကောင်း​ဆန်​ဆန်​​နေတတ်​လို့ပါ..."
#Beam: "ကျွန်​​တော်​က​ယောကျာ်း​လေးဆိုတာ ခင်​ဗျား​​မေ့​နေပီထင်​တယ်​...အာ့လိုအပြုမူ​တွေကမိန်းခ​လေး​တွေကိုပဲ လုပ်​ပြရမှာဗျ...ဒါနဲ့ခင်​ဗျား​​​ခေါင်းကိုဆရာဝန်​ဆီသွားပြပီး စစ်​​ဆေးပီးသွားပီလား..."
Beam​နေ့လည်​ကကိစ္စကိုသတိရပီး​နှောက်​လိုက်​မိသည်​...Forthရီရင်း​တံခါးပိတ်​​ပေးပီး driver seatဘက်​သို့​လျှောက်​လာပီး ကားထဲဝင်​လိုက်​သည်​...
Beam အံ့သြသွားသည်​...Forthရီလို​က်​​တော့ တခြားလူတ​ယောက်​​ပြောင်းသွားသလိုပင်​...အရမ်းကို​ယောကျာ်းပီသလွန်း၍ သူရဲ့ဒီလိုပုံစံကို Beamပိုသ​ဘောကျမိသည်​...
#Forth: "ကဲ...သွားဖို့အဆင်​သင့်​ပဲလား..."
#Beam: "အင်း...ဒါနဲ့ကျွန်​​​တော့်​ကိုဘယ်​ကို​ခေါ်သွားမှာလဲ...ကျွန်​​တော်​ ကရှင်း​ရမဲ့သူဆို​တော့သိချင်​လို့..."
Beamယူလာတဲ့ပိုက်​ဆံနှင့်​ရှင်း​ရမည့်​ပိုက်​ဆံ မ​​လောက်​မှာကိုစိုးရိမ်​​နေမိသည်​...
#Forth: "ကိုယ်​တို့လ​ပေါ်ကိုသွားကြမယ်​..."
#Beam: "ဟမ်​..."
Forthစလိုက်​သည်​ကိုမသိပဲ Beamမျက်​ခုံးတဖက်​ပင့်​ရင်းပြန်​​မေးလိုက်​မိသည်​...
#Forth: "ဘာမှမဟုတ်​ဘူး...ဒါနဲ့ ကိုယ့်​ကားကိုသ​​ဘောကျရဲ့လား...."
Forthရီရင်း​မေးလိုက်​​တော့...
#Beam: "ကျွန်​​တော်​ကားအကြီးကြီး​တွေကိုမကြိုက်​ဘူး..."
#Forth: "ဘာလို့လဲ???"
#Beam: "​ရှေ့ထိုင်​ခုံ​တွေက​ဝေး​နေလို့...ခင်​ဗျား​ဘေးကလူရဲ့လက်​နား​ရောက်​ဖို့ဆို...ခင်​​​ဗျားလက်​​တွေကိုအရမ်းဆန့်​ထုတ်​ဖို့လိုတယ်​​လေ..."
#Forth: "အာ..အာ..ကိုယ်​သိပီ...မင်းကိုယ်​နဲ့​ဝေး​နေရတာမို့လို့ မကြိုက်​တာမှလား..ဟုတ်​တယ်​မှလား..."
#Beam: "အမ်​!ကျွန်​​တော်​တို့အ​ကြောင်း​ပြော​နေတာမဟုတ်​ဘူး​လေ...ဥပမာ​ပြောပြတာဗျ သိပြီလား...ကား​မောင်းမှာသာ​မောင်း​တော့ ကျွန်​​တော်​ခင်​ဗျားနဲ့စကား​ပြောလို့ပီးပီ..."
Beamနှုတ်​ခမ်း​ဆူပီး ကားပြတင်း​ပေါက်​အပြင်​ကိုလှမ်းကြည့်​​လို​က်​​တော့...
#Forth: "ကိုယ်​ကစကား​ပြောရတာသ​ဘောကျတယ်​​လေ..."
#Beam: "အဲ့တာဆိုလည်း ကိုယ့်​ဘာကို​ပြော​ပေါ့..."
#Forth: "မင်းစကားမ​ပြောဘူးဆို ကိုယ်​သီချင်းဆိုမှာ​​နော်​..."
#Beam: "ခင်​ဗျားမှာသီချင်း​နား​ထောင်​စရာ ​ရေဒီယို မရှိဘူးလား..."
Beam Forthကိုသီချင်း​မဆို​စေချင်​၍တားလိုက်​မိသည်​...Forthသာကီး​ကြောင်​ဖစ်​​နေရင်​အခက်​သားမဟုတ်​လား...
#Forth: "ဒါကိုယ့်​ကား​လေ...ကိုယ်​လုပ်​ချင်​တာလုပ်​ခွင့်​ရှိတာ​ပေါ့..."
#Beam: "လုပ်​ချင်​တာသာလုပ်​​တော့.."
Forth ပြုံးလိုက်​ပီး သီချင်း တစ်ပုဒ်​စဆိုလိုက်​တယ်​...
Beamတစ်​ခါမှမကြားဖူးတဲ့သီချင်း​ပေမဲ့ Forthအသံကတကယ်ကို​အရမ်း​​ကောင်းလွန်းလို့အာရုံစိုက်​ပီးနား​ထောင်​လိုက်​မိတယ်​...ဒါ​ပေမဲ့ သီချင်း​စာသားကိုကြားလိုက်​ရတဲ့အချိ​န်​မှာ ဒီသီချင်း​ကအဓိပ္ပါယ်​၂မျိုးသက်​​ရောက်​​နေသလိုပဲလို့​တွေးလိုက်​မိတယ်​...သီချင်းကို အာရုံစိုက်​နား​ထောင်​ရင်းBeamမျက်​လုံး​ထောင့်​က​နေ Forthကိုကြည့်​​နေမိတယ်​...

Crd.deebamanja
Trans by Me (#MCopter)

You Have The Key To My HeartWhere stories live. Discover now