Part.12

2.8K 160 3
                                    

You Have The Key To My Heart

           Part.12


#Beam : "ကျွန်​​တော့်​ကို ဘယ်​​ခေါ်သွားမှာလဲ Forth..."
Beamတခါမှ မ​ရောက်​ဖူးတဲ့ပတ်​ဝန်းကျင်​ကို လှည့်​ပတ်​ကြည့်​ရင်း ​မေးလိုက်​တယ်​...
#Beam : "ကျွန်​​တော်​ဗိုက်​ဆာ​နေပီ...တခုခုအရင်​သွားစားလို့ မရဘူးလား..."
Beam Forthရဲ့အကျီင်္လက်​ကိုဆွဲပီး တတွတ်​တွတ်​​ပြောလိုက်​​တယ်​..
ခုနစွန်​လွှတ်​တုန်းက အား​တွေအကုန်​လုံးသုံးထားတာမို့ Beam ပင်​ပန်း​နေသလို ဗိုက်​လဲဆာ​နေမိတယ်​...
#Forth : "စိတ်​ရှည်​ရှည်​ထားပါBeamရဲ့...ကိုယ်​Beamကို​ ​ခေါ်သွားမဲ့​နေရာ ​ရောက်​​တော့မှာပါ...အဲ့ဒီ​မှာပဲ ကိုယ်​တို့ညစာ စားကြမှာ​လေ..."
Forth တခုခုကိုလျှိုထားသလို ညစ်​တစ်​တစ်​ပြုံးပီး ပြန်​​ပြော​လိုက်​တယ်​...
#Beam : "ဘယ်​မှာလဲ..."
#Forth : "ဟိုသ​င်္ဘောပေါ်မှာ​လေ..."
သူတို့၂​ယောက်​ကို ​စောင့်​ဆိုင်း​နေတဲ့​သ​င်္ဘောကို Forth လက်​ညှိုးထိုးပြရင်း ​ပြောလိုက်​တယ်​...
#Beam : "ဒါဆိုကျွန်​​တော့်​ကို မြစ်​ထဲမှာ​အ​ပျော်​သ​င်္ဘောစီးရင်း ညစာစားဖို့​ခေါ်လာတာ​ပေါ့..."
Beamအံ့သြသွားမိတယ်​...တခါမှဒီလိုညစာမျိုး မကြုံဖူးတာ​ကြောင့်​ စိတ်​လည်းလှုပ်​ရှား​နေမိတယ်​...
Beamအ​ကောင်းဆုံး ဒိတ်​အ​တွေ့အကြုံမျိုးရဖို့အတွက်​ Forthက ​​ငွေကုန်​​ကြေးကျခံပီးကို ပြင်​ဆင်​ထားခဲ့တယ်​...
#Forth : "ဟုတ်​တယ်​... Beamကိုယ်​တို့ကိုမထားခဲ့ခင်​​ ကိုယ်​တို့​လှေ​ပေါ် မြန်​မြန်​တတ်​ကြရ​အောင်​..."
Forth​ပြောလိုက်​ရင်း Beamလက်​ကိုဆွဲပီး ​သ​င်္ဘောဆီ​မြန်​မြန်​​ရောက်​​အောင်​ ​ခြေလှမ်း​တွေကို အရှိန်​မြှင့်​လိုက်​တယ်​...
Beam​သ​င်္ဘောရဲ့အတွင်းပိုင်းကိုမြင်​လိုက်​ချိန်​မှာ ​တွေးထားတာနဲ့ ကွဲပြား​နေလို့ ဝမ်းသာကြည်​နူးမိသွားတယ်​...
#Beam : "အရမ်းလှတာပဲ​နော်​ Forth..."
Beam​ပြောလိုက်​ရင်း မြစ်​ရှုခင်းကို ရှင်းရှင်းလင်းလင်း မြင်​နိုင်​တဲ့  ​သ​င်္ဘောအစွန်းဘက်​စားပွဲဆီကို Forthကိုဆွဲ​ခေါ်သွား​တော့တယ်​...
#Beam : "Forth!ကျွန်​​တော်​ကို ညစာစားဖို့အတွက်​ ဒီ​နေရာကို ​ခေါ်လာတာ ​ကျေးဇူးအရမ်းတင်​ပါတယ်​...ကျွန်​​တော်​အခု ဘာ​ပြောရမှန်း​တောင်​ မသိ​တော့ဘူး ဖစ်​​နေမိတယ်​..ခုလိုပြင်​ဆင်​​ပေးထားတဲ့ အရာ​တွေနဲ့ ကျွန်​​တော်​ထိုက်​တန်​တယ်​လို့​တောင်​ မထင်​မိဘူး..."
#Forth : "Beamကဒီအရာ​တွေနဲ့ ထိုက်​တန်​ပါတယ်​...Beamက ကိုယ့်​အတွက်​ အထူးအ​ရေးကြီးတဲ့သူပဲ​လေ..."
#Beam : "ဒါ​ပေမဲ့ ကျွန်​​တော့်​ကိုဘာလို့ ​ရွေးချယ်​ခဲ့တာလဲဟင်​... ကျွန်​​တော်​​တို့သိကြတာ ရက်​ပိုင်းပဲရှိ​သေးတာကို..."
Forth Beamလက်​​လေးကိုဆွဲယူလိုက်​ပီး မြဲမြဲကိုင်​ထားရင်း...
#Forth : "ကိုယ်​Beamကိုဝန်​ခံစရာရှိတယ်​..."
Forth Beamရဲ့မျက်​လုံးလှလှ​လေး​တွေထဲ နူးနူးညံ့ညံ့စိုက်​ကြည့်​ရင်း
ပြောလိုက်​တယ်​...
#Beam : "ဟမ်​...ထပ်​ပီးဝန်​ခံစရာလား...ကျွန်​​တော့်​ကို တခုခုလိမ်​ထားတာရှိလို့လား...ဒါမှမဟုတ်​ တခြားတခုခုလား..."
Beam မျက်​ခုံးပင့်​ရင်း Forth ဆက်​​ပြောလာမှာကို ​စောင့်​​နေလိုက်​တယ်​...
#Forth : "အင်း...အမှန်​​က...ကိုယ်​Beamကို သ​ဘောကျခဲ့တာ တကယ်​​တော့ အချိန်​နဲနဲကြာ​နေပါပီ...ကိုယ်​တို့ ပထမဆုံး တိုက်​မိတာကို မှတ်​မိလား..."
Beam​ခေါင်းညိတ်​ပြလိုက်​တယ်​...
#Forth : "အဲ့ပထမဆုံးအချိန်​ထဲက ကိုယ်​Beamကို သ​ဘောကျမိသွားတာပဲ..."
#Beam : "ဘယ်​လိုသ​ဘောကျမိသွားတာလဲ..."
Beamကိုယ်​ကြား​နေရတာ​တောင်​ ကိုယ်​မယုံနိုင်​ဘူးဖစ်သွားမိတယ်​...
#Forth : "ဘယ်​လိုသ​ဘောကျသွားတယ်​ဆိုတာ ကိုယ်​တကယ်​မသိဘူး...ဒါ​ပေမဲ့ ကိုယ်​တို့်​ပထမဆုံးတိုက်​မိပီးထဲက Beamရဲ့မျက်​နှာက ကိုယ့်​​ခေါင်းထဲမှာ ​ဆက်​တိုက်​​ပေါ်​ပေါ်လာခဲ့တာ..."
Forth ပြုံးရင်း နီရဲ​နေတဲ့Beamရဲ့မျက်​နှာ​လေးကို ညင်​ညင်​သာသာ​လေးဆွဲလိုက်​တယ်​...
#Beam : "ဘာဖစ်​လို့လဲဆို​တော့ ကျွန်​​တော်​က အရမ်းမိုက်​​နေလို့ ​နေမှာ​ပေါ့..."
Beam​ပြောင်​​ချော်​​ချော်​နဲ့ ပြန်​​ပြောလိုက်​တယ်​...
#Forth : "ဟုတ်​ပါတယ်​...Beam​ပြောတာ လုံးဝကွက်​တိကို မှန်​ပါတယ်​...ကိုယ့်​ရဲ့စိတ်​ဝင်​စားမှုကို Beamလှုပ်​နှိုးနိုင်​ခဲ့တယ်​​လေ... ကိုယ်​တို့်​ပထမဆုံးတိုက်​မိပီးထဲက ကိုယ်​Beamကိုရှာ​တွေ့ဖို့ ကြိုးစား​နေခဲ့တာ...
#Beam : "တကယ်​ကြီးလား...ဒါ​ပေမဲ့ ကျွန်​​တော့်​ကို ဘယ်​လို ရှာ​တွေ့ခဲ့တာလဲ..."
#Forth : "အဲ့တာက ခကိ​တော့ခက်​တယ်​...ဒါ​ပေမဲ့ ကံတရားက ကိုယ့်​ဘက်​မှာရှိ​နေခဲ့တယ်​​လေ...Beamက Phanaရဲ့ သူငယ်​ချင်းဆိုတာ ကိုယ်​သိခဲ့ရတယ်​...သူ့ဆီက​နေ Beamအ​ကြောင်း​တွေ ပိုသိလာရတယ်​​လေ...ပီး​တော့ ကိုယ်​Beamကိုအချိန်​တိုင်းလည်း ​စောင့်​ကြည့်​​နေခဲ့တယ်​..."
#Beam : "ကျွန်​​တော့်​ကို ​နောက်​​ယောင်​ခံလိုက်​​နေတာလား..."
#Forth : "အဲ့လိုပဲ ​ပြောရမှာ​ပေါ့..."
Forth ရီလိုက်​မိရင်း ထိုင်​ခုံရဲ့​နောက်​မှီမှာ မှီလိုက်​ပီး Beamရဲ့ ချစ်​စရာ​ကောင်းတဲ့ မျက်​နှာ​လေးကို စိုက်​ကြည့်​လိုက်​တယ်​...
ဝိတ်​တာကစားစရာ​တွေ လာချ​ပေးတဲ့အချိန်​မှာ​တော့ ​ပြောလက်​စကို ခနရပ်​လိုက်​ပီး Forth လည်​​ချောင်းရှင်းလိုက်​တယ်​...
ဝိတ်​တာလည်းထွက်​သွား​ရော Forth သူ့ရဲ့ပုံပြင်​ကို ဆက်​​ပြော​တော့တယ်​...
#Forth : "ကိုယ်​Beamကို သ​ဘောကျ​နေမိပီဆိုတာ ကိုယ်​သိခဲ့တယ်​...ပီး​တော့ Beamရဲ့ စိတ်​ဝင်​စားမှုကိုရဖို့ တခုခုလုပ်​ဖို့လိုတယ်​လို့လည်း ကိုယ်​​တွေးခဲ့တယ်​...အဲ့တာ​ကြောင့်​ ကိုယ့်​ကိုBeam သတိထားမိ​စေမဲ့ Planကို ကိုယ်​ဆွဲခဲ့တာ..."

Crd.deebamanja
Trans by Me(#MCopter)

You Have The Key To My HeartWhere stories live. Discover now