Part.8

3.2K 185 1
                                    

You Have The Key To My Heart

         Part.8

#Beam : "သူဒီနားမှာရှိလား..."
Forth ရှိမရှိကို Beam Phana ​နောက်​မှာပုန်းပီး ​ချောင်းကြည့်​ရင်း ​မေးလိုက်​တယ်​...
#Phana : "ဘယ်​သူလဲ...Forthလား..."
Phana ပတ်​ဝန်းကျင်​ကို လှည့်​ပတ်​ကြည့်​လိုက်​ပီး...
#Phana : "ငါ​တော့သူ့ကို မ​မြင်​​သေးဘူး..."
#Beam : "သူဒီနားမှာ မရှိဘူးဆိုတာ​သေချာရဲ့လား...မင်း​ရော Kit??သူ့အရိပ်​အ​ယောင်​ ​တွေ့မိ​သေးလား...
Beam Phana ရဲ့ညာဘက်​လက်​​မောင်း​အောက်​ကိုဝင်​ပီး အ​ဆောက်​အဦး ပတ်​ဝန်းကျင်​ ပတ်လည်​ကို မျက်​စိအနားမ​ပေးပဲ ရှာ​နေမိတယ်​... (ပုန်းလည်းပုန်း...ရှာလည်းရှာ😂😂)
#Kit : "ငါလည်းသူ့ကိုမ​တွေ့မိ​သေးဘူး..."
Kit​ ​ခေါင်းခါရင်း ​ပြောလိုက်​ပီးမှ...
#Kit : "ဒါနဲ့ Forth ကမင်း​နောက်​မှာရှိ​​နေတာကို မင်းဘာလို့သူ့ကို ရှာ​နေတာလဲ..."
Beam,Phana နဲ့ Kitတို့သုံး​ယောက်​လုံး လမ်း​လျှောက်​​နေရာက ရပ်​လိုက်​ပီး ​နောက်​ကိုဖြည်းဖြည်းချင်း လှည့်​ကြည့်​လိုက်​ကြတယ်​...
#Beam : "အား..."
Beam​အော်​ပီး Phanaကိုဖက်​လိုက်​မိတယ်​...
#Phana : "Shit Forth..."
ရုတ်​တရက်​ ​ပေါ်လာတဲ့ သူ့သူငယ်​ချင်းForth ကို Phana​ ​အော်​လိုက်​တယ်​...
အဲ့အချိန်​မှာ Kitလည်းလန့်​ပီး သူ့ရင်​ဘတ်​ကိုလက်​နဲ့ဖိပီး ဘာမှ​တောင်​မ​အော်​နိုင်​ပဲ ငြိမ်​ပီးရပ်​​နေမိတယ်​...
Forth ကသူ့တို့ရဲ့​နောက်​မှာ အရူးလိုမျိုး အားရပါးရပြုံးဖြဲဖြဲလုပ်​ပီး ရပ်​​နေရင်း...
#Forth : "ကိုယ့်​ကိုရှာ​နေတာလား..."
Forth Beamကိုလှမ်းကြည့်​ရင်း ​မေးလိုက်​ပီး မျက်​စိမှိတ်​ပြလိုက်​တယ်​...
#Beam : "ခင်​ဗျားက နင်​ဂျာလား...ခင်​ဗျား​ရောက်​​နေတာ ကျွန်​​တော်​တို့ဘာလို့မသိလိုက်​ရတာလဲ..."
Beam Phanaကိုဖက်​ထားရင်းနဲ့ပဲ ​မေးလိုက်​မိတယ်​...
#Forth : "ကိုယ်​နင်​ဂျာမဟုတ်​ပါဘူး...ကိုယ်​မင်းထွက်​လာမှာကို ​စောင့်​​နေတာ..."
Forthပြန်​​ဖြေလိုက်​​ပေမဲ့...သူ့ရဲ့မျက်​လုံး​တွေက​တော့ Phanaရဲ့ခါးကို ဖက်​ထားတဲ့ Beamရဲ့လက်​​တွေဆီက​နေ မခွာနိုင်​ခဲ့ဘူး...(တို​နေတာ😝😝)
#Forth : "မင်းသူ့ကိုဘာလို့ဖက်​ထားတာလဲ...တကယ်​လို့ မင်းဖက်​ချင်​တယ်​ဆိုရင်​ ကိုယ့်​ကိုဖက်​လို့ရပါတယ်​..."(ဘဒိုရယ်​😂)
Beamသူမဟုတ်​တဲ့ တခြားလူကိုဖက်​ထားတာကို သူသဝန်​တိုတဲ့အ​ကြောင်း Forthသွယ်​ဝိုက်​ပီး ​ပြောလိုက်​တယ်​...
#Beam : "ခုနကလန့်​သွားလို့ အလိုလိုဖက်​မိသွားတာ..ကျွန်​​တော်​ဖက်​ချင်​လို့ဖက်​တာမှ မဟုတ်​တာ..."
Beam​ပြောရင်း ဖက်​ထားတာကို မြန်​မြန်​ လွှတ်​လိုက်​တယ်​...
#Beam : "ဒါ​ပေမဲ့ ကျွန်​​တော်​သူ့ကိုဖက်​​ဖက်​မဖက်​ဖက်​ ခင်​ဗျားကဘာလို့ လိုက်​ဂရုစိုက်​​နေရတာလဲ..."
#Forth : "ကိုယ်​ဂရုစိုက်​ရတာ​ပေါ့...မင်းကကိုယ့်​ရဲ့ အနာဂတ်​လက်​တွဲ​ဖော်​ပဲဟာကို..."
Forth ယုံကြည်​ချက်​အပြည့်​နဲ့ ခပ်​တည်​တည်​​ပြောလိုက်​​တော့...
Phana နဲ့ Kitတို့ ထရီမိကြ​တော့တယ်​...ဒါ​ပေမဲ့ Beamရဲ့ ခြိမ်း​ခြောက်​သလိုအကြည့်​​ကြောင့်​ ချက်​ချင်းအသံတိတ်​သွားကြတယ်​...
Beamရဲ့အကြည့်​က ​​လေဆာ​တွေထွက်​​နေတာကို​တောင်​ မြင်​​နေရတယ်​လို့ ကျိန်​ရဲတဲ့အထိပဲ...
#Beam : "ခင်​ဗျားဘာလိုချင်​လို့လဲ Forth..."
Beam​အေးစက်​စက်​ခပ်​တန်းတန်းပဲ ​မေးလိုက်​တယ်​...
#Forth : "ကိုယ်​မင်းနဲ့ဒိတ်​လုပ်​ချင်​လို့..."
#Beam : "ဟင့်​အင်း ကျွန်​​တော်​မလုပ်​ချင်​ဘူး..."
Beamငြင်းရင်း ​ခေါင်းခါပြလိုက်​တယ်​...
#Beam : "ကျွန်​​တော်​ဆိုလိုတာက...ကျွန်​​တော်​သူတို့၂​ယောက်​နဲ့ စာလုပ်​စရာရှိ​သေးလို့ မလုပ်​နိုင်​​သေးဘူးလို့​ပြောတာ..."
Phana နဲ့ Kit Beamကိုလိမ်​​ပြော​နေတာ​တွေ ရပ်​​တော့ဆိုတဲ့ အကြည့်​နဲ့လှမ်းကြည့်​လိုက်​ကြတယ်​...ဒါ​ပေမဲ့ Beamကသူတို့ ကြည့်​တာကိုမမြင်​ချင်​​ယောင်​​ဆောင်​ပီး ​နေလိုက်​တယ်​...
#Forth : "အိုး...ကိုယ်​အဲ့တာကို မစဉ်းစားမိလိုက်​ဘူး..."
Forth ရှက်​သွားမိတယ်​...
#Forth : "ကိုယ်​မင်းကိုအရင်​ ဖုန်းဆက်​ပီး​မေးသင့်​တာကို..."
Forthသူ့ရဲ့ ​ကြောင်​​တောင်​​တောင်​ အပြုအမူ​ကြောင့်​ရီ​နေမိတယ်​...
#Forth : "အဲ့တာဆို ကိုယ်​အရင်​သွားနှင့်​​တော့မယ်​​နော်​... မနက်​ဖြန်​မှ​တွေ့မယ်​​နော်​ သယ်​ရင်းတို့...​နောက်​မှ​တွေ့မယ်​​နော်​... ကိုယ့်​Beam​လေး..."
Forth Beamဆံပင်​​တွေကိုလက်​နဲ့ဖွလိုက်​ပီး ပြုံးပြလိုက်​တယ်​...
Forthရဲ့မျက်​ဝန်း​တွေထဲမှာ ဝမ်းနည်း​နေတဲ့အရိပ်​​ယောင်​​တွေ မြင်​လိုက်​ရတဲ့အတွက်​ Beamအပြစ်​ရှိသလို ခံစားလိုက်​ရတယ်​...
Forth ထွက်​သွားရာက​နေရပ်​သွားဖို့ Forth ရဲ့လက်​ကိုBeam မြန်​မြန်​လှမ်းဆွဲလိုက်​တယ်​...
#Forth : "ဘာဖစ်​လို့လဲ Beam..."
Forth သိချင်​စိတ်​​တွေ ပြည့်​​နေတဲ့မျက်​နှာနဲ့ လှည့်​ကြည့်​လိုက်​တယ်​...
#Beam : "​ကောင်းပီ​လေ...ကျွန်​​တော်​ခင်​ဗျားနဲ့ ဒိတ်​လိုက်​လုပ်​မယ်​..."
Forth ရဲ့​တောင်းဆိုမှုကိုလက်​ခံဖို့ Beamဆုံးဖြတ်​လိုက်​တယ်​...
#Forth : "တကယ်​​ပြောတာလား..."
Forth Beamပုခုံးကိုကိုင်​ရင်း မျက်​လုံးထဲကိုစိုက်​ကြည့်​ပီး ​မေးလိုက်​တယ်​...
#Forth : "သူတကယ်​လက်​ခံလိုက်​တာမှလား..."
Forth Phana နဲ့ Kitကို​မေးလိုက်​​တော့..​ခေါင်းညိတ်​ပြကြတာကို ​တွေ့လိုက်​တယ်​...
#Forth : "Yes...Yes...Yes..."
Forthစိတ်​လှုပ်​ရှားပီး ထခုန်​လိုက်​မိတယ်​... သူတို့ သူငယ်​ချင်း၃​ယောက်​ကိုလည်း စက်​ဝိုင်းပုံ  ပတ်​​ပြေးလိုက်​မိ​သေးတယ်​..."
Beam​ခေါင်းခါလိုက်​မိတယ်​...
#Beam : "ငါ့ကိုယ်​ငါ ဘာလုပ်​လိုက်​မိတာပါလိမ့်​..."
Forth ရဲ့ဟာသလုပ်​​နေတာကိုကြည့်​​ပီးရီ​နေတဲ့ Phanaနဲ့Kitကို Beam​မေးလိုက်​မိတယ်​...

Crd.deebamanja
Trans by Me(#MCopter)

You Have The Key To My HeartWhere stories live. Discover now