Part.10

3K 169 4
                                    

You Have The Key To My Heart

            Part.10

#Forth : "Beamကိုယ်​တို့​ရောက်​ပီ.. "
Forth Beamရဲ့​အေးစက်​​နေတဲ့လက်​​လေးကို ကိုင်​ပီး​ပြောလိုက်​တယ်​...
Beam Forth ရဲ့​ကျော​နောက်​က​နေ သူ့ကိုဘယ်​ကို​ခေါ်လာတာလဲ ဆိုပီး​ချောင်းကြည့်​လိုက်ပီး ပြုံးလိုက်​မိတယ်​...
လူတိုင်းကသူတို့ကိုယ်​ပိုင်​စွန်​​လေး​တွေကို ​ကောင်းကင်​မှာ ​ပျော်​​ပျော်​ရွှင်​ရွှင်​လွှတ်​​​နေကြတာကို မြင်​လိုက်​​တော့ အရမ်းစိတ်​လှုပ်​ရှားသွားတယ်​...
#Forth : "စိတ်​လှုပ်​ရှား​နေတာလား..."
Beam​ခေါင်းညိတ်​ပြလိုက်​​တော့ Forthစိတ်​ထဲမှာ Beamကခ​လေး​လေးနဲ့တူပီး အရမ်းချစ်​စရာ​ကောင်းတယ်​လို့ ​တွေးမိလိုက်​တယ်​...
#Beam : "အရမ်းလှတာပဲ..."
ကောင်းကင်​မှာလွင့်​​နေတဲ့ စွန်​​လေး​တွေကိုလက်​ညှိုးထိုးပီး Beam​ပြောလိုက်​တယ်​...Beam ရဲ့ဟဲလ်​မက်​ကို Forth ချွတ်​​ပေးရင်း...
#Forth : "Beam​လည်း စွန်​လွှတ်​ချင်​တယ်​ဆို ကိုယ်​တို့စွန်​လွှတ်​လို့ ရတယ်​​လေ.. "
#Beam : "ကျွန်​​တော်​တို့လွှတ်​လို့ရတယ်​​ပေါ့...ကျွန်​​တော်​ လုပ်​ကြည့်​ချင်​တယ်​...အရင်​ကတခါမှ ဒါမျိုးမလုပ်​ဖူးဘူး..."
Beamပိုပီး စိတ်​လှုပ်​ရှား​နေမိတယ်​...
Forthရီလိုက်​ရင်း Beamလက်​ကိုဆွဲပီး စွန်​​ရောင်းတဲ့ဆိုင်​ကို​ခေါ်သွားလိုက်​တယ်​...
#Forth : "Beamကြိုက်​တဲ့စွန်​ကို​ရွေး​လေ..."
ဆိုင်​​ရောက်​​တော့ Beamကြိုက်​တာကိုပဲ ​ရွေးခိုင်းလိုက်​တယ်​... စွန်​​တွေကိုကြည့်​​နေတဲ့ Beamရဲ့မျက်​လုံး​လေး​တွေက စိတ်​လှုပ်​ရှားမှု​ကြောင့်​ အ​ရောင်​​တွေတလက်​လက်​​တောက်​ပ​နေတယ်​...
#Beam : "စွန်​​တွေကအများကြီးဆို​တော့ ဘယ်​ဟာ​ရွေးရမလဲဆိုတာ မသိ​တော့ဘူး...ဘယ်​တစ်​ခုကို ​ရွေးရင်​ပို​ကောင်းမလဲဆိုတာလဲ မသိ​တော့ဘူး...Forth ကျွန်​​တော့အတွက်​ ​ရွေး​ပေးပါ..."
Beamကိုယ်​တိုင်​​တောင်​ မသိလိုက်​မိခင်​ Forth ကိုချစ်​စရာ​ကောင်းတဲ့ အမူအရာ​တွေလုပ်​ပြ​နေမိ​တော့တယ်​...
Forth ရီလိုက်​ပီး ကြည့်​ရတာအဆင်​​ပြေတဲ့စွန်​တစ်​ခုကို ​ရွေးပီးဝယ်​လိုက်​တယ်​..
#Forth : "ကဲ...သွားကြရ​အောင်​...စွန်​လွှတ်​ဖို့အတွက်​ ငှက်​​တွေနဲတဲ့ ​နေရာကိုရှာရမယ်​..."
Forth Beamလက်​ကို တင်းတင်းဆုပ်​ကိုင်​ပီး လူနဲတဲ့​နေရာဘက်​ကို ​ခေါ်လာခဲ့တယ်​...
#Beam : "ဒီနားမှာပဲ လွှတ်​လို့မရဘူးလား..."
Beamစိတ်​မရှည်​တဲ့အသံနဲ့​မေးလိုက်​​တော့...
#Forth : "စိတ်​ရှည်​ရှည်​ထားပါBeamရဲ့...စွန်​လွှတ်​လို့ အဆင်​​ပြေတဲ့​နေရာ​ရောက်​ရင်​ ကိုယ်​မင်းကို​ပေးလွှတ်​မှာပါ..."
စွန်​လွှတ်​မဲ့​နေရာ​ရောက်​​တော့ Forth စွန်​ကိုကိုင်​​ပေးပီး Beamကို​တော့ စွန်​ကြိုးကို​ပေးလိုက်​တယ်​...
Forthစွန်​ကိုကိုင်​ရင်း ​နောက်​တဖြည်းဖြည်းဆုတ်​ရင်း...
#Forth : "Beamကြိုးကို ဖြည်းဖြည်းချင်း​လျော့​ပေး..."
Forth ​နောက်​ကို​ဆုတ်​ရင်း လုံ​လောက်​​တဲ့​နေရာ​ရောက်​​တော့...
#Forth : "Beamကိုယ်​၁၂၃​ရေပီးရင်​ စွန်​ကိုလွှတ်​လိုက်​မယ်​... အဲ့အချိန်​ကြရင်​ စွန်​​လေးမြင့်​မြင့်​ကို ပျံနိုင်​​အောင်​ ကြိုးကိုအ​လျော့အတင်းလုပ်​ပီး ​ပြေးရမယ်​​နော်​... လုပ်​နိုင်​တယ်​မှတ်​လား..."
#Beam : "ကျွန်​​တော်​ အ​ကောင်းဆုံးကြိုးစားပါ့မယ်​..."
Beamလှမ်း​အော်​လိုက်​ရင်း စွန်​လွှတ်​တာ ဒီ​လောက်​မခက်​ပါဘူးလို့လဲ ​တွေးလိုက်​မိတယ်​...ဒါ​ပေမဲ့ ၂ခါ ၃ခါကြိုးစားပီးမရ​တော့ Beamစိတ်​ပျက်​လာမိတယ်​...သူစွန်​မလွှတ်​နိုင်​​လောက်​ဘူးလို့လဲ ​တွေးလိုက်​မိတယ်​...
#Forth : "ဝမ်းမနည်းပါနဲ့ Beamရဲ့...ကိုယ်​ကြိုးစားကြည့်​ပါဦးမယ်​ ရလို့ရှိရင်​ Beamကိုလွှဲ​ပေးမယ်​​လေ..ဟုတ်​ပီလား..."
Forth Beamလက်​ထဲက ကြိုးကိုယူလိုက်​ပီး Beamကိုစွန်​ကို​ပေးလိုက်​တယ်​...
#Forth : "ကိုယ်​လွှတ်​လို့​အော်​လိုက်​တာနဲ့ စွန်​ကို မြန်​မြန်​လွှတ်​လိုက်​​တော့​နော်​ Beam..."
Beam​ခေါင်းညိတ်​ပြရင်း ​နေရာမြန်​မြန်​ယူလိုက်​တယ်​...
Forthသူ့ရဲ့ပထမဆုံး ကြိုးစားမှုက​အောင်​မြင်သွားလို့ ​တော်​​သေးတယ်​လို့ ​တွေးလိုက်​မိတယ်​...
ကောင်းကင်​မှာ စွန်​​ကောင်း​ကောင်းပျံ​နေတာ ​သေချာ​တော့မှ Forthလက်​ထဲကစွန်​ကြိုးကို Beamလက်​ထဲကို လွှဲ​ပေးလိုက်​တယ်​...
စွန်​ကြိုးကို​ပေးလိုက်​​တော့ Beam​ပျော်​ပီးထခုန်​တာကိုကြည့်​ပီး Forthရီ​နေမိတယ်​...
#Beam : "Forth! I Love U...ကျွန်​​တော့်​ကို ဒီ​နေရာကို​ခေါ်လာလို့ အရမ်း​ကျေးဇူးတင်​ပါတယ်​..."
Beamသတိမထားမိပဲ ​ပြောထွက်​သွားတဲ့ ​မှော်​ဆန်​တဲ့စကားလုံး​လေး ၃လုံးက Forth ကို​နေရာမှာပဲ​အေးခဲသွား​အောင်​ အစွမ်းထက်​လွန်းခဲ့တယ်​...

Crd.deebamanja
Trans by Me(#MCopter)

You Have The Key To My HeartTahanan ng mga kuwento. Tumuklas ngayon