Part.14(final)

4.4K 197 15
                                    

You Have The Key To My Heart

              Part.14(Final Ep)

Beam နဲ့Forthအတွက်​ အ​ပျော်​စီးသ​ဘောင်္​ပေါ်ကညစာစားပွဲ​လေးက ​ပျော်​ရွှင်​စရာနှစ်​သက်​စရာ ​ကောင်းလွန်းခဲ့တယ်​...ညစာ​တွေက အရမ်းအရသာရှိသလို ရှူခင်း​တွေကလည်း အရမ်းကိုလှလွန်းတယ်​...
ဒါ​ပေမဲ့  Forthရဲ့ရင်​ခွင်​ထဲမှာ​နေ​နေရတဲ့အချိန်​နဲ့စာရင်​​တော့ အဲ့တာ​တွေကBeamအတွက်​ မ​ပြောပါ့​လောက်​တဲ့အရာ​တွေ​ပါ...
Beam Forthနဲ့ဒိတ်​လုပ်​ဖို့ လက်​ခံခဲ့တဲ့အတွက်​ ​ဝမ်းသာ​နေမိတယ်​... အမြင်​ကသာ ​အေးတိ​အေးစက်​ မာ​ကြော​ကြောနိုင်​​ပေမဲ့ ရိုမန်​တစ်​ဆန်​လွန်းတဲ့ Forth နဲ့ဒိတ်​လုပ်​ရတဲ့အတွက်​ ​နောင်​တမရပဲ ​ကျေနပ်​​နေမိတယ်​...
ဒါ​ပေမဲ့အချိန်​က သူတို့၂​ယောက်​ရဲ့ရင်းနှီးနီးကပ်​မှုကို မနာလိုတဲ့အလား ညစာစားချိန်​က ပီးဆုံးခဲ့တယ်​...ခုဆို ၂​ယောက်​လုံးက မခွဲခွာချင်​​ပေမဲ့... Beamကိုအ​ဆောင်​ပြန်​လိုက်​ပို့ဖို့အချိန်​​ရောက်​လာခဲ့တယ်​...
Beam Forthရဲ့ခါးကိုဖက်​ရင်း ည​​လေ​အေး​အေးထဲမှာ ဆိုင်​ကယ်​စီးရတာကို အသားကျလာခဲ့တယ်​..Forthနဲ့တူတူရှိ​နေရင်​ သူ့အတွက်​ လုံခြုံတယ်​ဆိုတာကိုလည်း သိခဲ့တဲ့အတွက်​ ဆိုင်​ကယ်​စီးရင်း မျက်စိလည်းဖွင့်​ကြည့်​ရဲခဲ့တယ်​...တိတ်​ဆိတ်​မှုက ၂​ယောက်​ကြားထဲမှာ လွှမ်းမိုး​နေ​ပေမဲ့ တ​ယောက်​နဲ့တ​ယောက်​ ခန္ဓာကိုယ်​ခြင်းနီး​နေတာနဲ့တင်​ စိတ်​ထဲမှာ ​ကျေနပ်​​နေမိကြတယ်​...
အချိန်​​တော်​​တော်​ကြာဆိုင်​ကယ်​စီးပီး​တော့ Beamရဲ့အ​ဆောင်​ကို ​ရောက်​လာခဲ့ကြတယ်​...Forthကလည်းBeamရဲ့ ရင်​ခွင်​ထဲက​နေ မထွက်​ချင်​သည့်​အလား ​နောက်​ကသိုင်းဖက်​ထားတဲ့Beamရဲ့ လက်​​တွေကို မြဲ​နေ​အောင်​ကိုင်​ထား​တော့တယ်​...
#Beam : "ကျွန်​​တော်​သွားရ​တော့မယ်​ Forth..."
Beamတီးတိုး​ပြောလိုက်​ရင်း Forthပုခုံး​ပေါ်က သူ့​မေး​စေ့တင်​ထားတာကို ဖယ်​လိုက်​တယ်​...
#Forth : "ကိုယ်​သိပါတယ်​...ဒါ​ပေမဲ့ မင်းကိုပြန်​လွှတ်​ဖို့ ကိုယ့်​မှာ အရမ်းခက်​ခဲ​နေတယ်​..."(အိုဗာတင်းပါအယ်​ကို😏)
Forthသက်​ပြင်းချရင်း မျက်​နှာကို​နောက်​လှည့်​လိုက်​ပီး
#Forth : "Beamကိုယ့်​ကိုချစ်​တယ်​ဆိုတဲ့ သ​င်္ကေတတခုခု​တော့ ​ပေးခဲ့ပါ​နော်​..."
Beam ဖက်​ထားတဲ့လက်​ကိုဖယ်​လိုက်​ပီး ဆိုင်​ကယ်​​ပေါ်က ဆင်းလိုက်​တယ်​...Forth​ရှေ့မှာမတ်​တပ်​ရပ်​လိုက်​ပီး Forth ဟဲလ်​မက်​ချွတ်​​ပေးတာကို ငြိမ်​ငြိမ်​​လေး​နေ​ပေးလိုက်​တယ်​...
#Beam : "ကျွန်​​တော်​ဒီ​နေ့ည တကယ်​​ပျော်​ခဲ့ရပါတယ်​ Forth..."
#Forth : "ဆိုးတာက Beamရဲ့နှလုံးသားကိုပိုင်​ဆိုင်​ဖို့ မလုံ​လောက်​ခဲ့ဘူး​လေ..."
Forthဝမ်းနည်း​နေတဲ့အသံနဲ့​ပြောရင်း ဟဲလ်​မက်​​ဆောင်းထားလို့ ရှုပ်​​နေတဲ့Beamရဲ့ဆံပင်​ကို လက်​နဲ့ရှင်း​ပေး​နေလိုက်​တယ်​...
#Forth : "ကဲ...ကိုယ်​လဲပြန်​သင့်​တဲ့အချိန်​ ​ရောက်​ပီ...Have a good night sleep Beam..."
Forth Beamကိုနမ်းလိုက်​ပီး ဆိုင်​ကယ်​​ပေါ်တတ်​ ​မောင်းထွက်​ခဲ့တယ်​...
ဒါ​ပေမဲ့ ဖုန်းကတုန်​လာ​တာ​ကြောင့်​ အ​ဆောင်​ဂိတ်​ဝမ​ရောက်​ခင်​မှာပဲ Forthဆိုင်​ကယ်​ကို ချက်​ချင်းရပ်​လိုက်​တယ်​...ဖုန်းကိုကြည့်​လိုက်​​တော့ Beamဆီကမက်​​ဆေ့ဖစ်​​နေတယ်​...Beam က လင့်​ခ်​တခုကို ပို့လိုက်​တာ​ကြောင့်​ဖွင့်​ကြည့်​လိုက်​​တော့ သီချင်းတပုဒ်​ဖစ်​​နေတယ်​... Beamပို့လိုက်​တဲ့သီချင်းကို အဆုံးထိနား​ထောင်​ပီး Forthရဲ့မျက်​နှာက တဖြည်းဖြည်းနဲ့ပြုံးလာ​တော့တယ်​..."
ရှက်​ပြုံးပြုံးရင်း ​စောင့်​​နေတဲ့Beamဆီကို Forthဆိုင်​ကယ်​ကို ပြန်​လှည့်​လိုက်​တယ်​...
#Forth : "မင်း..."
Forth အားရပါးရပြုံးရင်း ဆိုင်​ကယ်​ကို ပါကင်​ထိုးပီး ရပ်​လိုက်​တယ်​...
#Forth : "မင်းကိုယ့်​ကို ကစားရဲတယ်​​ပေါ့​လေBeam..."
Forth Beamဆီ​ပြေးလာပီး တန်းဖက်​လိုက်​တယ်​...ပီးတာနဲ့​ အ​ပျော်​လွန်​ပီး Beamကိုချီရင်း စက်​ဝိုင်းပုံလှည့်​​နေ​တော့တယ်​...
#Beam : "ကျွန်​​တော့်​ကို ​အောက်​ချ​ပေး​တော့ Forth... Forthကျွန်​​တော့်​ကိုမူး​အောင်​လုပ်​​နေတာပဲ..."
Beam ရီရင်း​ပြောလိုက်​ပီး Forth ကိုဖြည်းဖြည်း​လေး ထိုးလိုက်​တယ်​...
#Forth : "ဒါဆို မင်းလည်းကိုယ့်​ကိုချစ်​တယ်​ဆိုတဲ့ သ​ဘော​ပေါ့​နော်​..."
Forth Beamကို​ချီထားရာကချ​ပေးရင်း ​မေးလိုက်​တယ်​...
#Beam : "ကျွန်​​တော့်​နှလုံးသားကိုဖွင့်​တဲ့​သော့ ခင်​ဗျားဆီမှာရှိတာ သိ​နေတာ​တောင်​မှ ​မေး​နေရ​သေးလား..."
#Forth : "ကိုယ်​အခုခံစား​နေရတာကို ဘယ်​လို​ပြောပြရမှန်း​တောင်​ မသိ​တော့ဘူး..."
Forth Beamရဲ့ဆံပင်​​လေးကိုသပ်​​ပေးလိုက်​ရင်း နဖူး​လေးကိုဖွဖွ​လေးနမ်းပီး ဖက်​ထားလိုက်​တယ်​...
#Beam : "အဲ့တာဆိုရင်​ ဒီညကျွန်​​တော့်​ဆီမှာ​နေပီး အဲ့ဒီအ​ကြောင်းကို​ပြောပြပါလား..."(အဟွင်းအဟွင်း😏😏)
Beam ရှက်​ရှက်​နဲ့ ကမ်းလှမ်းလိုက်​မိတယ်​...
#Forth : "ကိုယ်​က​တော့ Beamနဲ့တူတူသာ ရှိ​နေရမယ်​ဆိုရင်​ ဘယ်​လိုကမ်းလှမ်းချက်​မျိုးကိုမဆို သ​ဘောကျပီးသားပါ..." (အယ်​ကိုကလည်းငြင်းရှာ​ဒေ😝)
#Beam : "အဲ့တာဆို​...နေ​ပေးပါ..."
Beam နူးနူးညံ့ညံ့​လေး အသနားခံသလိုကြည့်​လိုက်​တယ်​...
#Forth : "​နေ​ပေးမှာ​ပေါ့...ကိုယ့်​ရဲ့ချစ်​စရာ​ကောင်းတဲ့ Beam​လေးကို ကိုယ်​အရမ်းချစ်​တာပဲ..."
#Beam : "ကျွန်​​တော်​ကလည်း ခန့်​​ချောအရူးကြီး Forthကို အရမ်းချစ်​တာပဲ​..."
(ကိုယ်​အခါခါ​သေပါပီ😁😁)
#Forth : "အဲ့တာဆိုရင်​ Beamကိုထာဝရပိုင်​ဆိုင်​ခွင့်​ကို ကိုယ့်​ကို​ပေးပါ​နော်​..."
Beam​ခေါင်းညိတ်​ပြလိုက်​ရင်း သူ့ရဲ့လက်​၂ဖက်​ကို Beamရဲ့လည်​ပင်းမှာ ချိတ်​လိုက်​တယ်​...
#Forth : "ကိုယ့်​ကိုပြန်​ချစ်​​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​ ကိုယ့်​ရဲ့Beam​လေး..."
Forth တီးတိုး​ပြောလိုက်​ရင်း Beamကိုသူ တကယ်​တရားဝင်​ ပိုင်​ဆိုင်​ရပီဆိုတဲ့ အထိမ်းမှတ်​အ​နေနဲ့ Beamရဲ့နှုတ်​ခမ်း​လေးကို ညင်​ညင်​သာသာ​လေး နမ်းလိုက်​​တော့တယ်​.....

                               The End

Crd.deebamanja
Trans by Me(#MCopter)

You Have The Key To My HeartWhere stories live. Discover now