Chapter 1.

9.3K 367 4
                                    

လွန်​ခဲ့​သောနှစ်​​ထောင်း​ပေါင်းများစွာက ကမ္ဘာကြီးကို အပိုင်း​လေးပိုင်းခွဲခြားခဲ့တယ်​။

ကောင်းကင်​ ​မြေကြီး ​မြေထဲ နဲ့ ​ရေဆိုပြီး ခွဲခြားခဲ့တယ်​။

ကောင်းကင်​က မိုးသားနိုင်​ငံဖြစ်​ပြီး

မြေကြီးကို ဆုန်းနဲ့နုန်း ဆိုပြီး ပိုင်းခြားခဲ့တယ်​။

ဆုန်းက ​ရေခဲ​တောင်​​ဒေသဖြစ်​ပြီး နုန်းက​မြေပြန်​​ဒေသဖြစ်​တယ်​​။

မြေထဲက​တော့ မီးနိုင်​ငံဖြစ်​ပြီး

ရေက​တော့ ပင်​လယ်​နိုင်​ငံအဖြစ်​အသီးသီးသတ်​မှတ်​ခဲ့တယ်​။

အ​မှောင်​တရားဆိုတဲ့ မိစ္စာ​တွေကလည်း ကမ္ဘာကြီးကို တိုက်​ခိုက်​ဖို့ကြိုးစား​နေကြတယ်​။

အဲ့ထိအချိန်​တုန်းက ကမ္ဘာကြီးရဲ့ထူးခြားချက်​တစ်​ခုက လူတိုင်းလူတိုင်းစီမှာ ကိုယ်​ပိုင်​စွမ်းအင်​​တွေရှိတာဖြစ်​တယ်​။

လူတစ်​​ယောက်​အဖြစ်​ ​မွေးဖွားလာရင်​ ပိုင်​ဆိုင်​တဲ့စွမ်းအင်​နဲ့ ဇာတာဆိုပြီးနှစ်​မျိုးရှိတယ်​။

မိမိပိုင်​ဆိုင်​တဲ့ ဇာတာကို လူအများကလက်​ခံနားလည်​​ပေးရတယ်​။

လက်​မခံနိုင်​တာပဲဖြစ်​ဖြစ်​ ​ပြောင်းလဲဖို့ကြိုးစားတာမျိုးကို ပြုလုပ်​ရင်​ ​မြေ​အောက်​နတ်​ဆိုးရဲ့ အစာ
အဖြစ်​သတ်​မှတ်​ခံရမယ်​။

ဒါဟာ ကမ္ဘာကြီးက လူ​တွေအတွက်​ချမှတ်​ထားတဲ့ စည်းမျဉ်းတစ်​ခု ဖြစ်​တယ်​။

* * * * * *

ဆုန်းနိုင်​ငံ၏ ဘုရင့်​အ​ဆောင်

"မင်းကြီး soမိဖုရား နန်း​ဆောင်​မှ အထိန်း​တော်​ကြီး ​ရောက်​ရှိလာပါပြီ။"

"ဝင်​လာခဲ့ပါ " ဟုဆုန်းမင်းကြီးက ​ပြောလိုက်​သည်​။

"မင်းကြီး soမိဖုရား သား​တော်​​လေး ဖွားမြင်​​ကြောင်းပါ ဘုရား"

ဆုန်းမင်းကြီး တစ်​ချက်​ပြုံးလိုက်​ပြီး သား​တော်​​လေးပါလား ဟု စိတ်​ထဲမှ​ရေရွတ်​လိုက်​သည်​။

အချစ်​ပုစ္ဆာWhere stories live. Discover now