Chapter 13

1.8K 193 7
                                    

မီးနိုင်​ငံ​ရောက်​ထဲက soko စိတ်​ကို​တော်​​တော်​ထိန်းချုပ်​ထားရတယ်

ဒီကြားထဲ ဟိုလူကြီးကလည်းအလိုက်​ကန်းစိုးမသိ အခုဆို soko မီးနိုင်​ငံ​ရောက်​​နေတာ ၁လပင်​ပြည့်​​နေပြီ​လေ။

ရွီ~~~

"ပု​လွေသံ"

soko သစ်​​တောထဲကို​ပြေးသွားလိုက်​​တော့ guhan နှစ်​​ယောက်​ မတ်​တပ်​ရပ်​​နေကြသည်​။

"မင်းသား​လေး စုံစမ်းခိုင်းထားတဲ့ ko man အ​ကြောင်းသိပါပြီ
Ko man ကအသက်​ ၁၄နှစ်​မှာ ​မြေထဲနိုင်​ငံက မင်းသားတစ်​ပါးကိုကြိုက်​ခဲ့တာပါ
အဲ့မင်းသားကို အပိုင်​လိုချင်​၍လည်း han nay မင်းသားဆီပြန်​လာတာပါ"

"အဲ့မင်းသားနာမည်​ကဘယ်​သူလဲ"

"hlan မင်းသားပါ"

"အဲ့မင်းသားအ​ကြောင်း​ကောသိလား"

"သိပါတယ်​မင်းသား​လေး ကျွန်​​တော်​မျိုးရဲ့အစ်​ကိုပါ"
guhan တစ်​​ယောက်​က သူ့မျက်​နှာဖုံးကိုချွတ်​လိုက်​ပြီး soko ကို ဝမ်းနည်းတဲ့ မျက်​လုံးဖြင့်​ ကြည့်​​နေ​လေသည်​။

ဆုန်းနိုင်​ငံကလူက ​မြေထဲနိုင်​ငံရဲ့မင်းသားဆို​တော့ ဒီကိစ္စက soko အတွက်​ စဉ်းစားစရာပင်

"မင်းနာမည်​က​ကော"

soko ယပ်​​တောင်​ကို ပိတ်​ပြီး guhan ကိုကြည့်​ကာ​မေးလိုက်​သည်​။

"Hlan yanပါ မင်းသား အစ်​ကိုနာမည်​က hlan anပါ"

"Hlan မင်းသားနဲ့​တွေ့ချင်​တယ်​ "

"အဲ့ဒါက​တော့မင်းသား ​မြေထဲနိုင်​ငံကိုသွားမှရမှာပါ"

"​ကောင်းပြီ မင်းတို့သွားနိုင်​ပြီ"

guhan ​တွေထွက်​သွားတာနဲ့ soko အကြံထုတ်​ရ​တော့သည်​။
မြေထဲနိုင်​ငံကို သွားဖို့

"ကြင်​ယာ​တော်​ so !!!"

"ကြင်​ယာ​တော်​ so ​ပျောက်​​နေလို့လိုက်​ရှာ​နေတာ ဒီမှာဘာလာလုပ်​​နေတာလဲ"

"ပျင်းလို့ ထွက်​လာတာပါ အထိန်း​တော်​ကြီးရဲ့"

ခဏ​တောင်​အ​ပျောက်​မခံနိုင်​​တော့ဘူး​ပေါ့
Sokoသိတယ်​ အဲ့အထိန်း​တော်​က ko man လူဆိုတာ
ပြီး​တော့ soko နားကလူတစ်​​ယောက်​မှ မယုံရဘူးဆိုတာလည်း soko သိတယ်​။

အချစ်​ပုစ္ဆာWhere stories live. Discover now