Chapter 6

2.5K 215 6
                                    

မ​နေ့ညက soko စကား​ကြောင့်​ ဆုန်းမင်းကြီး စိတ်​ညစ်​ရ​လေပြီ

"အမယ်​​လေးဟဲ့ သူနဲ့​တွေ့မှ ငါ့ဘုရင့်​သိက္ခာ​တွေကုန်​ပါပြီ sokoရဲ့ "

ဆုန်းမင်းကြီး ကုတင်​​ပေါ်တွင်​ ထိုင်ကာ စကား​ပြောလိုက်​ ငူငူငိုင်​ငိုင်​လုပ်​​နေ​လေသည်​။

"မဖြစ်​ဘူး တစ်​ခုခု ကြံစည်​မှဖြစ်​မယ်​ so မိဖုရားနှင့်​တိုင်​ပင်​ရမယ်​"

"အထိန်း​တော်​ကြီး so မိဖုရားကိုသွား​ခေါ်​ချေ"

"မှန်​လှပါ အရှင်​မင်းကြီး"

ခဏကြာပြီး​နောက်

"so မိဖုရား ကြွလာပါ မင်းကြီး"

"ဝင်​လာ​စေ"

လှပ​သော ပန်း​ရောင်​ဝတ်​ဆုံ​လေးကို ဝတ်ဆင်​ကာ ချိုသာ​သော အပြုံးကို ဆင်​မြန်းထား​သော
soမိဖုရား လှလွန်းလှပါ​ပေသည်​။

မင်းကြီးကုတင်​​ဘေးက ခုံ​လေးတွင်​ထိုင်​လိုက်​ပြီး​နောက်

"​မောင်​​တော်​ နှမ​တော်​ကို ​ခေါ်တယ်​ဆိုလို့"

"ဟုတ်​တယ်​ soမိဖုရား soko အ​ကြောင်းတိုင်​ပင်​ချင်​လို့"

"မီးမင်းသားကို သ​ဘောကျတဲ့ ကိစ္စလား တင်​​တောင်း​ပေးလိုက်​​ပေါ့ မင်းကြီးရယ်​"

"​ပြောတာ​တော့ လွယ်​တာ​ပေါ့ so မိဖုရား​ရဲ့ အခုဟာက soko က အတင်းအကျပ်​လုပ်​တာ​လေ
ဟိုမင်းသားက လက်​ခံမခံက သိ​သေးတာ မဟုတ်​ဘူး"

"လက်​ခံ​အောင်​ ​မောင်​​တော်​က ​ပြောကြည့်​​ပေါ့ soko အ​ကြောင်း ​မောင်​​တော်​ အသိဆုံးပါ
သူလိချင်​တာမရရင်​........"

"အဲ့ဒါဆို စိုးရိမ်​တာ ........ so မိဖုရား"

ဆုန်းမင်းကြီးနန်း​ဆောင်​တွင်​ ဆုန်းမင်းကြီးက soမိဖုရားကိုကြည့်​ပြီး soမိဖုရားက ဆုန်းမင်းကြီးကိုကြည့်​ကာ
တိတ်​ဆိတ်​လျက်

မျက်​ဝန်း​လေး​တွေက​တော့ ဆက်​လက်​ စကား​ပြော​နေ​ကြ​လေသည်​။

လွန်​ခဲ့တဲ့ ၁၀နှစ်​ခန့်​က soko သစ်​​တောထဲသွားရင်း အ​ရောင်​အ​သွေးစုံလင်​လှ​သော
ရတနာ ငှက်​ကို​တွေ့​လေသည်​။

အချစ်​ပုစ္ဆာWhere stories live. Discover now