Chapter 2

4K 424 16
                                    

မီးနိုင်​ငံ၏နန်း​တော်​ မိဖုရား​ခေါင်းကြီး၏ အ​ဆောင်​တွင်

မီးမင်းကြီးတစ်​​ယောက်​ အ​ဆောင်​​ရှေ့တွင်​ ​ခေါက်​တုန့်​​ခေါက်​ပြန်​ လက်​​နောက်​ပစ်​၍ လမ်း​လျှောက်​​နေ​လေသည်​။

"မင်းကြီး အနားယူပါအုံ ဘုရား

မနက်​ထဲက မင်းကြီးလမ်း​လျှောက်​​နေတာ အခုပင်​ ည​နေပင်​​ဆောင်း​နေပါပြီ ဘုရား "ဟုအထိန်း​တော်
ကြီးမှ အရိုအ​သေ​ပေးလျက်​​ပြော​လေသည်​။

"အထိန်း​တော်​ကြီးရယ်​ မိဖုရား​ခေါင်​ကြီးက ဒီ​လောက်​ခံစား​နေရတာကို  ငါကိုယ်​​တော်​က

ဘယ်​လိုစိတ်​နဲ့ ငြိမ်​ငြိမ်​​နေရမှာတုံး "

အဆင်​​ကော​ပြေရဲ့လား မိဖုရား​ခေါင်​ကြီးရယ်​ ကို​ယ်​​တော်​​စိတ်​​တွေပူလှပြီ 

မင်းကြီးတစ်​​ယောက်​ အ​တွေးများစွာဖြင့်​ လမ်းဆက်​​လျှောက်​​နေ​လေသည်​။

မနက်​အချိန်​တုန်းက ကိုယ်​ဝန်​ ၈လ ​ကျော်​ရှိ​သော မိဖုရား​ခေါင်​ကြီးက ဗိုက်​နာ​လာ​လေသည်​။

ထိုအချိန်​ထဲက နာတဲ့ဗိုက်​ဟာ အခုထိ နာ​​နေတုန်းမို့ မင်းကြီးတစ်​​ယောက်​ ဘာလုပ်​​ပေးရမှန်းမသိ

ထို့​ကြောင့်​ အခုထိလမ်း​လျှောက်​​နေတုန်း ပင်​ဖြစ်​​လေသည်​။

ခဏကြာပြီ​နောက်

မိဖုရား​ခေါင်​အ​ဆောင်​ထဲမှ က​လေးငိုသံ​လေး ကြားရ​လေသည်​။

မင်းကြီးတစ်​​ယောက်​ အ​ပြေးအလွှားပင်​ အ​ဆောင်​ထဲ​ပြေးဝင်​လျက်

"သား​တော်​​လေးပါဘုရား"

မင်းကြီးတစ်​​ယောက်​ ဇာတာတွက်​သူ​ပြောတာမကြား

စိတ်​က နီတာရဲ ​လေး ဆီ သာ​ရောက်​​နေ​လေသည်​။

"မင်းကြီး  သား​တော်​​လေးက အနှစ်​တစ်​​ထောင်​သက်​တမ်းရှိပြီး

မီးရဲ့အမြင့်​ဆုံး မီးပန်းပွင့်​စွမ်းအင်​ကိုပိုင်​ဆိုင်​ပါတယ်​။

အချစ်​ပုစ္ဆာWhere stories live. Discover now