Chapter 25

1.8K 132 14
                                    

Han thaw သတိရလာပြီးပတ်​ဝန်းကျင်​ကိုကြည့်​မိ​တော့
အိမ်​ထဲ​ရောက်​​နေပုံပင်
ဘာအခန်မှမပါဘဲ​ဟောတိုက်​ပုံစံအိမ်​က​လေး
အိုးခွက်​အနည်းငယ်​သာရှိပြီး
ဝတ်​စရာဆိုလို့ တင်​ထားတဲ့အဖြူ​ရောင်​ဝတ်​ရုံနှစ်​ခုသာရှိသည်​။
အိပ်​ဖို့ကလည်း​အောက်​က ​မွေ့ရာပါးပါးရယ်
ခေါင်းအုံးတစ်​လုံးရယ်​ ​စောင်​တစ်​ထည်​သာရှိ​လေသည်​။
တပင်​တိုင်​ဘဝက​နေ ​နေ့ချင်းညချင်း ​သူ​တောင်းစားသာသာ
ဖြစ်​သွားတာပါလား
လူ့ဘဝကြီးက​ကြောက်​ဖို့​ကောင်းလိုက်​တာ

ရေအရမ်းဆာ​နေတာမို့ ကိုယ်​ကိုလှုပ်​ကြည့်​​တော့
အင်​မတန်​မှနာ​နေသည်​။
ဆေး​တော့ထည့်​ထားပုံပင်
စပ်​ဖျင်းဖျင်နဲ့နာ​နေသည်​။
ငုတ်​တုပ်​​တောင်​မထိုင်​နိုင်​တဲ့ဘဝမို့ ​လက်​နှင့်​သာ ယက်​သွားမိ​နေသည်​။
ကြမ်းပြင်​က သစ်​သားခင်းဖြစ်​တဲ့အတွက်​ လက်​ကို​တော့နည်းနည်းပွန်းပဲ့​စေသည်​။
ရေအိုးနား​ရောက်​​တော့​ဘေးက ပြတင်း​ပေါက်​ကိုမနဲလက်​နဲ့ကုပ်​ပြီး ထရသည်​။
အ​မေ​မွေးထဲက ​ကောင်းခဲ့တဲ့လက်​သည်း​လေး​တွေက သစ်​သား​ကြောင့်​ကျိုးကုန်​ပြီ​လေ
မသိဘူး ဒီအချိန်​မှာ​ရေ​သောက်​ရဖို့အ​ရေးကြီးတယ်
ရေကိုခပ်​ပြီးတာနဲ့ သုံး​လေးခွက်​​လောက်​ဆင့်​​သောက်​မိသည်​။
ဗိုက်​ဆာသည်​။

*ဗိုက်​ဆာလိုက်​တာ
အခုချိန်​ mu သာရှိရင်​ ဘယ်​​လောက်​​ကောင်းမလဲ*

မ​နေ့ထဲကဘာမှမယ်​မယ်​ရရ မစားရ​သေးတာမို့
အသား​တွေပါတုန်ပြီး မူး​ဝေလာသည်​။

*ဗိုက်​ဆာတာ ဒီလိုမျိုးလား*

ဝုန်းဆိုတဲ့ အသံနဲ့အတူ
နောက်​တစ်​ကြိမ်​ ​လောကကြီးနဲ့အဆက်​အသွယ်​ပျက်​သွားသည်​။
ပြန်​မနိုးထပါနဲ့​တော့လား

"​ဟေ့ ​ဟေ့ "

Flic စိတ်​မချလို့ လိုက်​လာမိ​တော့ထင်​ထားတဲ့အတိုင်းပင်
သတိလစ်​​နေ​သော​ကောင်​​လေးကို​တွေ့ရသည်​။
ဖြူ​ဖွေး​နေ​သော ဆံနွယ်​များက ပြန့်​ကြဲ​နေသည်​။
မတက်​နိုင်​ဘူး တစ်​ခါထဲ အရှင်း​ပျောက်​​အောင်​ကု​ပေးရမယ်

အချစ်​ပုစ္ဆာTahanan ng mga kuwento. Tumuklas ngayon