Chapter 18

1.7K 161 2
                                    

ဒီ​နေ့နဲ့ဆို zo we တစ်​​ယောက်​ အခန်းထဲ​အောင်း​နေတာ
၅ရက်​​တောင်​ရှိ​နေပြီ​လေ
နောက်​အပတ်​ဆို ​မွေး​နေ့
စိတ်​ထဲမှာက​တော့ မင်းသမီးသွားချင်​တဲ့စိတ်​နဲ့
ဘယ်​​တော့မှ မ​တွေ့ဘူးဆိုတဲ့စိတ်​ လွန်​ဆွဲ​နေပြီ​လေ

"မင်းသား​လေး luသခင်​ ​ရောက်​လာပါတယ်​"

"........."

"မင်းသား​လေး luသခင်​ ဝင်​လာပါပြီ"

"..........."

zo we ပြန်​​ဖြေချင်​တဲ့စိတ်​မရှိ​ပေ
ဝင်​ချင်​ဝင်​ ထွက်​ချင်​ထွက်​ လုပ်​ချင်​တာသာလုပ်

luna အခန်းထဲဝင်​​တော့ အသက်​မရှိတဲ့မျက်​နှာနဲ့ထိုင်​​နေတဲ့
zo we ကို မြင်​လိုက်​ရသည်​။
တစ်​ခါမှဒီလိုပုံစံမျိုးကိုမ​တွေ့ဘူးခဲ့ဘူး
ဒီကို​ရောက်​​နေတဲ့သက်​တမ်း​တစ်​​လျှောက်​လုံးမှာ
zo we က အသန့်​အပြန့်​အရမ်းဂရုစိုက်​တက်​သူ
အခုမြင်​​နေရတာက ဟင်းးး

"zo we ​"

luna ​ခေါ်လိုက်​​တော့​မော့ကြည့်​လာတဲ့ zo we
မျက်​လုံး​တွေက ​ပျော်​ရွှင်​ခြင်းကင်းမဲ့​နေ​လေသည်
luna မင်းသား​တွေထဲမှာ zo weကိုသားတစ်​​ယောက်​လိုအချစ်​ဆုံးပါ
zo we မိခင်​ကလည်းမိမိ​ကြောင့်​ဆုံးခဲ့တာဆို​တော့
ဒီက​လေးကို တာဝန်​ယူ​ပေးရမည်​က မိမိတာဝန်​သာ

"zo we ကိုပုံပြင်​တစ်​ပုဒ်​​ပြောပြမယ်
ဟိုး​ရှေး​ရှေးတုန်းက မင်းသမီး​လေးတစ်​ပါးရှိတယ်
အဲ့မင်းသမီး​လေးက အင်​မတန်​မှလှတဲ့သူ​လေး​ပေါ့
တစ်​​နေ့မှာ အခြားနိုင်​ငံက မင်းသား​လေးက အဲ့မင်းသမီး​လေးကို
တွေ့သွားပြီးအင်​မတန်​မှသ​ဘောကျခဲ့တယ်​တဲ့
ဒါ​ပေမဲ့မင်းသားရဲ့မိခင်​က မင်းသမီး​လေးကိုသ​ဘောမကျဘူးတဲ့
မိခင်​ကိုအရမ်းချစ်​တဲ့မင်းသား​လေးက ရင်​နာနာနဲ့ပဲမင်သမီး​လေးကို
စွန့်​လွှတ်​ခဲ့တယ်
ဒါ​ပေမဲ့ မင်းသားရဲ့စိတ်​ နှလုံး ကိုယ်​ သုံးပါးလုံးက မင်းသမီး​လေးကို
သ​ဘောကျ​နေတာမို့ အရမ်းခံစားခဲ့ရတယ်
နောက်​ပိုင်မှာ မင်းသမီး​လေးက အခြားနိုင်​ငံက မင်းသားတစ်​ပါးနဲ့
လက်​ထပ်​သွားတဲ့အချိန်​မှာ မင်းသား​လေးက​နောင်​တများစွာကို
ရင်​မှာပိုက်​ထားခဲ့တယ်
ငါသာ သတ္တိရှိခဲ့မယ်​ဆိုရင်
ငါသာ ပိုချစ်​​ပေးနိုင်​ရင်
ငါသာ အ​လေးထားနိုင်​ရင်
ငါသာ ပိုကြိုးစားခဲ့ရင်
စတဲ့ ငါသာငါသာ​တွေသာ များလာခဲ့တယ်
နောက်​ဆုံးမှာမင်းသား​လေးက ဘယ်​လိုမှမခံစားနိုင်​​တော့တဲ့အတွက်
ကို့ကိုယ်​ကိုအဆုံးစီရင်​ခဲ့တယ်​တဲ့
အကယ်​၍ဒီမင်းသား​​လေးသာ မင်းသမီးကိုရဲရဲဝံ့ဝံ့ ​ခေါ်သွားနိုင်​မယ်​ဆိုရင်
ဒီလိုဇာတ်​သိမ်းမှာမဟုတ်​ဘူး
ပြီး​တော့ မိခင်​ဆိုတာကလည်း ကို့သား​လေးစိတ်​ချမ်းသာဖို့ဦးစား​ပေးမှာမို့
မင်းသမီး​လေးကို လက်​ခံ​ပေးမှာပဲ​လေ

အချစ်​ပုစ္ဆာTempat cerita menjadi hidup. Temukan sekarang