Chapter 12

1.8K 171 4
                                    

Soko မီးနိုင်​ငံကို ​ရောက်​တာ နှစ်​ပတ်​နီးပါ ရှိ​နေပြီ​လေ

အချို့အ​ကြောင်းအရာများကို သိသင့်​သ​လောက်​သိ​သော်​လည်း

မ​နေ့ညက သိလိုက်​ရတဲ့ အ​ကြောင်း soko ရင်​ကိုဓားနှင့်​ခွဲ​နေသလိုပင်

မ​နေ့ညက guhan နှစ်​​ယောက်​​ရောက်​လာပြီး

"မင်းသား​လေးစုံစမ်းခိုင်းတာရပါပြီ"

ပေစာရွက်​လိပ်​​လေးကို soko စာပွဲ​ပေါ်တင်​​ပေးလိုက်​သည်​။

soko ​ပေစာရွက်​ကိုကြည့်​ပြီး "သွားနိုင်​ပြီအခုကစပြီး ခဏ​အ​ရောင်​​ဖြောက်​​နေပါ"

"မှန်​လှပါ မင်းသား"

guhan နှစ်​​ယောက်​ ထွက်​သွားမှ soko ​ပေစာရွက်​လိပ်​ကိုဖွင့်​ကြည့်​​လေသည်​။

ပေစာရွက်​ထဲတွင်​ han nay ငယ်​ငယ်​က အ​ကြောင်းများကို အ​သေးစိတ်​​ရေးထား​လေသည်​။

han nay ရှစ်​နှစ်​​လောက်​က စပြီး မီးစွမ်းအားသုံးနိုင်​​ကြောင်း

အသက်​ ကိုးနှစ်​အရွယ်​တွင်​ ဓား ​လေး မြင်းစီး ​ရေးကူး ​ကောင်းစွာလုပ်​နိုင်​​ကြောင်း

အသက်​ ၁၀နှစ်​ အရွယ်​တွင်​ အမတ်​ချုပ်​သမီး ko man နှင့်​​တွေ့ခဲ့​ကြောင်း

Ko man က han nay ထက်​ ၁နှစ်​ပိုကြီး​ကြောင်း

Ko man ​မွေး​နေ့မှာ han nay က ​ကျောက်​စိမ်းဆံထိုးနဲ့ နှင်းဆီ အနီ အပွင့်​ ၁၀၀၀​ပေးခဲ့​ကြောင်း

han nay အသက်​ ၁၂နှစ်​တွင်​ han nay က ko man ကိုဖွင့်​​ပြောခဲ့​ကြောင်း

Ko man ကလည်းလက်​ခံခဲ့သည်​။

ဒါ​ပေမဲ့ အဲ့​နေ့က han nay ၁၃နှစ်​ပြည့်​​မွေး​နေ့ဖြစ်​တဲ့ အတွက်​ နိုင်​ငံ​ပေါင်းစုံမှ မင်းသား​တွေလာခဲ့​ကြောင်း

အဲ့ထဲက မင်းသားတစ်​ပါးကို ko man ကကြိုက်​ပြီး han nay ကို စွန့်​ကာ အဲ့မင်းသား​နောက်​လိုက်​သွား​ကြောင်း

han nay က မခံမရပ်​နိုင်​ဖြစ်​ပြီး အဆိပ်​​သောက်​ပြီး ​သေဖို့အထိကြံခဲ့​ကြောင်း

အချစ်​ပုစ္ဆာWhere stories live. Discover now