Chapter 23

1.7K 139 17
                                    

မင်္ဂလာ အချိန်​စတင်​ပြီဖြစ်​၍ မင်္ဂလာ စည်​​တော်​ကြီးကိုတီးခတ်​လိုက်​​လေသည်​။
အနယ်​နယ်​ အရပ်​ရပ်​က မင်းမိဖုရား​တွေလာတာမို့
ထိပ်​တန်းပွဲတစ်​ပွဲလည်းဖြစ်ေ​န​ပေသည်​။

မင်္ဂလာ စည်​​တော်​ တီးခတ်​လိုက်​တာနဲ့ သတိုးသားက မင်္ဂလာ ထိုင်​ခုံ​ရှေ့မှာအသင့်​​နေရာယူပြီး
မတ်​တပ်​ရပ်​​စောင့်​​နေရသည်​။
သတိုးသမီးက ပွဲ ဝင်​​ပေါက်​က​နေ မင်္ဂလာ ခုံကို​လျှောက်​လှမ်းလာရမှာဖြစ်​သည်​။
မင်္ဂလာ ခုံ က​နေ ဝင်​​ပေါက်​က ​ခြေလှမ်း ၉၉၉လှမ်းရှိသည်​။
ကံ​ကောင်းခြင်းသ​ဘောကို​ဆောင်​​သော နံပါတ်​လည်းဖြစ်​​ပေသည်​။
ဝင်​​ပေါက်​​က​နေ ​ခြေလှမ်းတစ်​ရာထိက မိခင်​ကတွဲ​ပေးရမည်
နောက်​​ခြေလှမ်းတစ်​ရာအတွက်​ ဖခင်​ကတွဲ​ပေးရသည်​။
အစ်​ကိုရှိ၍​နောက်​ထပ်​​ခြေလှမ်းတစ်​ရာကို အစ်​ကို​တော်​ကတွဲ​လျှောက်​​​ပေးရမည်​။
ကျန်​တဲ့၆၉၉လှမ်းကို ​တော့ အိမ်​​ထောင်​ဘဝအစ အခက်​အခဲဖင့်​မိမိဘာသာလှမ်း​လျှောက်​ရ​ပေမည်​။

Han thaw စိတ်​​တွေလှုပ်​ရှား​နေမိသည်​။
*အားပါးပါး ​ခြေလှမ်း၉၉၉တဲ့
တစ်​လှမ်း​တောင်​မနည်း​လျှောက်​ရမှာ
လေးလိုက်​တာ*

မျက်​နှာ​လေးကိုအတက်​နိုင်​ဆုံး ပြုံးလိုက်​ပြီး
မိခင်​ဖြစ်​တဲ့ မိဖုရား​ခေါင်းကြီးလက်​ကိုဆွဲကာစတင်​​လျှောက်​လှမ်းပြီ​လေ

၁ ၂ ၃...
အစီအစဉ်​မှူးက​ခြေလှမ်းဆတွကိုစတင်​​ရေသည်​နဲ့တစ်​ပြိုင်​နက်
သားအမိနှစ်​​ယောက်​လက်​ကိုကိုင်​ပြီး​လျှောက်​လာမိသည်​။

"Han thaw ​လေး​တောင်​ကြီးလာပြီပဲ
မင်းအစ်​ကိုကမ​ကျေနပ်​ဘူးသိလား
သူအရင်​မ​ဆောင်​ရလို့တဲလ ဟီး ဟီး"

အ​မေက အမြဲတမ်းငယ်​ရွယ်​​နေပုံပဲ
အခုလည်းသူ့ကိုစကား​ပြောတာ​ပျော်​ရွှင်​​နေပုံရသည်​။
ငယ်​ငယ်​က မိန်းက​လေးလို ဝတ်​ရရင်​ မျက်​ရည်​ပိုးပိုး​ပေါက်​​ပေါက်​ကျ​ပေးခဲ့သူ
အနားမှာအမြဲတမ်းရှိ​ပေးခဲ့သူ

"ဘာလိုလိုနဲ့​ခြေလှမ်း၁၀၀ပြည့်​သွားပြီ han thaw
ဘဝမှာအ​ကောင်းဆုံးကြုံရပါ​စေ
မေ့သား​လေး"

အချစ်​ပုစ္ဆာDove le storie prendono vita. Scoprilo ora