Chapter 27

4.9K 228 75
                                    

ပြန်​လာထဲက han thaw ထူးခြား​နေတယ်​လို့ခံစားမိတယ်
Martis က နည်းနည်း​ပြောင်းလဲသွားသလိုရှိတယ်
အရင်​က အိမ်​စုတ်​​လေးမှာပစ်​ထားတဲ့သူ့ကို
အခု ပင်​မအိမ်​​တော်​မှာလာ​နေဖို့​ခေါ်​နေတယ်​​လေ
ပြုံးမိလိုက်​တယ်
သွားစွယ်​​လေး​တွေ​ပေါ်တဲ့အထိ

*​အော်​ ငါ့ဘဝကြီး တစ်​ဆစ်​ချိုး ​ပြောင်းလဲပန်​ပါပြီလား*

"Han thaw
ပင်​မအိမ်​ကိုသွားဖို့အဆင်​သင့်​ဖြစ်​ပြီလား"

"အင်း flic"

ပင်​မအိမ်​​တော်​နဲ့ အိမ်​စုတ်​​လေးကနည်းနည်း​ဝေးတာမို့
Han thaw တို့ မြင်းလှည်းနဲ့ပဲထွက်​လာလိုက်​ကြတယ်
Flic က သူ့ ငှက်​ကြီးကို ယူမလာခဲ့ဘူး​လေ

ခဏကြာပြီ​နောက်

ပင်​မအိမ်​​တော်​ကြီးက နန်း​တော်​ကြီးလိုပဲလှပလွန်းတယ်
ဝင်​လမ်းအစမှာ cherry ပင်​​တွေ
တိတ်​ဆိတ်​ပြီး လတ်​ဆက်​​တဲ့​လေညှင်း​တွေတိုက်​ခိုက်​​နေတဲ့အတွက်
အရမ်းကို ​အေးချမ်း​နေတယ်​လို့ခံစားမိတယ်

"Han thaw
ဒီ​နေရာက မင်းထင်​သလိုမသာယာဘူး​နော်
အကုန်​လုံးက မျက်​နှာဖုံး​တွေနဲ့ချည်းပဲ
ဘယ်​သူ့ကိုမှ မယုံပါနဲ့
အထူးသဖြင့်​ မိန်းမ​တွေကို မယုံနဲ့"

Flic အကြံ​ပေးတဲ့ အသံထက်
သတိ​ပေး​နေသလိုပင်
တကယ်​ပဲ​ကြောက်​စရာ​ကောင်းတာလား ဒီ​နေရာက

"အစ်​ကို​တော်​ han thaw ကို ​ခေါ်လာပါပြီ"

အ​ဆောင်​တစ်​ခုအရှေ့မှာ flic ရပ်​ပြီး​ပြောလိုက်​​တော့
Han thaw ​ဘေးပတ်​လည်​ကိုလိုက်​ကြည့်​မိသည်​၊
အ​ဆောင်​ထဲမှာလားမသိဘူး

"ဝါးရုံ​တောဘက်​မှာ ထားလိုက်​"

"ဟုတ်​ကဲ့ပါ အစ်​ကို​တော်​"

"Han thaw ဒီ​နေရာအ​ကြောင်းရှင်းပြ​ပေးမယ်
ဒီ​နေရာကို အပင်​​တွေအလိုက်​ခွဲခြားထားတယ်
cherry ,နှင်းဆီ ,ကြာ,စံပါယ်​,ပန်းမျိုးစုံနဲ့ ဝါးရုံ​တော ဆိုပြီး
ဝါး​ရုံ​တောက အဆင့်​နိမ့်​တဲ့အတွက်​ ကျန်​တဲ့​နေရာ​တွေကိုသွားပိုင်​ခွင့်​မရှိဘူး"

You've reached the end of published parts.

⏰ Last updated: May 31, 2018 ⏰

Add this story to your Library to get notified about new parts!

အချစ်​ပုစ္ဆာWhere stories live. Discover now