Chapter 26

1.9K 153 17
                                    

ကျွန်​​တော်​အတွက်​ အိမ်​မက်​ဆိုးကြီး တစ်​ခုဖြစ်​လာပြီးလား
အဆိုးထဲက အ​ကောင်းဆိုလို့ ​ယောကျာ်း​လေးလိုဝတ်​ရတာ​လေးတစ်​ခုသာ
ကျန်​တာ​တွေက တစ်​ခုမှမ​ကောင်း​ပေ
ဟင်းချက်​ဝါသနာပါသူမို့ ထမင်းဟင်းချက်​တက်​​ပေမဲ့
ကျွန်​​တော်​ဆိုတဲ့ han thaw က ​ငွေအ​ကြောင်း​တော့ ​သေချာမသိ​ဘူး​လေ
အဲ့ဒါက ခက်​တာ ဘယ်​​လောက်​က ဘယ်​​လောက်​မှန်းမသိ

"Han thaw အစ်​ကိုကြီးက သူနဲ့တစ်​​နေရာလိုက်​ခဲ့ရမယ်​တဲ့
ပြင်​စရာရှိတာပြင်​ထားတဲ့
ပြီး​တော့ အ​ဟောင်းဆုံးကို​ရွေးဝတ်​တဲ့"

"အင်း."

အ​ဟောင်းဆုံးကို​ရွေးဝတ်​ဆို​တော့ အလုပ်​များခိုင်းအုံးမလို့လားမသိဘူး
ကျွန်​​တော်​ ဒီကို​ရောက်​လာတာ တစ်​ပတ်​​လောက်​ရှိ​နေပြီ​လေ
လွန်​ခဲ့တဲ့သုံးရက်​​လောက်​က စပြီး
Martis က အလုပ်​နည်းနည်းလုပ်​ခိုင်း​လေ့ရှိတယ်
အလုပ်​ဆိုတာက အဟက်​ သူ့မယား​တွေကို လက်​ဝတ်​ရတနာပို့​ပေးရတဲ့အလုပ်​​ပေါ့
ဒီအလုပ်​ကိုလုပ်​မှ သူက သူ့မိန်းမ​တွေကို ဘယ်​​လောက်​တန်​ဖိုးထားလဲသိရတယ်
ဒါ​ပေမဲ့ သူအချစ်​ဆုံးက cherry ဆိုတဲ့ ပထမဆုံးမယားပင်

အခုလည်း ဘာခိုင်းအုံးမလဲမသိဘူး
အ​ဟောင်း​လေးပဲဝတ်​လိုက်​ပါ့မယ်
မှန်​ထဲကို​သေချာကြည့်​မိ​တော့ ရုပ်​ရည်​အခံ​လေးရှိလို့သာ
နင့်​မိုသာဆို အ​စေခံနဲ့လုံးဝတူတယ်​​လေ

"Han thaw"

နှစ်​​ယောက်​မရှိတဲ့ သူ့အသံ
သူ့အသံကိုကြားတိုင်း နှလုံးသားထဲက ​အောင့်​တက်​လာတယ်

"လာ တက်​"

သူတက်​ခိုင်းတဲ့​နေရာကိုကြည့်​​တော့ ရထားလုံးတစ်​စီး
အ​ရှေ့မှာ မြင်း​လေး​ကောင်​နဲ့
သူ့ကိုကြည့်​​တော့လည်း သားသားနားနားပင်

ကျွန်​​တော်​လည်း ဘာမှမ​ပြောဘဲ ရထားလုံး​ပေါ်သာတက်​လိုက်​မိသည်​။
ဘယ်​ကိုသွား​နေတာပါလဲ

"ကိုတို့ အခုသွားမှာက မီးနိုင်​ငံကိုပဲ
မင်းအ​မေ​နဲ့အ​ဖေကိုမ​တွေ့တာကြာပြီဆို​တော့ လိုက်​ပို့​ပေးတာ
ကိုလည်းနှုတ်​ဆက်​ရင်းနဲ့
ဟို​ရောက်​ရင်​ ကို့အနားမှာပဲ​နေ​နော်
၁၀​ပေ​ကျော်​​ရောက်​သွားတာနဲ့ မင်းဒီနိုင်​ငံကိုစ​ရောက်​တုန်းကလို ​လောင်​ကျွမ်းမှုဖြစ်​လိမ့်​မယ်
ပြီး​တော့ တစ်​လတစ်​ခါ မင်းမိဘနဲ့​တွေ့ခွင့်​ရှိတယ်
အဲ့ကိစ္စ​တွေ​ပြောရအုံးမှာမို့ ဒီကိုလာလိုက်​တာ"

အချစ်​ပုစ္ဆာWhere stories live. Discover now