Ep 10

3.4K 234 22
                                    

"Mafia ချစ်သူ "

Baekhyun. Chanyeol ဆီက ရုန်းရင်း.. လက်တွေသည်လည်း. Chanyeol ကို ထုရိုက်နေသည်..

Baek 'ဖယ်လို့ ဆိုနေ.. အရူးကောင်ရဲ့..

ပြောပြီးကားတံခါးကို.. ဖွင့်ဖို့ လုပ်သည့် သူ့ကို chanyeol.. ဖမ်းယူလိုက်သည်

Yeol ' ငြိမ်ငြိမ် နေ baek.. မင်းမရုန်းရင်.. ကိုယ် သူ့အသက်ကို ချမ်းသာပေးချင်ပေးနိုင်တယ်နော်...

ပြောရင်း...baek ကို အရှေ့ခန်းသို့ ... ပြန်ပို့လိုက်သည်...

Baek ' မုန်းတယ်... ငါမင်းကို အရမ်းမုန်းတယ်.. မကောင်းဆိုးဝါး ကောင်... ငါ့ ရဲ့ ပျော်ရွှင်မှု တွေကို အမြဲလိုက် ဖြတ်နေတဲ့ကောင်... ငါမင်းကို သေမတတ်မုန်းတယ်..

Chanyeol ကတော့ baekhyun ပြောနေသည်ကို မကြား ယောင်ဆောင်ပြီး.. မောင်းသူ နေရာကို ဝင်ထိုင်လိုက်ရင်း.. ကားကို ဤနေရာကနေ အမြန်မောင်းထွက်လာလိုက်သည်... လက်တစ်ဖက် ကိုတော့ ကျစ်ကျစ်ပါအောင်.. လက်သီးစုပ်ထားသည်... သူ့ရဲ့ ပျော်ရွှင်မှု နှင့် အရာအရာ အားလုံးဟာ baekhyun ကြောင့်ဆိုတာကို... baekhyun သိရင်သိပ်ကောင်းမည်...
ကားရဲ့ အမြန်နှုန်းက.. ဘေးမှ ထိုင်နေသည့် baekhyun ကပင်.. ကြောက်လန့်နေမိသည်...

" ပျော်ရွှင်မှု တွေမရှိတဲ့ ဘဝမှာ...ဘာအတွက် နေရအုံးမှာလဲ "

Baekhyun အတွေးနှင့်အတူ.. ဘေးက. ပတ်ဝန်းကျင်ကိုဂရုမစိုက် စွာ..အရှိန်ဖြင့် မောင်းနေသည့် သူ့ကို ကြည့်ပြီး .ဘေးက တံခါးကို.. ဖွင့်ပြီး.. ခုန်ချဖို့.. လုပ်နေသည်...ထိုချိန်. တံခါးကို လျှင်မြန်စွာ ဆွဲပိတ်လိုက်ပြီး baek ရဲ့ ကိုယ်ကို.. သူ့ဖက် ရောက်အောင်.. ဆွဲယူရင်း တင်းကြပ် စွာ. ဖက်ထားသည့် chanyeol.

Yeol' မင်းရူးနေတာလား... သူ့ကို အဲ့လောက်တောင် ချစ်တာပဲလား ..ဟမ်.. hkဒါဆို .ဒီဘဝ သူနဲ့ နောက်တစ်ကြိမ်.တွေ့ဖို့ ကြိုးစားမနေနဲ့တော့..

ဒေါသကြီးစွာဖြင့်..baekhyun ကို. သူ့ပေါင်ပေါ်သို့. ရောက်အောင် ဆွဲထိုင် လိုက်ပြီး. လည်ပင်းတစ်လျှောက် ကြမ်းတမ်းစွာနမ်းရင်း... ပုခုံးသားတွေကိုလည်း.. အနီရောင်အမှတ်များ ချန်ထား ခဲ့သည်... ဖြစ်နိုင်ရင်.. kim kai လုပ်ထားသည့်.. သူလေး ကိုယ်ပေါ်က. အနီရောင် အမှတ်အသားတွေကို.. သူလေး ကိုယ်ပေါ်က ပျောက်ကွယ် သွားစေချင်သည်..
နာကျင်တယ်. ချစ်သူ.. ရူးလောက်အောင်ကို နာကျင်နေတယ်..

Mafia ချစ်​သူWhere stories live. Discover now