Ep 15

2.8K 210 12
                                    

                    🏵 Mafia ချစ်သူ 🏵

တွေ့ဆုံခြင်း ❤

KaiSoo part ❤

အစိမ်းရောင် သစ်ရွက်ကလေးတွေ.. လေပြေလေးတိုက်ခတ်မှုကြောင့်.. လှုပ်ခတ်ကာ.နေသည် ။
မြူမှုန် လေးရဲ့ ထူထပ်မှုကြောင့် ..မနက်ခင်းနေရောင် နုနုလေးက..သိပ်ပြီး အလင်းမဖြာနိုင်... အနီးနားရှိ ရေတံခွန် ဆီမှ ရေကျသံ လေးကို. ကြားနေရသည့် အတွက် ပတ်ဝန်းကျင်ကို ပိုပြီး သာယာစေသည် ။
လူတွေက ဤနေရာကို လာရောက် လေကောင်းလေသန့် လေးတွေ ရှူမယ်ဆိုရင်.. အလွန် သာယာလှသည့်နေရာ လေးတစ်ခုပင်ဖြစ်မည်...
သို့သော်... ကောင်လေး တစ်ယောက် အတွက်သည်တော့ ချွင်းချက်ပင်... ထိုကောင်လေးမှာ... မျက်လုံး ပြူးပြူးလေးနှင့်.. အသည်းပုံ နှုတ်ခမ်းလေးကို.. ပိုင်ဆိုင်ထား သည့်သူ....
"Do Kyung Soo." ...

.....................

ခန္ဓာကိုယ် ညက်ညက် လေးနှင့် ချစ်စဖွယ် ကောင်းသောကောင်လေးတစ်ယောက်... အကျင့်နှင့်တော့ ပြောင်းပြန်ပင်...
မျင်ဝန်းလှလှလေးထက်က.. အသစ်အဆန်းတွေကို အမြဲ စိတ်ဝင်တစား.. စူးစမ်းတတ်သည် ။ နှုတ်ခမ်းလေး အနည်းဆူနေတတ်သည့် ကောင်လေးက.. စိတ်မရှည်တတ်သည့်သူ.ဆိုတာသိနိုင်သည် ။ နှုတ်ခမ်းလှလှလေးက အနီရောင်သန်းပြီး.. ပြုံးရယ် လိုက်တိုင်း.. အသည်းပုံစုံ လေး ဖြစ်လာသည်ကြောင့်..ထိုကောင်လေးကို မြင်ရသည့်လူတိုင်းက ချစ်ဖို့ကောင်းသည် ဟု မှတ်ချက်ချကြမည်မှာ အမှန်ပင်..
သို့သော် ကာယကံ ရှင်ဖြစ်သည့် ထိုကောင်လေးကတော့.. သူ့ကို "ချစ်ဖို့ကောင်းသည် " လို့ ပြောရင် မကြိုက်ပေ....

  မနက်ခင်း နေရောင် နုနုလေး... အုံးမှိုင်းမှိုင်းဖြစ်နေသည့် မြူမှုန်လေးတွေ နှင့်.. မဆို သလောက်လေး.. အေးပြီး... အိပ်ယာထက်မှ... စောင်လေးနှင့် ခွေလို့ ကောင်းသည့်.. အချိန်မှာ... Kyung Soo ဆိုသည့် ကောင်လေးက တော့ ဆူပုတ်လို့နေသည် ။ အဖွားဖြစ်သူက... အိပ်လို့ကောင်းသည့် အချိန်မှာ ..ကိုယ်ဝန်ဆောင်ထားသည့် မိမိ၏ အမ အတွက် ...
ဆေးမြစ် တွေ ထွက်ရှာရန်.. အစောကြီး နိုးတာကြောင့်... သာယာသည့် မနက်ခင်းသည်...ထိုကောင်လေး အတွက် မဖြစ်ခဲ့...

တောထဲ သို့သွားသည့် လမ်းတစ်လျှောက်တွင်လည်း... ရွာသား. တစ်ချို့က...  နှုတ်ဆက် ရင်တောင်... အရင်လို ပြန်နှုတ်ဆက်ဖို့ နေနေသာသာ.. နှုတ်ခမ်းလေး ထော်ကာ.. မျက်လုံးပြူးပြပြီး.. အလိုမကျစွာ ဆောင့်ကြီးအောင့်ကြီး ဖြင့်ဆက်သွားနေတာကြောင့်...
ရွာသား တစ်ချို့က.

Mafia ချစ်​သူWhere stories live. Discover now