Ep 19

2.9K 199 13
                                    

                    🎀Mafia ချစ်သူ 🎀

🖤

Kyung ' ဟုတ်ကဲ့ပါ အဖွားရဲ့ ...

ထို့နောက် အဖွားသည်လည်း မြေးဖြစ်သူကို မာစရာ ရှိတာကို မာပြီး.. အိမ်ပြန်သွားတော့သည်။....

....

Kyung. အဖွားကို အိမ်ရှေ့ထိ လိုက်ပို့ပေးပြီး. Kai ဆီကိုပြန်လာကာ..Kai လက်မောင်းကို.. လက်ချောင်းသေးသေးလေးတွေနှင့် ပုတ်ကာ မေးလာသည့် Kyung

Kyung 'ဒီမှာ.. ခများ .ခများ .က ကိုယ့်နာမည် ဘာဆိုတာတောင် မမှတ်မိတာလား..

မေးပြီး .. ရှေ့ကလူဆီမှ အဖြေကိုစောင့်မျှော်ကာ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နှင့်..

Kai' အင်း..ဘာမှကို မမှတ်မိဘူး...

Kai မျက်နှာမသာမယာနှင့် ပြန်ဖြေလိုက်သည်။ တခုခု ကို စဉ်းစားရင်ဖြင့်. ခေါင်းက သေမတတ်ထိုးကိုက်လာသည်။

Kyung 'ဒါဆို. ဒီဆေးသောက်ပြီး.. အိပ်လိုက် တော့လေ.. ပြန်နိုးလာရင်.မှတ်မိရင်လည်း မှတ်မိနိုင်တာပဲ...

Kyung ပြောပြီးသည်နှင့် မိမိနားက ဆေးအိုး လေးကိုယူကာ Kai ကိုလှန်းပေးလိုက်သည်။

Kai က Kyung လက်ထဲက ဆေးအိုးကို မယုံသင်္ကာ သလိုကြည့်တော့.. Kyung စိတ်တိုသွားမိသည်။

Kyung ' ဒီမှာ..ဒီဆေးကို သောက်လို့ ခများမသေပါဘူး.. ခများ သတိမေ့ တုန်းက Kyung နေ့တိုင်း ခများကို တိုက်ထားတာ.. သေမယ်ဆိုရင်.. ခများသေသွားတာကြာပြီ..

Kyung လည်း သူ့ရဲ့ အဖိုးတန် ဆေးရည် လေးကို မင်္သကာ ကြည့်နေတာကြောင့်.. ရှေ့က လူနာကို အော်တော့သည်။
အဲ့လိုပြောမှ Kai လဲ Kyung လက်ထဲက ဆေးအိုးလေးကို.. ယူကာ.. အိုးထဲကိုကြည့်လိုက်တော့.. ဆေးရည်က အစိမ်းရင့်ရောင်နှင့် အနံ့ရတော့ Kai ပျို့အန် မလိုဖြစ်သွားသည်။ ထို့နောက် ဆေးအိုးလေးအသာ မ့.ကာ ပါးစပ်နားတော့ထားပြီး. သောက်လိုက်တော့... ချက်ချင်း တီးသွားသည့်Kai..

Kai' အဟွတ်.ခါးတယ်..

Kyung' ခါးလဲသောက်ရမယ်! အဲ့ဒါမှ မြန်မြန်ပျောက်မှာ...အခုသောက်..

Kyung ပြောကာ ဆေးအိုးကို Kai ပါးစပ်နားပြန်တေ့ထားပြီး...
မျက်လုံးပြူးတွေနှင့် ခြိမ်းခြောက်နေပြန်သည်။

Mafia ချစ်​သူWhere stories live. Discover now