Ep 21

3K 210 15
                                    

                   ◽Mafiaချစ်သူ ◽

◽◽ အချစ်ရဲ့ တစ်ဖက်မှာ အမုန်းရှိနေသလို

◽◽ အမုန်းရဲ့ တစ်ဖက်မှာလဲ အချစ်ရှိနေတတ်သည်...

စားသောက်ပြီး... ထမင်းစားပွဲခုံ အရှည်ကနေ ထလိုက်ကာ.. အပြင်မှ ကားရှိရာကို မျက်နှာထား မဲ့ရွဲ့ပြီး ဆူပုပ်စွာဖြင့် ထွက်လာသည့် Baekhyun. ဝတ်စုံ ကိုသွားမကြည့်ချင်တာကြောင့်ပင်..  ဒီကိစ္စကိုလွယ်လွယ်နှင့် လက်ခံခဲ့တာဟာ.. baekhyun အတွက် မျက်နှာပျက်ဖို့ကောင်းလှသည်. ဒါမဲ့ ဘယ်တတ်နိုင်မှာတဲ့လဲ appa ကိုကတိပေးပြီးသားကိစ္စမို့သာ...ဟုတ်ပါရဲ့ အဖေဖြစ်သူ  အတွက် baekhyun တစုံတခုမှ မလုပ်ပေးခဲ့ဖူး... ဒါဟာ နောက်ဆုံးသော အဖေ့ရဲ့ ဆန္ဒကို လိုက်လျောပေး မည့်ကိစ္စ ဖြစ်လိမ့်မည်
.

...........

အိမ်ရှေ့သိုရောက်သည်နှင့်.. လက်ပိုက်လျှက် မျက်လုံးတွေကို မှေးကာ. ကားကို မှီနေသည့် chanyeol ကို တွေ့ရသည်။ တည်ငြိမ်သွေးအေးလှသည့် မျက်နှာထက်မှ တစုံတခုကို အမြဲတမ်း တွေးတောနေသလို.. ခဲရောင်မျက်ဝန်းတွေက သူများတွေကို ခက်ထန်စွာ ကြည့်နေတတ်ပေမဲ့ baekhyun ကိုကြည့်တဲ့အချိန်တွေဆို အမြဲ နူးညံ့စွာဖြင့် ကြည့်တတ်သည့်သူ....

Baekhyun စောင့်စရာပင် မလိုပဲ မျက်လုံးတွေကိုဖွင့်လာသည့် Chanyeol..ဘေးမှာ ရပ်စောင့်နေသည့်baekhyun ကို မြင်တော့ အသာပြုံးကာ.. မောင်းတဲ့သူရဲ့ ဘေးကို တံခါးဖွင့်ပေးလိုက်သည်။ baekhyun ကတော့  မျက်မှောင်ကြုံ့လျှက်နားမလည်စွာ..သူ့ကို chen ရဲ့ ဘေးမှာထိုင်ခိုင်းတာလား.. အဲ့ဒါက one ရဲ့နေရာမလားဟု တွေးရင်း...

Baek' ငါ့ကို မောင်းတဲ့သူရဲ့ ဘေးထိုင်ခိုင်းမလို့လား...

Baekhyun နားမလည်စွာဖြင့် chanyeol ကို ဘုဆက်ဆက်ဖြင့်အော်လေတော့သည်. Appa ကို တိုင်ထားသည့် ကိစ္စနှင့် ထမင်းဝိုင်းမာ မစောင့်ပေးပဲ သူ့ကို တစ်ယောက်ထဲပဲ စားစေခဲ့သည့် ကိစ္စကို  စိတ်ထဲမကျေသေးတာကြောင့် ပေါင်းပြီး သူ့အပေါ် ဒေါသ ပုံချမိသည်။

Yeol' အင်း.. ဟုတ်တယ်..ကိုယ်.  ကိုယ်တိုင်ကားမောင်းမှာမို့လေ...

ပြောပြီး နူးညံစွာ ပြုံးလိုက်ကာ ရှေ့ကကောင်ဆိုးလေးကို အထဲဝင်ဖို့ လက်ပြလိုက်သည်။ baekhyun. ကတော့ မျက်နှာ ဆူပုပ်ကာ နှာခေါင်းကနေ လေမုတ်ထုတ်ပြီး.. ကားထဲကို ဝင်ထိုင်လေ၏။

Mafia ချစ်​သူWhere stories live. Discover now