Ep 22

2.9K 215 4
                                    

                  ✴Mafia ချစ်သူ✴

💜💜💜💜💜💜💜💜💜💜💜💜💜💜

ပန်းခြံ ထဲက ရေကန်လေးရဲ့ ဘေးကို လျှောက်လာရင်း ဘေးကနေ ဖြတ်သွားဖြတ်လာသည့် လူတွေကို ရှက်တာကြောင့်.. မျက်ရည်ကို အမြန် သုတ်လိုက်သည်။

ထိုချိန် ထိုင်ခုံလေး တစ်ခုမှာ ထိုင်နေသည့် မိသားစုတစ်စုက သူတို့ ကလေးလေးဆော့နေသည်ကို ကြည်နူးစွာ ကြည့်နေသည့် ထိုကလေးရဲ့ မိဘတွေကြောင့်... အားမကျပဲ မနေနိုင်ပေ... မိမိသည်တော့ ငယ်ငယ်ကတည်းက ဒီလိုပျော်ရွှင်မှုကို မခံစားရခဲ့... အလုပ်ရူး.ဖြစ်သည့်appa ကလဲ မိမိကို အချိန်မပေးနိုင်ခဲ့....

အတွဲတွေ တစ်ယောက်နှင့် တစ်ယောက် ဓာတ်ပုံရိုက်ပေးကြရင်း ပြုံးရွှင်နေကြသည်ကို မြင်ပြန်တော့ Kai ကို သတိရလာမိသည်။ baekhyun ရဲ့ ဘဝမှာ တစ်ဦးတည်းသောသူ.. baekhyun ဝမ်းနည်းတာပဲ ဖြစ်ဖြစ်.. ငိုနေတာပဲဖစ်ဖြစ် ဘေးကနေအမြဲချော့သိပ်ပေးခဲ့တဲ့ နစ်ဦးတည်သောသူ.. အခုဆို ဘယ်နေရာများ ရောက်နေတာလဲ... အတွေးနဲ့တင် Baekhyun ဝမ်းနည်းလာပြန်ပြီး...
ဒီနေရာမှာ ဘယ်သူမှ မရှိတာကြောင့် ခုံပေါ်သို့ ထိုင်ချကာ... ကိုယ့်ကိုယ်ကို ပြန်ပွေ့ဖက်ထားပြီး.. မျက်ရည်တွေကျနေပြန်သည်။ အေးလို့တော့မဟုတ်.. အထီးကျန်လွန်းသောကြောင့်ဖြစ်သည်။

✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴

Wedding ဆိုင်က လိုအပ်တာတွေ လုပ်ပြီးသည်နှင့် chanyeol က chen ကို one ဆီသို့ baekhyun ဘယ်မှာရှိကြောင်း ဖုန်းဆက်မေးခိုင်းလိုက်သည်။ အခုလဲ chanyeol.. baekhyun ဆီသို့ ဦးတည်ကာ သွားနေသည့်.. ကားပေါ်သို့ စိတ်ပူစွာ စီးလာလေ၏။ one က အခု baekhyun တစ်ယောက်ထဲ wedding ဆိုင်နှင့် သိပ်မဝေးသည့်..ပန်းခြံလေးတစ်ခုမှာ. တိတ်တိတ်လေး ထိုငိုနေသည်ဟု.. ပြောတာကြောင့်.. ပို၍ပင် စိတ်ပူရပြန်သည်။

ပန်းခြံသို့ရောက်သည်နှင့်.. baekhyun ရှိနေသည့် နေရာကို chen ကပဲ ဦးဆောင်ကာ ခေါ်သွားသည်။
မကြာလိုက် ရေကန် သေးသေးလေးနားက တွေ့ရသည့် မြင်ကွင်းကြောင့် chanyeol ရင်ထဲ စို့နင့်သွားမိသည်။ရေကန်ဘေးက ဒူးကို ဖတ်လျှက် .မျက်နှာ အပ်ကာ ငိုနေသည့်.. ကောင်လေး.. တခါခါ.. တုန်တက်လာသည့် ခန္ဓာကိုယ် လေး... အသံမထွက်အောင် ကြိတ်ငိုနေသည်ကို ဖော်ပြနေသည်။

Mafia ချစ်​သူWhere stories live. Discover now