Ep 23

3.3K 269 27
                                    

                         ✴Mafia ချစ်သူ ✴

Baekhyun တစ်ယောက်.. အိမ်ပြန်ရောက်လာကတည်းက ..အခန်းထဲရှိ ဆိုဖာပေါ်၌ လှဲအိပ်နေသည်..အခုတွင် baekhyun ၏ စိတ်ထဲမှာ အနည်းငယ်ပေါ့ပါးသွားခဲ့ပြီဖြစ်သည်။တစ်ယောက်ထဲ နေရတာ အထီးကျန်နေတာကလွဲလို့ပေါ့.. chanyeolပြန်ရောက်ပြီလားဟု သိချင်ပေမဲ့ အောက်ထပ်ကို မဆင်းချင်တာကြောင့် tv လိုင်း တစ်ခုပြီးတစ်ခု ပြောင်းကြည့်နေလိုက်သည်။

ဒေါက်ဒေါက်...

Arjima' သခင်လေး baekhyun.. ညနေစာ.ထမင်းစားပွဲ အဆင်သင့်ဖြစ်ပါပြီ...

Arjima စကားကြောင့် baekhyun လဲ ဆိုဖာပေါ်ကနေ ဆက်ကနဲထလာကာ.. ရေချိုးခန်းထဲဝင်သွားပြီး မျက်နှာသစ်.. အဝတ်အစားတွေလြဲပီး အောက်ထပ်ကို ဆင်းလာလိုက်သည်။သို့သော် အောက်ထပ်ကို ဆင်းလာတော့ မြင်နေရတဲ့ ထမင်းစားပွဲက တစ်ယောက်စာ ဖြစ်နေသည့်အတွက်.. baekhyun စိတ်ထဲ အလိုမကျဖြစ်မိသည်။

Lee arjima သည် မျက်မှောင်ကြုံ့လျှက် တစ်ခုခု အလိုမကျဟန် နှင့်ရပ်နေငည့် baekhyun ကြောင့်..

Arjima' Park သခင်းလေးက.. အလုပ်ခန်းထဲထမင်းပွဲကို ပြင်ထားခိုင်းပါတယ်..byun သခင်လေးပဲ အရင်စားနှင့်လိုက်ပါ..  Park သခင်လေးကို စောင့်မနေပါနဲ့

Arjima ရဲ့စကားကြောင့် မခံချင်စိတ်ဖြင့် baekhyun ပြန်ပြော လိုက်သည်...

Baek 'baek သူ့ကို စောင့်နေတယ်လို့ ဘယ်သူပြောလို့လဲ.. သူ့ဘာသူ.. ဘယ်မှာစားစား.. သူ့ကိစ္စလေ...

ပြောပြီး မိမိအတွက်ပြင်ထားသည့် ထမင်းပွဲကို.. စိတ်မပါစွာစားနေသည်.. တစ်ယောက်တည်း စားနေရတာကြောင့်.. စားလို့မဝင်ချင်.. ထို့ကြောင့်.. လူယုံ bodyguard ဘယ်ရောက်နေသည်ကို မေးလိုက်သည်။

Baek'One ဘယ်သွားတာလဲ?

Arjima' bodyguard One က park သခင်လေးနဲ့ အလုပ်ခန်းထဲမှာပါ...

Arjima ၏ အဖြေကို baekhyun ကသဘောပေါက်ပြီ ဆိုသည့် သဘောဖြင့် ခေါင်းငြိမ့်ပြီး.. ထမင်းကိုသာ.. ဆက်စားနေသည်... စိတ်ထဲတွင်တော့..အစုလိုက်အပုံလိုက်နေကြပြီး မိမိကို တစ်ယောက်ထဲ ထားခဲ့ကြသည့်.. သူတို့ကို မကျေမနပ်ဖြစ်နေမိသည်။

Mafia ချစ်​သူWhere stories live. Discover now