Ep 14

2.7K 223 10
                                    

                      ✴Mafia ချစ်သူ ✴

Oneသခင်လေး ဖြစ်သူ ကိုကြည့်ကာ.. နှုတ်ခမ်းလေး ကော့တက်သွားသည်အထိ ပြုံးလိုက်မိသည်.. သေစေချင်သည် လို့သာပြောတာ... မခုခံနိုင်မှာ ဆိုးလို့ကို... guards တွေ လွှတ်ပေးသေးတာ မလား... သူရဲ့ သခင်ဆိုးလေး...ကိုယ့်အဖြစ်ကို နားမလည်သေးတာပဲ..

✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴

Chanyeol နှင့် Chen.. တိုက်ဟောင်း တစ်ခုသို့ ရောက်သွားခဲ့သည်...
အခန်း များစွာ ရှိပြီး.. တံခါးက မတတ်ရသေးပုံပင်.. အခန်းတိုင်းလဲ ပလာစွာဖြင့်... တိုက်အောက်ထပ်က မျက်ပင်လေးမှာ.. ဒူးလောက်ရှိနေပြီ...

Chanyeol ကျည်ဆံ တွေကို.. ရှောင်ရင်း.. အနောက်ကို လှည့်ကြည့် ကာပြေးနေသည် ။
... ပြန်ပြီးတော့မပစ်ခဲ့.. လိုအပ်သည့်နေရာ ရောက်ရင်..အသုံးပြု ဖို့အတွက် ချန်ထားသည်ကြောင့်ပင်.
ထို့နောက် ပြေးလာရင်း အပေါ်တက်ဖို့... နှစ်ဖက်ရှိသည့် လှေကားကို တွေ့တော့ တက်သွားလိုက်သည် ..

Chenသည်လည်း ပြေးလာကာ ..လှေကားရဲ့ တစ်ဖက်ကို ပြေးတက်သွားသည်...

အပေါ်ကိုရောက်တော့... Chanyeol နှင့် Chen လာစုံသွားသည် ...chen က chanyeol ကို နောက်တစ်ထပ် ဆက်တက်လိုက်ပါ ဆိုသည့် သဘောဖြင့် ခေါင်းတစ်ချက်ငြိမ့်ပြကာ မိမိက.. ခေါင်းဆောင်ကြီး ဖြစ်သူ တက်သွားချိန်တွင် နောက်ကလိုက်လာသည့် ..သူတွေကို ပစ်နေသည်...
ထို့နောက် မိမိလည်း တက်သွားခဲ့သည်...

Chanyeol ဒုတိယထပ်သို့ ရောက်သွားတော့... လှေကား ကနေ ပြန်ဆင်းဖို့ ပြင်လိုက်တော့.. လှေကား အောက်က စောင့်ထားသည့် လူတချို့...ထိုလူ တွေ သုံးဖွဲ့ခွဲ ကာ.. တစ်ဖွဲ့က သူတို့နောက်လိုက်ကပြီး.ကျန်နှစ်ဖွဲ့က လှေကားတွင်စောင့်နေခဲ့သည်...
Chen ကတော့ နောက်ထပ် အထက်ကို ပြေးတက်သွားကာ.. ထိုလူတွေ မိမိရဲ့ ခေါင်းဆောင်ကြီး ဘက် လိုက်မသွားဖြစ်အောင်.လမ်းလွှဲလိုက်သည် ။

..........

ChanYeol 's Part..

လှေကားတွင် စောင့်နေသည့်.. လူဆီက ပစ်လိုက်သည့် ကျည်ဆံ..ရှောင်နိုင်ဖို့ . လက်က ကျည်ဆံ မိပြီး ဒဏ်ရာ ရနေသည့် Chanyeol အတွက် အလွန် ခက်ခဲလှသည် ။
ထို့နောက်...chanyeol ရှိနေ သည့် အပေါ်ထပ်သို့ ပြေးတက်လာသည့် လူတွေ.. ခြေသံက နားထောင်ရတာ.. သုံးယောက်ခန့်ရှိမည်...

Mafia ချစ်​သူWhere stories live. Discover now