EP.25

1.9K 91 46
                                    

Ep 25

လမ်းမထက်မှ အရှိန် မှန်မှန်လေးနှင့် ရွေ့လျားနေသည့် အနက်ရောင် ပြောင်လက်နေသည့် ကားတစ်စီး ..

မနက်ခင်းအချိန်ဖြစ်သောကြောင့် နေရောင်က နွေးနွေးလေးပင် ..သို့သော်လည်းမကြာခင်တဖြည်းဖြည်း ပူပြင်းလာလိမ့်မည် တစ်စုံတစ်ခုက အဲ့အလင်းရောင်တွေကို လာမကွယ်ခဲ့ရင်ပေါ့ .......

Baekhyun ရဲ့ ဘဝသည်လဲ နေရောင်ကဲ့သို့ပင် ဖြစ်လိမ့်မည် ထင်ပါရဲ့ ...အမြဲတမ်း ထွန်းလင်းနေဖို့ မည်မျှပင်ကြိုးစားခဲ့ပါစေ တိမ်မည်း တွေက အဲ့အလင်းလေးတွေကို ကွယ်ထားပြီး မှေးမှိန်စေမြဲ..
သေချာသည်က အဲ့ဒီ တိမ်မည်းတွေဟာ Pak Chanyeol ,ဆိုသည့်လူကလွှဲ၍ ဘယ်သူမှမဖြစ်နိုင်

လက်ကလေးတွေ တင်းကြပ်စွာဆုပ်ထားပြီး ကားမှန်မှ တစ်ဆင့်အပြင်ဘက်ကို အသက်သိပ်မပါလှသည့် မျက်းဝန်း စိပ်စိပ်တို့ဖြင့်ကြည့်နေသည့်သူ၏သတိုးသားလေးအား Chanyeol ရင်လေးစွာ သက်ပြင်းချလိုက်သည် ...ခုချိန်မှာ သူ့လုပ်ရပ်တွေက မှားလား မှန်လား ဆိုတာကိုတောင် သူမသိနိုင်တော့ပါ

Baekhyun ရဲ့ မျက်လုံးထဲမှာ Park Chanyeol ဆိုသည့်လူဟာ သူ့ရဲ့ ပျော်ရွှင်မှုတွေ အားလုံးကို လိုက်ဖျက်ဆီးနေသည် မကောင်းဆိုးဝါး သာသာ ဖြစ်နေပါလိမ့်မည် ...ဒါပေမဲ့ လူကောင်သေးသေးလေးနှင့် ဖြူစင်တဲ့ အပြုံးလေးကို ပိုင်ဆိုင်ထားသည့်ငယ်ငယ်ကတည်းက စွဲလမ်းခဲ့တဲ့ ကောင်ငယ်လေးကို ရင်နင့်ပြီးပြောမပြနိုင်လောက်အောင်ပင် ချစ်နေရသည်ကိုတော့ ထိုကောင်လေးသိလိမ့်မည်မဟုတ်

ငယ်ငယ်တုန်းက သူနဲ့ baekbeom နောက်တစ်ကောက်ကောက်လိုက်တတ်တဲ့ ကလေးလေး...
သူအရမ်းမြတ်နိုးရတဲ့ကောင်ကလေး
အဲ့ကောင်သေးသေးလေးအပေါ်ထားတဲ့ သူ့ရဲ့ မြတ်နိုးခြင်း ၊ချစ်ခြင်းတွေက ဘာလဲ ဆိုတာကို သူမသိခဲ့

ညီလေးတစ်ယောက်အပေါ်ထားတဲ့ ခံစားချက်လို့သာ ထင်ထားပေမဲ့ မဟုတ်ခဲ့ပေ ...
တစ်နေ့ ..မထင်မှတ်ဘဲ ရောက်လာခဲ့သည့်နေ့
baekbeom ဆုံးသွားခဲ့တဲ့နေ့မှာ သူရနေကျ ထိုကောင်လေးဆီက အပြုံးတွေဟာ နာကျင်မှု၊မုန်းတီးမှုတွေနှင့်သာပြည့်နှက်နေခဲ့ပြီ ....

Mafia ခ်စ္​သူWhere stories live. Discover now