Ep 17

2.9K 232 7
                                    

                   ✴ Mafiaချစ်သူ  ✴

ဒေါက်.ဒေါက်...

တံခါးခေါက်သံကြောင့်.. အိပ်ပျော်ခါနီးဖြစ်နေသည့် Chanyeol ကို.. ပြန်နိုး စေခဲ့သည်။ သို့ပေမဲ့ မျက်လုံးတော့ မဖွင့်ပဲ ဒီအတိုင်းသာ... ဝင်လာသည့်လူက... မိမိရဲ့ ဒဏ်ရာကို ဆေးလာထည့်ပေးမဲ့.. ရင်းနှီးသည့် Bodyguard ဖြစ်မည်ကို သိတာကြောင့်..စိတ်မဝင်စားပဲ.. ဒီတိုင်းမျက်လုံးမှိတ်လျှက်ပင်.. အမိန့်ပေးလိုက်သည်။

Yeol'မြန်မြန်လာပြီး..မြန်မြန် ပြီးအောင်လုပ်တော့.. ငါနားချင်နေပြီ...မင်းဆေးထည့်တာ မပြီးသေခင်..ငါအိပ်ပျော်သွားရင်.. ငါ့ကိုလာမနိုးနဲ့...

ရုတ်တရက် ထွက်လာသည့်Chanyeol ၏စကားကြောင့်..
Baekhyun လန့်သွားမိကာ... ခြေလှမ်းတွေ ရပ်တန့် သွားခဲ့သည်။သို့သော် Chanyeol လှဲနေသည့် ဆိုဖာ နားကို တဖြေးဖြေးသွားပြီး... အိပ်နေသည့် Chanyeol နှင့် မလှမ်းမကန်းမှာ ရပ်လိုက်ပြီး...

Baek ' ဒါက ရေလဲမချိုးရသေးပဲနဲ့ အိပ်တော့မလို့ပေါ့...ပြီးတော့ ဆိုဖာပေါ်မှ.. ညစ်ပတ်လိုက်တာ...

အသံချိုချိုလေးတွေကြောင့်.. အိပ်တဝက်နိုးတဝက်အနေအခြေဖြစ်နေသည့်.. Chanyeol. မျက်လုံးကို အမြန်ဖွင့်လိုက်တော့.. သူ့ရှေ့မှာရပ်နေသည့်...  သူဒီအခန်းကို ဘယ်တော့မှ ခြေချမှာ မဟုတ်ဘူးဟု.. ထင်ထားသည့်...Baekhyun ဖြစ်နေတာကြောင့်...ပင်ပန်းနေတဲ့ကြားကပင်.. ဖျော့တော့စွာ ပြုံးလိုက်ကာ...အနားယူဖို့ လုပ်နေသည့် နှလုံးသားကလဲ... ပိုင်ရှင်ကို တွေ့လိုက်တော့.. အမြန်ခုန်လာတော့သည်။

Yeol'Baekhyun....

Chanyeolအံ့သြသလို ..Baekhyun ၏နာမည်ကို ခေါ်တော့.. Baekhyun ကနားမလည်သလို chanyeol ကို ကြည့်ကာ..

Baek ' ဘာလဲ.. ငါ့ကို ဝင်ခွင့်မပြုဘူးလား..ဒါဆိုငါထွက်သွားပေးလဲရတယ် ...

Baekhyun ပြောပြီး ပြန်ထွက်သွားမည်လုပ်တော့...အားမရှိသည့်ကြားက.. ကမန်းကတန်း ထကာ.. Baekhyun ထွက်မသွားဖို့ တားလိုက်သည့် Chanyeol...

Yeol' အဲ့လိုမဟုတ်ပါဘူး... ကိုယ်က Chen ကိုယ့်ကို ဆေးလာထည့်ပေးမယ်ထင်လို့ပါ..မသွားသေးပါနဲ့.. ကိုယ့်ကိုအဖော်လုပ်ပေးအုံး..

Mafia ချစ်​သူWhere stories live. Discover now