Ep 12

2.9K 210 20
                                    

                "Mafia ချစ်သူ "

Baek ' မုန်းတယ်.. မုန်းတယ်.. မုန်းတယ်.. မင်းကို အရမ်းမုန်းတယ်.. မင်းဘယ်တော့ ငါ့ဘဝ ထဲသေဆုံး သွား မှာ လည်း...

Chanyel.လည်း ချစ်ရသူလေးဆီ မုန်းတယ် ဆိုသည့် စကားလုံးကို ထပ်ပြီး နားထောင်နိုင်စွမ်းမရှိတော့ သဖြင့်.. အခန်းအပြင်သို့ ပြန်ထွက်သွားလိုက်တော့သည်...

              ✴✴✴✴ Mafia ချစ်သူ ✴✴✴✴

အပြင် ရောက်တော့ အခန်းရှေ့မှာ. ရပ်နေသည့် Chen နှင့် One.

One က အခန်းထဲက ထွက်လာသည့် Chanyeol ၏လက်ထဲမှ.. အရာမယွင်း သေးသည့်.. ဆန်ပြုတ်ပန်းလေးကို ကြည့်ပြီး. စိတ်မကောင်းဖြစ်မိသည်

One ' ဒါတွေကို ကျွန်တော် ကပဲ ယူသွားပေးလိုက်ပါ့မယ်

Chanyeol ဘာမှ ပြန်မပြောပဲ ခေါင်းသာ အသာငြိမ့်လိုက်သည်။ ကိုင်ထားသည့် လင်ဗန်းကို one သို့ ပေးလိုက်ပြီး.. chen ဘက်လှည့်ကာ.. ဟောင်ကောင် ပြန်ဖို့အကြောင်း. ပြောနေလိုက်သည်။
သခင် ဖြစ်သူရဲ့ အခြေအနေကို ကြည့်ပြီး chen နှင့် one မသနားပဲ မနေနိုင်ခဲ့. တစ်ယောက်နှင့် တစ်ယောက်ကြည့်ရင်း.. စိတ်မကောင်းမှုသာဖြစ်မိသည်။ ရှေ့အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုတော့. သူတို့နှစ်ယောက် လည်းမသိနိုင်တာကြောင့် ... အဲ့အချိန်ထိ စောင့်နေရုံမှ တပါး ဘာမှမတတ်နိုင်ခဲ့..

......................

Baekhyun တံခါးဖွင့်သံကြားတာကြောင့်.. အိပ်ယာထပ်မှ အမြန်ထ လိုက်သည်. တကယ်လို့ ဝင်လာသည့်လူက. ဟိုတစ်ယောက်ဆိုရင်.သောင်းကျန်းဖို့ အသင့်ပြင်ထားသည်. သိုသော် ဝင်လာသည့်သူက..ထင်ထာသည့် လူမဟုတ် ပဲ သူ၏ အရင်းနှီးဆုံး bodyguard ဖြစ်နေတာကြောင့်... ပျော်သွားပေမဲ့. Chanyeol သူ့ကို တရွတ်တိုက် ဆွဲခေါ်လာတုန်းက. သူ့ကို မကူညီပဲ.. ဒီတိုင်းတာ ရပ်ကြည့်နေတာကြောင့် one ကို စိတ်ဆိုးမိသည် ။

Baek ' ဘာလာလုပ်တာလည်း..

ကုတင်ပေါ်ပြန်ထိုင်လိုက် ကာ. တဖက်သို့လှည့်သွားပြီး.. one ကို မကြည့်ပဲ မေးသည် ။

One ' သခင်လေး အတွက်.. စားစရာ ယူလာပေးတာပါ

One က ပြောပြီး ကုတင်ခေါင်းရင်းဘေး ရှိ စားပွဲခုံပေါ်ကို.. စားစရာတွေ ကို တင်ထားလိုက်ပြီး. သူ၏ သခင်ဆိုးလေးရဲ့ အနားမှာသွားကာ ဒူးထောက်ထိုင်လိုက်သည်.။

Mafia ချစ်​သူWhere stories live. Discover now