💘Just Love💘Ep-4

3.7K 362 14
                                    

💘Love is just love💘

Junmyeon 's POV

"Junmyeon ရေ ခဏနေ Minwoo ရောက်တော့မှာ ဂျူတီချိန်လဲဖို့ ပြင်ထားတော့ ။ ရော့ ဒီမှာ ဒီနေ့ အတွက် မင်း လုပ်အားခ
"

ဂျာကြီး ကမ်းပေးလာသော ပိုက်ဆံ တစ်ချို့ကို အိတ်ထဲ တစ်ခါထဲထည့်ရင်း Junmyeon   သိမ်းဆည်းကာ  အိမ်ပြန်ရန် ပြင်ရတော့သည် ။

ဟိုတလောက အလုပ် အသည်းအသန်  ထပ်လိုချင်တယ်ဆိုပြီး Min Seok ကို အပူကပ်ထားတော့ သူ့ ကျေးဇူးနဲ့ အခု ကလပ်မှာ အချိန်ပိုင်း လုပ်ခွင့် ရသည်  ။ကလပ်ဆိုပေမယ့် Junmyeon က မီးဖိုချောင်ပိုင်းမှာသာ လုပ်ရသည် ။အပြင်ထွက်ရန်မလို။   တခြား အချိန်ပိုင်း အလုပ်တွေ ပြီးမှ  လုပ်ရသဖြင့်    သူ့ အတွက် အဆင်ပြေလှသည်

ကလပ်က ထွက်လာရင်း လက်က နာရီကို ကြည့်လိုက်တော့ 11:00 ကျော်နေပြီ ။အိမ်မှာ Chennie လေးတစ်ယောက်ထဲ စောင့်နေရသည်မို့လို့   ခြေလှမ်းတွေကို  အရှိန်တင်တာ ခပ်သွက်သွက် လျှောက်နေမိသည်။

ရှပ် ရှပ် ရှပ်

ရုတ်တရတ် ခြေသံ တစ်ချို့ ကြားလိုက်ရတာကြောင့် ဘေးဘီကို လိုက်ကြည့်မိတော့ သူ့အရှေ့ မလှမ်းမကမ်းမှာ  လူတစ်ယောက်  ။

အစက ကိုယ့်အာရုံနဲ့ ကိုယ်မို့လို့ သတိမထားမိ   ။အမဲရောင် ဝတ်စုံနှင့် ထိုသူမှာ  သူ့လိုပဲ အလျင်လိုနေသည့်ပုံ ။

သူလဲ ထိုသူ့ ခြေလှမ်းနှင့် မှီအောင် ထပ်ပြီး အရှိန်တင်လိုက်တော့ အရှေ့က လူက ပြေးထွက်သွားပြီ ။

"ဘာလဲကွာ ကားဂိတ်ထိ  လမ်းလျှောက်ဖော် ရပြီ အောက်မေ့တာ ဘာတွေများ အဲ့လောက် အသည်းအသန်ဖြစ်နေလဲ မသိဘူး  ။"

Junmyeon မကျေမနပ် ရေရွတ်ရင်း  လမ်းချိုးကွေ့  နား ရောက်ခါနီးးမှာ

"တီတီ "

"ဒုန်း "

"အားး "

Junmyeon မြင်လိုက်ရတဲ့ မြင်ကွင်းကို မယုံနိုင်။

ခုနက သူရှေ့က လူကို  ကားတစ်စီးက အရှိန်ပြင်းပြင်း ဝင်တိုက်လိုက်တာ။

Just Love [ Completed ]Where stories live. Discover now