Just Love Ep-12

3.3K 329 10
                                    

တီ. . . . တီ. . . .

တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခြေအနေမှာ  မြည်လာတဲ့ ဖုန်းသံကြောင့် အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားသည် ။

ုYiXingနဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ စစ်ဆေးရေးမှူး Wang က ခေါင်းအသာညိမ့်ပြလိုက်သည် ။

ဖုန်းသံက အဆက်အပြတ် မြည်နေဆဲ ။

"Hello "

ဖုန်းဝင်သွားတဲ့ ခဏမှာ YiXing အခန်းထဲက လူတွေ အားလုံး အသက်ပင်မရှူရဲ

Computeနဲ့ ချိတ်ဆက်ပြီး  ဖုန်းခေါ်သူတည်နေရာရှာနေတဲ့ Tao မှာလဲ မျက်တောင်ပင် မခတ်

"Zhang YiXing "

"ခင်ဗျားတို့ ဘယ်သူတွေလဲ  Jun့ကို ခေါ်သွားတာ ခင်ဗျားတို့မလား "

အစီအစဉ်မကျ ထွက်လာတဲ့ အမေးစကားတွေကို ပြန်ဖြေရမဲ့ အစား  ဖုန်းထဲကနေ ထွက်လာတဲ့ ငိုရှိုက်သံ

" Xing . . . .  "

ဖျော့တော့စွာထွက်လာတဲ့ အသံလေးကြောင့်
YiXing ထိန်းထားသမျှ မျက်ရည်တွေ တာကျိုးလေပြီ

"Jun Jun အဆင်ပြေသွားမှာနော် မကြောက်နဲ့နော် ကလေးကို ကိုယ်ရအောင် ပြန်လာခေါ်မှာ
ခင်ဗျားတို့ ဘာလိုချင်လို့ အခုလို လုပ်တာလဲ "

"ဟား ငါတို့ ဥက္ကဋ္ဌကြီးက အလိုက်သိတတ်ရန်ကော "

"ခင်ဗျားတို့ေ-ာက်ရစ်ရှည်မနေနဲ့ ပြောစရာရှိတာ မြန်မြန်ပြော "

"လောလှချည်လား ကောင်းပြီ  ငါ လိုချင် တာ က တော့ . . .  Zhang Group  တစ်ခုလုံးဆိုရင်ရော  "

"ခင်ဗျား ရူးနေလား Zhang Group တစ်ခုလုံးက ကျွန်တော့် ဆီမှာမှ မဟုတ်တာ ""

"ဒါဆိုရင်တော့ ငါတို့ ဥက္ကဋ္ဌကျန်းရဲ့ ဟန်ဆောင်ယောက်ျားလေးဘဝက မတွေးဝံ့စရာပဲ ဒါနဲ့ ကင်ဂျွန်မြောင်တင်မကဘူး သူ့ညီ ကင်ချန်းလေးကပါ ဖြူ ဖြူ ဖွေးဖွေးလေးတွေ  မစ်စတာ စီချန်တို့ အကြိုက်တွေ့မှာပါ .. . "

" ခင်ဗျား ပါးစပ်ပေါက်ကို ပိတ်ထား  . ,ဟုတ်ပြီ ခင်ဗျားတို့ တောင်းဆိုတာ အကုန်ပေးမယ် တစ်ခုပဲ သူတို့နှစ်ယောက်လုံးကို လက်ဖျားနဲ့တောင် မထိစေနဲ့ "

Just Love [ Completed ]Where stories live. Discover now