💔Just Love💔-13

3.7K 347 20
                                    

Love is just love

"Xing . . . . . Xing . .  . .   "

တဖြည်းဖြည်း မှိတ်ကျသွားသော မျက်ဝန်းတို့နှင့်  Jun ခေါ်သံက တိုး . . . .တိုး  . . . . သွားလျက် ။

. . .  . . . 

Kris တို့ စီစဉ်ထားတဲ့ အတိုင်း  အချိန်မှီ လိုက်လာခဲ့ပေမယ့် မထင်မှတ်ပဲ သူတို့ဘက်က လူအင်အားပိုများနေခဲ့သောကြောင့် YiXingတို့ ရှိတဲ့ မိန်းအဆောက်အအုံဆီ တော်တော်နှင့် မရောက်နိုင်အောင် ဖြစ်နေသည် ။

စုံထောက်Wang နှင့်အတူ Kris ရော Tao ပါ အဆောက်အအုံအတွင်းပိုင်းက အခန်းတစ်ခုနား ချဉ်းကပ်လာရင်း …အထဲက အသံတွေ ကြားနေသောကြောင့် လက်ထဲက သေနတ်ကိုယ်ဆီကို အသင့်ပြင်လိုက်မိသည် …

အရေးပေါ်အခြေအနေတွင် အသုံးပြုနိုင်ရန် စုံစမ်းရေးမှူး က လက်နက်ကိုင်ဆောင်ခွင့်ပေးထားလို့ တော်သေးသည။်

"ဒိုင်း . . "

"ဒိုင်းး . ."

YiXingဆီကို ချိန်ရွယ်ပြီး ပစ်သည့်   သေနတ်သံနှင့် ပြိုင်တူထွက်ပေါ်လာသော အသံ . . . .

စုံထောက်Wang ရဲ့ လျင်မြန်သောပစ်ခတ် တားဆီးမှုကြောင့် Mie Mie ၏ သေနတ်က ထွက်လာသော   ကျည်ဆံမှာ YiXing ရင်ဘတ်ကို ရှပ်ထိမိသွားသည် ။

သေနတ်ကိုင် လက်ကို အပစ်ခံလိုက်ရသော Mie Mie နှင့် သူမ အဖေ ရှောင်ချန်တို့မှာလည်း ရုတ်တရတ် ကြောင်အနေရာမှ  အရင် သတိဝင်လာသော  ရှောင်ချန်က Laptopကို အပြေးယူကာ ထွက်ပြေးရန် ပြင်သည်။ Mie Mie မှာလည်း  သူမ အဖေ၏ အကြံကို ရိပ်စားမိကာ ထပ်ကြပ်မကွာ လိုက်လေသည် ။

သို့သော် ခန်းမတစ်ခုလုံး အသင့်စောင့်နေပြီ ဖြစ်သော စုံထောက်Wang ၏ အဖွဲ့က ၎င်းတို့သားအဖအား လက်ရ ဖမ်းလိုက်နိုင်သည် ။

"တောက် . . .  အောင်မြင်ခါနီးမှကွာ . . . "

အခဲမကျေစွာထွက်လာသော အသံမှာ ရှောင်ချန့်ဆီက

သမီးဖြစ်သူ Mie Mie ကတော့ သွေးထွက်လွန်နေသော လက်ကို ဖိလျက် အံကို တင်းတင်းကြိတ်ထားရင်း  ရဲတပ်ဖွဲ့ ခေါ်ဆောင်ရာသို့ ရုန်းရင်းဆန်ခတ် လိုက်သွားလေသည် ။

Just Love [ Completed ]Where stories live. Discover now