💟Just Love 💟Ep-5

3.8K 389 19
                                    

💟Love is just love💟

Junmyeon's POV

သာမန် ထက် ပိုပြီး တိတိဆိတ် ငြိမ်သက်နေမှုကြောင့် Junmyeon စိတ်ညစ်ညူးစွာ ခန္တာကိုယ်ကို လှုပ်ရှားလုပ်တော့  သူ့ဆီကို တည့်တည့်ရောက်လာနဲ့ အကြည့်သုံးစုံ။

အဟမ်း

Junmyeon ရှေ့တည့်တည့် မှ အဘွားက ချောင်းတစ်ချက် ဟန့်လာသောကြောင့် သူ ဝမ်းသာအားရပင် ဆက်ပြောလာမည်ကို မျှော်လင့်မိသည် မဟုတ်ရင် ဒီ ဆေးရုံခန်းထဲ ကိုယ်မသိတဲ့ သူတွေဆီက စူးစမ်းတဲ့ အကြည့်တွေကြောင့် အနေရခက်လှသည် ။

အဲ့တော့  ကလေး ဆိုလိုချင်တာက ကလေးက ဘွားမြေးငယ်လေးကို ကယ် ပေးထားပြီး ဆေးရုံ ပို့ပေးထားတယ်ပေါ

Junmyeon သူ့ကို ကလေးလို့ ခေါ်တာ သိပ်တော့ မကျေနပ်ပေမဲ့  လူကြီးဖြစ်နေသောကြောင့်  ရိုရိုသေသေပင် ခေါင်းငြိမ့်ပြလိုက်ရသည်ြ

ဘာလို့ ကယ်တာလဲ

ဗျာ

Junmyeon အံ့သြသွား၍ ရုတ်တရတ် အဖြေ မတွေ့

အချိန် အနည်းငယ် စဉ်းစားပြီးမှ

ဘာလို့ ကယ်တာလဲ ဆိုတော့  အဲ့လူကြီးက ကျွန်တော့ ရှေ့မှာ ကားတိုက်ခံလိုက်ရတာလေ ကျွန်တော်က မကူညီပဲ ဒီအတိုင်း ကျော်သွားလိုက်ရမှာလား

ဟုတ်တယ် Junmyeon စိတ်ကပေါက်လာပြီ
မနေ့ညကတည်းက ဖုန်းဆက်ပြီ့းပြီးချင်း ရောက်လာ ကြသည့်သူတွေ ရဲတွေ ရော သတင်းထောက်တွေရော ရှုပ်ယှက်ခတ်နေတာ   ဒါပေမဲ့ ဘယ်လို ဖြေရှင်းလိုက်လဲ မသိ ထိုလူတွေ အခု တစ်ယောက်မှ မတွေ့တော့
ထို အဘွားနှင့် အတူ ပါလာသည့် လူနှစ်ယောက်က Junmyeonကို VIP အခန်းထဲ ထည့်ထားပြီး   သူတို့မေးမြန်းနေတာတွေကို ဖြေနေရတာ မနက်ကတည်းက 
အခုထိလဲ အိမ်မပြန်ရသေး  Chennie လေးနဲ့လဲ မတွေ့ရသေး အဲ့ဒါကို  အရေးကြီးတဲ့ မေးခွန်းတွေ မေးမဲ့ အစား 

ဘာလို့ကယ်တာလဲ ဘာညာဆိုတော့ Junmyeon စိတ်ဆိုးမိတာ အလွန်မဟုတ် ။

Jun  အခြေအနေကို ရိပ်မိပုံ ရတဲ့ အဘွားက ပြုံးပြလာရင်း

မဟုတ်ပါဘူးကွယ် ကလေးမြင်တဲ့ အတိုင်း  အခုက တမင်ကြံစည်မှုလေ  မျက်မြင်သက်သေကလဲ ကလေးပဲ ရှိတော့ အဘွားက သေချာအောင်မေးတာပါ

Just Love [ Completed ]Where stories live. Discover now