😋Just Love 😋Ep-9 (part 1)

4K 390 32
                                    

Love is just love

Junmyeon တရုတ်ပြည် ရောက်နေသည်မှာ နှစ်ပတ်ခန့် ရှိပြီ ဖြစ်သည်။

စစချင်း အနည်းနှင့် အများ စိုးရိမ်နေမိခဲ့သော်လည်း CEO Zhang ရဲ့ အစစအရာရာ ဂရုစိုက်မှုအောက်မှာ အတော်ပင် နေသားကျနေပြီပင် ။

မင်္ဂလာပွဲပြီးကတည်းက Zhang စံအိမ်တော်ကြီးထဲမှာ ပြောင်းနေခဲ့ရသည် ။

တစ်ခန်းထဲအတူတူ နေရမှာများလားလို့ တွေးပူမိခဲ့သော်လဲ CEO Zhang က Junmyeonအတွက် သီးသန့် အခန်းတစ်ခုစီစဉ်ပေးခဲ့ပြီး လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့သည် အလယ်တန်းကျောင်းသားဘဝကတည်းက အလုပ်မျိုးစုံလုပ်ပြီး ရုန်းကန်ခဲ့ရသော Jummyeon အတွက် ယခုလို ဘာမှ မလုပ်ပဲ အခန့်သား နေနေရတာ နည်းနည်းတော့ ပျင်းဖို့ကောင်းသည် ။

သို့သော် CEO Zhangမှာ Junmyeon တစ်ခုခု ကုလုပ်ပေးဖို့ နေနေသာသာ Junmyeon အတွက်ဆိုပြီး ခေါ်ပေးထားသည့် အလုပ်သမားတင်ပင် မနည်းမနော ။

ဟန်ဆောင်လက်ထပ်တာဆိုပေမဲ့ Junmyeonအပေါ် အလွန် နူးနူးညံ့ညံ့ကို ဆက်ဆံပေးလွန်းသည် ။
ကလေးတစ်ယောက်ကို ဂရုစိုက်သလိုမျိုး ။

မနေ့ညကလဲ
ကိုရီးယား မပြန်ခင် ပင်လယ်ဘက် လိုက်ပို့ပေးမယ်ဆိုပြီး ပြောလာသောကြောင့်
ခေါင်းသာငြိမ့်လိုက်ရသည် ။

Junmyeon ဧည့်ခန်းက ဆိုဖာပေါ်ထိုင်ကာ ရောက်တတ်ရာရာ တွေးနေတုန်း ခြံထဲကို ကားဝင်လာသံ ကြားလိုက်ရသည်

*အင်း CEO Zhang ပြန်လာပြီထင်ရဲ့ *

နာရီကို ကြည့်မိတော့ ညနေ 3:30 အရင်နေ့တွေကထက် စောနေတာတော့ အမှန် ။

"Jun လေး "

ခေါ်သံနှင့် တစ်ဆက်ထဲပင် မျက်စိရှေ့ ရောက်လာသည့် ထိုလူကြီး Suit မိုးပြာရောင်နှင့် အလွန်ပင် ခံ့ညားနေသည့် CEO ကြီး

Junmyeo ကိုယ့်ကိုယ်ကို ပြန်ငုံကြည့်လိုက်မိသည်

အကျီင်္ အဖြူရောင် တီရှပ်ကိုမှ ဒူးလောက် ဘောင်းဘီလေးနှင့် ထို လူကြီး ကလေးလို သဘောထားလဲ ထားချင်စရာ

YiXing သူခေါ်နေတာကို ပြန်မဖြေအားပဲ YiXing ကို ကြည့်လိုက် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက် နှင့် အလုပ်များနေသော Jun ကို အသည်းယားလာသည် ။

Just Love [ Completed ]Where stories live. Discover now