🐰Just Love Ep🐰-8

3.7K 423 30
                                    

🐰Love is just love 🐰

Zhang အိမ်တော် တစ်ခုလုံး လူရုတ်စု ရုတ်စုတို့ဖြင့် သက်ဝင်လှုပ်ရှားနေသည်
ဟိုမှဒီမှ ထွက်လာတဲ့ အသံတွေသည်လဲ Zhang အိမ်သူအိမ်သားတို့ရဲ့ အလုပ်ရှုပ်နေမှုကို ဖော်ညွှန်းနေသကဲ့သို့ပင်

အားလုံးရဲ့ မျက်နှာမှာလဲ အပြုံးကိုယ်စီဖြင့် . . .

"Wei အဲ့ ပန်းအိုးတွေက ဒီရှေ့နားကို လာချ ယမ့်ယမ် မြေးလေး  Jun ရော အဆင်သင့်ဖြစ်ပြီလား "

"အကိုလေး Jun က မင်္ဂလာ အဝတ်အစား လဲနေပါပြီ "

"မြေး Xing ဘွားနားလာဦး "

ဘွားYang ခေါ်သံကြောင့်   မင်္ဂလာပွဲအတွက် အစားအသောက်များ စီမံနေရမှ YiXing  ထလာခဲ့ရသည်

"မြေး YiXing Jun လေးကို သွားကြည့်ပေးလိုက်ဦး သူ့ခမျာ တစ်ယောက်ထဲ စိတ်ကျဉ်းကျပ်နေမှာ "

"ဟာ ဘွားကလဲ . . . .  .  ကျွန်တော်လဲ သွားကြည့်ရမှာ မျက်နှာပူလို့ အဆောင်ရှေ့ ထွက်လာတာပါဆို "

"ဟေ မြေး က မျက်နှာပူစရာလားကွဲ့ သွား သွား ကလေးဆီကို သွားလိုက် ဒီက ကိစ္စ ဘွား စီစဉ်လိုက်မယ်   .  "

ဘွား Yang အတင်းတွန်းလွှတ်မှုကြောင့် အဆောင်ထဲသို့ တွန့်ဆုတ် တွန့်ဆုတ် ဝင်သွားရတဲ့ YiXing

ဒေါက် ဒေါက်  . . .
အဝတ်လဲခန်းသို့ မဝင်ခင် တံခါးခေါက်ကာ အသံပေးလိုက်တော့

"ဘယ် . .  ဘယ် သူလဲဟင် . . "

"Jun ကိုယ်ပါ  ဝင်လာခဲ့မယ်နော် "

YiXing ပြောလို့ မဆုံးခင် ပွင့်လာတဲ့ တံခါးနှင့်အတူ ရင်ခွင်ထဲ ပစ်ဝင်လာသည့် ကိုယ်လုံးလေး

"ကျွန်တော် အရမ်း  . . .  ကြောက်နေခဲ့ ရတာ . .   ခု န က. . ."

ရှိုက်ကြီးတငင် နှင့် စကားကို ဗလုံးဗထွေး ပြောလာသည့် Junကြောင့် စိုးရိမ်မှုက ဂိတ်ဆုံးမှာ . .

င်္ရင်ခွင်ထဲက ကောင်လေးကို ဆွဲထုတ်ရင်း 

"Jun ကိုယ့်ကိုကြည့် ဘာဖြစ်တာလဲကိုယ့်ကို ပြော  .  ".

"ခုနက Mei Meiဆိုတဲ့ တစ်ယောက် ရောက်လာပြီး ကျွန်တော့ကို မင်္ဂလာပွဲ ဖျက် ပေးဖို့ လာပြောတယ် .  . . . ကျွန်တော်က . .  ကျွန်တော်က  မလုပ်ပေးနိုင်ဘူးပြောတော့  . .  ဟီးးးးး  "

Just Love [ Completed ]Where stories live. Discover now