💟Just Love 💟Ep-7

3.8K 403 16
                                    

Love is just love 

Junmyeon သူ့ရှေ့မှာ ကျောပေးပြီး ရပ်နေတဲ့ CEO Zhang ဆိုတဲ့ သူကို စိတ်မရှည်နိုင်စွာ စုတ်တသတ်သတ် ကြည့်နေမိသည် . . . .

ရှယ်ယာရှင် အစည်းအဝေး ပြီးတာနဲ့ ရုတ်တရတ် ရောက်ချလာပုံရတဲ့ CEO Zhang ဟာ Black Suit နဲ့ အလွန်အင်မတန် ခံ့ညားနေတာတော့ အမှန် . . . .

သို့ပေမဲ့ ရောက်ကတည်းက Junmyeonကို ဝရံတာထိ ခေါ်ထုတ်လာပြီးကာမှ နောက်ကျောပေးပြီး ဘာမှ မပြော ကြာတော့ Junmyeon စိတ်မရှည်ဖြစ်လာသည်. . .

"Wei ဒီမှာ ခင်ဗျား ဘာပြောမလို့လဲ ကျွန်တော် ရပ်နေရတာ ညောင်းလာပြီဗျ "

"ဟင် ကလေး ညောင်းနေပြီလား sorryပါ ကလေးရယ် ကိုယ်က ကလေးကို ကျေးဇူးတင်စကားပြောချင်လို့ ကိုရီးယားလို စာစီနေလို့ပါ "

"ကျွတ် လာပြန်ပြီ အဲ့ ကလေး ခင်ဗျားကပါ အဲ့လို မခေါ်နဲ့လေဗျာ ကျွန်တော်က အထက်တန်း နောက်ဆုံးနှစ်ဗျ ကလေး မဟုတ်တော့ဘူး  "

YiXing  သူ့ရှေ့က ကလေးရဲ့ ပြောစကားကြောင့် ပြုံးမိသွားသည်  ကလေးလို့ပဲ ခေါ်ချင်တာလို့လဲ စိတ်ထဲက ပြောမိသည် အပြင်မှာတော့ ထုတ်မပြောရဲ အရှေ့က ကလေးလူကြီးလေးဟာ စိတ်တိုနေပုံရတာမို့ . . . . .

"ဟုတ်ပါပြီ  လူကြီးလေးရယ်  ဒါဆို Jun လို့တော့ ခေါ်လို့ရတ်မလား  "

"မသိဘူးဗျာ ကလေးလို့ မခေါ်ရင် ပြီးရော"

Jun ကိုယ့်ကို ကယ်တင်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်  အဲ့နေ့က Jun သာ ကိုယ့်ကို မကယ်တင်ခဲ့ရင် ကိုယ်တကယ် သေဆုံးသွားလောက်တယ် ပြောမပြတတ်လောက်အောင် ကျေးဇူးတင်ပါတယ် . . . .

"အာ ရပါတယ် ကျွန်တော့်ရှေ့ တည့်တည့်မှာ ဖြစ်တဲ့ ကိစ္စပဲ မသိချင်ယောင်ဆောင်ပြီး ထားခဲ့လို့မှ မရတာ  ဒါနဲ့ ကျွန်တော် တစ်ခု နားမလည်တာ ကလေ CEO Zhang "

"ဘာများလဲ Jun "

"CEO Zhang ကို ကားနဲ့ တိုက်တဲ့ သူကို သိရဲ့သားနဲ့ ဘာလို့ မဖမ်းတာလဲဟင် ကျွန်တော်လဲ မျက်မြင်သက်သေ ရှိတာပဲလေ "

Just Love [ Completed ]Where stories live. Discover now