💓Just Love 💓 Ep-11

3.4K 360 21
                                    

လွန်ခဲ့သော နှစ်ရက်ခန့် . . . .

" ကောင်းပြီ အဲ့ဒါဆို သူတို့ကို ဆက်ပြီးစောင့်ကြည့်ထားလိုက် တစ်ခုခုထူးခြားတာနဲ့ ငါ့ကို အကြောင်းကြား "

ဟူးး

လက်ထဲက ဖုန်းကို စားပွဲပေါ်တင်လိုက်ရင်း YiXing သက်ပြင်း ချလိုက်သည်

အခုတလော ကိုယ့် ကုမ္ပဏီ အလုပ်တွေ အပြင် လေးရှောင်ချန်တို့ လုပ်ငန်းစုကိုပါ စောင့်ကြည့်နေရတာမို့လို့ လူပင်ပန်း စိတ်ပင်ပန်း ဖြစ်နေသည် . . . .

တရားဝင် အမွေလွဲခါနီး အချိန်ဖြစ်သောကြောင့် အစစ အရာရာ သတိထားနေရသည် . . . 
ဒုဥုက္ကဋ္ဌ ရှောင်ချန် ရန်ပုံငွေ အလွဲသုံးစားလုပ်ထားတာတွေ. .

ပေကျင်းက အဆောက်အအုံ လုပ်ငန်းငွေသုံးစာရင်း သန်းပေါင်းများစွာ ကွာဟနေတာတွေ

မီးခိုးကြွက်လျှောက်ဆိုသလို အစတစ်ခုဖော်လိုက်တာနဲ့ နောက်က အားလုံးကို စုံစမ်းဖို့  မခက်တော့ . . .

ကိုယ်က မိသားစုလို သတ်မှတ်ပြီး တော်တော်များများ  မသိချင်ယောင် ဆောင်ပေးခဲ့ပေမဲ့ အခု မရတော့ . . .

အားလုံးကို အမြစ်က ဆွဲလှန်ပြီး ပြတ်ပြတ်သားသား ဖြေရှင်းမှ ရတော့မည် . . .

CEO Zhang  နာမည်နဲ့ ပါဆယ် ရောက်လာပါတယ် . .

ထားခဲ့လိုက်. . .

အတွင်းရေးမှူးက ထိုပါဆယ်ထုပ်ကို စားပွဲပေါ်တင်ပြီး ပြန်ထွက်သွားပြီ. . .

အခုရက်ပိုင်း  ခြိမ်းခြောက်စာတွေ နည်းလမ်းမျိုးစုံနဲ့ ရောက်နေတတ်တာမို့လို့ ဒီတစ်ခုလဲ ထူးမခြားနားပင် ဖြစ်လိမ့်မည်. . .

အပေါ်ယံ စက္ကူ တွေကို ဖယ်ရှားပြီး ကြည့်လိုက်တော့ YiXing ထိတ်လန့်သွားရသည် . . .

Jun ပုံတွေ တနည်းအားဖြင့် . . . . Jun ရဲ့ နေ့စဉ်သွားလာမှု တွေကို ရှုထောင့်မျိုးစုံမှ ရောက်ထားတဲ့ ပုံတွေ  . .

ဓာတ်ပုံတွေနဲ့ အတူ စာတစ်စောင်ပါလာသည် . စာထဲမှာ  ရေးထားတာက .. . . .

" ဥက္ကဋ္ဌ Zhang ! တော်တော်များ လန့်သွားလား !
စိတ်မပူပါနဲ့ ကျွန်တော်တို့က ဥက္ကဋ္ဌ ရဲ့ ခင်ပွန်းလေးကို သေချာ စောင့်ကြည့်ပေးနေတာပါ . . . ဒီလောက်ဆို  ဥက္ကဋ္ဌကြီးလည်း သဘောပေါက်မှာပါ . . .  အဲ့တော့ အခု လုပ်နေတဲ့ လုပ်ရပ်တွေ အကုန်လုံးကို ရပ်တန်းက ရပ်ပြီး ချက်ချင်း  CEO  နေရာကနေ အေးအေးဆေးဆေး ဖယ်ပေးပါ . . မဟုတ်ရင်တော့ ဥက္ကဋ္ဌကြီးရဲ့ ခင်ပွန်းလေး  အသက်ကို အာမ မခံနိုင်ဘူးနော်  "

Just Love [ Completed ]Where stories live. Discover now