E x t r a ( 1 )

3K 294 39
                                    

(Zawgyi)

နှိုးစက်သံကို ကြားသည်ဆိုရုံနဲ့ နိုးလာတတ်သည့် အကျင့်ကြောင့် အခုလည်း ဂျွန်မြောင် နိုးနေပြီဖြစ်သည် ။ နှိုးစက်ကနေ  နောက်ထပ် အသံတွေ ထွက်မလာစေရန်  ဘေးနားစားပွဲပေါ်က နာရီကို ခက်ခက်ခဲခဲ လှမ်းပိတ်ရသည်။

ခက်ခက်ခဲခဲလို့ ဆိုရခြင်းကတော့ နည်းနည်းလေးလှုပ်လိုက်တာနဲ့ ခါးတစ်ဝိုက် ပိုပြီး တင်းတင်းကြပ်ကြပ်ပွေ့ဖက်လာတဲ့ လက်အစုံကြောင့်ပင် ။

"ရှင်း … ခဏလွှတ်ပေးဦး ကျွန်တော် မနက်စာ ပြင်မလို့ "

"ဟင့်အင်း မသွားရဘူး အိပ်ဦးမှာလို့ …"

မျက်လုံးမပွင့်ဘဲ ပြောသည့် ဝိုးတဝါးသံ နှုတ်ခမ်းတို့က
ခပ်ဆူဆူပင် ဖြစ်နေပြီ  … ။လူကြီးလူကောင်းလေး CEO Zhang ဟာ မနက်ခင်းတိုင်း ဒီလို ချစ်စရာကောင်းလှစွာ ဂျစ်တိုက်တတ်တဲ့ အကြောင်း တစ်ယောက်ယောက်များသိရင် အံ့သြပေလိမ့်မည် ။

"ဘာလို့ အဲ့လောက် ချစ်ဖို့ကောင်း …?"

အသည်းယားစွာ နှာခေါင်းလုံးလုံးကို လက်ညှိုးနဲ့ အသာထိတော့ ဂျွန်မြောင့်လက်ကို ဆွဲယူကာ နှုတ်ခမ်းကို ကပ်သည် ။

"ကလေးရဲ့ ကိုကို ဖြစ်နေလို့လေ… အသည်းယားရင်
နမ်းလို့ရတယ်  "

"သွားမတိုက် မျက်နှာမသစ်ဘဲ မနမ်းဘူး "

"ထပြီ ထပြီ  …အခုရေချိုးခန်းထဲ သွားမယ်"

တကယ်ပင် အိပ်ရာကနေ ကုန်းရုံးထကာ ဂျွန်မြောင့် ကိုပါ ဆွဲထူလေတော့သည်။

မွ . . .

စုတ်ဖွားဖွားလေးဖြစ်နေသည့် ဆံပင်တို့ကို သပ်တင်ပေးပြီး နဖူးကို ဖိကပ်နမ်းတော့ မျက်လွှာချလို့ ငြိမ်ငြိမ်လေးနေပေးသည် ။ ဂျွန်မြောင် ညစ်ကျယ်ကျယ် ပြုံးကာ နှုတ်ခမ်းတို့ထက် အသာ ထိရုံလေး ထိ လိုက်ပြီး ချက်ချင်းပြန်ခွာလိုက်သည် ။

"ကျန်တာ နောက်မှ …အခု ပြန်အိပ်တော့ "

ပြောပြီးတာနဲ့ ရေချိုးခန်းထဲ လှစ်ခနဲနေအောင် ပြေးရသည် ။ဆက်ပြီး ကလူနေပါက နှစ်ယောက်လုံး မနက်စာ ငတ်မည်မှာ အသေအချာပင် ။

Just Love [ Completed ]Where stories live. Discover now