memo 3

7.1K 348 0
                                    

[ ZawGyi ]

📋📁
ဒီ​နေ့က ချစ်​သူ​အောင်​ တို့ First Posting အ​နေနဲ့ တာဝန်​ကျတဲ့ မန္တ​လေးတိုင်းမှာ ရုံးစတက်​ရတဲ့နေ့။ ချစ်သူ​​အောင်​က မန္တ​လေးသား​​ဆို​တော့ မန္တ​လေးတိုင်းကို တာဝန်​ကျတော့ သူ​တော်​​တော်​​လေး ​ပျော်​မိတယ်​။ ​ကျောင်းတက်​​တော့လည်း အ​​ဝေးမှာအ​ဆောင်​​နေရတာဆို​တော့ သူ့အတွက်​က မန္တ​လေးမှာ သူငယ်​ချင်း​တောင်​ မရှိသ​လောက်​ပါပဲ။ ခု​တော့ ​ကျောင်းပြီးလို့ အလုပ်​လည်းဝင်​ပြီဆို​တော့ မန္တ​လေးမှာ ​ပျော်​ချင်​တိုင်း ​ပျော်​လို့ရပြီ​ပေါ့။

မန္တ​လေးတိုင်းကိုတာဝန်​ကျတာ သူအပါအဝင်​ သုံးယောက်​​ပါ။ သူတို့ သုံး​ယောက်​ထဲမှာမှ နှစ်​​ယောက်​က မန္တ​လေးသား။ ကျန်​တဲ့တစ်​​ယောက်​က​တော့ ပြင်​ဦးလွင်​က။ ဒါနဲ့ မန္တ​လေးသား​ နှစ်​​ယောက်​ထဲက ကျန်​တဲ့တစ်​​ယောက်​က ဘယ်​သူလဲ သိလား? လင်းသူ ဆိုတဲ့ ထူးထူးဆန်းဆန်း ​တစ်ေ​ယာက်​​လေ။ ချစ်​သူ​အောင်​က​တော့ လင်းသူအ​ကြောင်း တစ်​ခါကြားရင်​ တစ်​ခါ အံ့သြရတယ်​။

ချစ်​သူ​အောင်​ က​တော့ ရုံးစတက်​ပြီဆိုတာနဲ့ သူ့မှာ သိချင်​တာ​တွေ​ ​တော်​​တော်​များများ ရှိ​နေပြီ။ ဒီရုံးကလူ​တွေက ​ကောင်းလား။ အလုပ်​လုပ်​ရတာ အဆင်​​ပြေရဲ့လား။ အဓိက က​တော့ လူကြီး(ညွှန်​ကြား​ရေးမှုး)က ​ကောင်းရဲ့လားပဲ။

အဲ သူသိချင်​တာ ရှိပြီဆိုရင်ေ​​တာ့ ဘေးနားကလူ​တွေကို နားငြီး​အောင်​ လုပ်​ပြီ​လေ....

သူရဲ့ ပထမဆုံး targetက ရှေ့က စားပွဲမှာထိုင်​​နေတဲ့ အငယ်​​လေးပဲ ...

"ညီ​လေး......"

"ဗျာ" ဆိုပြီး ​ကောင်​​လေးက လှည့်​လာတယ်

"ဒီက လူကြီးက ဘယ်​လို​နေလဲကွ"
"သ​ဘော​ထား ​ပျော့​ပျောင်းရဲ့လား .. ဒါမှမဟုတ်​ လူဆိုးကြီးလား " ဆို​ပြီး မျက်​မှန်​​လေးပင့်​ကာ ကပ်​​မေးတယ်​။

ချစ်သူ​အောင်ပုံကို​ ကြည့်ပြီး ​ရယ်ကျဲကျဲနဲ့ "​ပုံမှန်​ပါပဲ အကိုရယ်​။ အဆင်​​ပြေပါတယ်​" ဆိုပြီး ​ဖြေတယ်

You Are The Other Half Of Meحيث تعيش القصص. اكتشف الآن