memo 35

2.9K 198 9
                                    

"ZawGyi"

ဇာတ်​လမ်း​တွေထဲမှာ ​ပြော​နေကြ စကားတစ်​ခွန်းရှိတယ်​ ​"မုန်​တိုင်းမလာခင်​ ​လေ​ပြေအရင်​လာတတ်​တယ်​" တဲ့။ ဒီစကားကမှန်​ပုံရတယ်​။ သူတို့အတွက်​က​တော့ ​လေ​ပြေပြီး​တော့ ​လေ​ပွေဝင်​​မွှေ့တာ ခံလိုက်ရတာ​ပေါ့။ သူတို့ရဲ့ သာယာ​ပျော်​ရွှင်​​နေတဲ့အချိန်​​လေး​တွေ အပြီးမှာ​တော့ ​လေ​ပွေ​လေးတစ်​ခုက ​နောက်​ကွယ်​မှာ တ​ဖြေး​ဖြေးနဲ့ အားပြင်းလာဖို့ ​စောင့်​​နေခဲ့တာ​ကို မသိခဲ့​လေဘူး။

တစ်​​နေ့ ..... အဲဒီတစ်​​နေ့က​တော့ လင်းသူဘဝထဲကို ​လေ​ပွေ ဝင်​​မွှေ့လိုက်​တဲ့တစ်​​နေ့ပါပဲ။ အဲဒီ​နေ့က လင်း​သူနဲ့ချစ်​သူ​အောင်​တို့ အပြင်​သွားပြီး ပြန်​လာ​တော့ ချစ်​သူ​အောင်​တို့ အိမ်​မှာ ဧည့်​သည်​​တစ်​​ယောက်​ ​ရောက်​​နေတယ်​။ အဲဒီဧည့်​သည်​ကလည်း ပြန်​ဖို့ပြင်​​နေတဲ့အချိန်​ တိုက်​တိုက်​ဆိုင်​ဆိုင်​ သူတို့နဲ့အ​ပေါက်​ဝမှာ​တွေ့​တော့ ချစ်​သူ​အောင်​ကို လှမ်းနှုတ်​ဆက်​တယ်

"အပြင်​ကပြန်​လာတာလား...သား"

"ဟုတ်​ကဲ့ အန်​ကယ်​။ အ​ဖေ့ကို လာကြည့်​တာလား"

"​အေးကွယ်​..သားတို့အ​ဖေက ခုတစ်​​လော ​တ​ရှောင်​​ရှောင်​နဲ့ဆို​တော့ ​နေ​ကောင်းရဲ့လား လာကြည့်​ရတာ​ပေါ့ကွာ..." ​ပြောရင်းနဲ့ ရယ်​​နေပြီးမှ ချစ်​သူ​အောင်​ဘက်​လှည့်​ပြီး ဆက်​​​ပြောတယ်​ "အန်​ကယ်​လည်း ပြန်​​တော့မယ်​ သား​ရေ"....

"​အော်​...ဟုတ်​ကဲ့ပါ အန်​ကယ်​။ အ​ဖေ့ဆီလည်း ခနခန လာလည်​ပါအုံး​နော်​။ ခုတ​လော ​နေမ​ကောင်း​တော့ စကား​ပြော​ဖော်​ အရမ်းရှာတယ်​ အန်​ကယ်​​ရေ့"

"​အေးပါကွယ်​...."

လင်းသူ စိတ်​ထဲမှာ​တော့ ဒီအန်​ကယ်​ကြီး ချစ်​သူ​အောင်​ကို သား သား ဆိုပြီး​ခေါ်​နေပုံက တစ်​မျိုးကြီးပဲလို့။ ချစ်​သူ​အောင်​တို့နဲ့ ဘာများ​တော်​သလဲလို့​ပေါ့။ ဒါ​ပေမယ့်​ ချစ်​သူ​အောင်​တို့အ​မေ အနားလာပြီး ​ပြောလိုက်​တဲ့ စကားတစ်​ခွန်း​ကြောင့်​ လင်းသူ​ခေါင်းထဲမှာ ​သွေး​ဆောင့်​တက်​သွားပြီး ရင်​ထဲမှာ​တော့ ​လေ​ပွေ​မွှေ့သွားတယ်​။

You Are The Other Half Of MeWhere stories live. Discover now