[ZawGyi]
💨🙊
ရုံးဖွင့်ရက်လဲရောက်ရော လင်းသူကတော့ ကောင်းကောင်းကြီး စခံရတော့တာပဲ။ သော်ဇင်က လင်းသူကိုတွေ့တဲ့နေရာတိုင်းမှာ လိုက်အော်တယ်...." လင်းသူကြီး အနမ်းခံလိုက်ရတယ်ဟေ့" တဲ့
ဒါတင်မကသေးဘူး ချစ်သူအောင်ကလဲ နောက်ကနေ တကောက်ကောက်လိုက်ပြီး " sorry ပါ လင်းရယ် ငါမူးနေလို့ လုပ်မိတာပါ..." လို့ ခနခန လိုက်ပြောတယ်။ ပြီးတော့ ထပ်ပြောသေးတာက " အဲဒါ ဟိုကောင် သော်ဇင်ကြောင့်။ သူသာဂျင်းမထည့်ရင် ငါဒီလိုလုပ်မိပါ့မလားကွာ.... နော်... နော်" နဲ့ နေတာပဲ။
သူဒီလို လိုက်ပြောနေပေမယ့်လဲ လင်းသူက မျက်နှာပုပ်ကြီးနဲ့ပဲ။ သူ့ကို ဘာမှပြန်မပြောဘူး။ ကြာတော့ ချစ်သူအောင်လဲ လက်လျှော့လိုက်တယ်။ သူဒီလိုလုပ်နေတာ လင်းသူကိုစိတ်အနှောက့်အယှက် ပေးနေသလို ဖြစ်နေတယ်ဆိုတာ သူလည်း ရိပ်မိပါတယ်။
ဒါပေမယ့်လည်း ခက်တယ်။ ချစ်သူအောင်ကလည်း လူတစ်မျိုး။ သူ့ကို တစ်ယောက်ယောက်က မကျေမနပ်ဖြစ်နေရင် နေမရထိုင်မရနဲ့ စိတ်ကသိကအောက် ဖြစ်နေတတ်တာဆိုတော့။ လင်းသူကျေနပ်အောင် ဘာလုပ်ပေးရမလဲပဲ စဉ်းစားနေတယ်။
လင်းသူကလည်း သူ့အကြောင်းနဲ့သူရှိတယ်။ သူ့အတွက် ဒီပိတ်ရက်မှာ တော်တော်စိတ်ရှုပ်ခဲ့ရတယ်။ စနေနေ့ညက အဖြစ်အပျက်ပြီးသွားတော့ တနင်္ဂနွေတစ်နေ့လုံး သူ့မှာ စိတ်နဲ့လူနဲ့မကပ်ဘူး။ ပြန်တွေးကြည့်တိုင်း မျက်နှာကပူလာတယ်။ ဟိုကောင်က မူးနေလို့ ဒီလိုလုပ်တာပဲကို ငါက ဘာလို့များ ဒီလိုဖြစ်နေရတာလဲ။ ငါကိုက စန်းစန်းတင့် (sensitive) ဖြစ်နေလို့များလား။ ဒါပေမယ့်လည်း ငါ့အတွက်ပထမဆုံးဆိုတော့ ဒီလောက်တော့ စန်းစန်းတင့် သင့်တာပေါ့😠 ဘာပဲဖြစ်ဖြစ် ငါ့ကိုစိတ်ရှုပ်အောင်လုပ်သွားတဲ့ ချစ်သူအောင်ကို ဒီတိုင်းတော့ ခွင့်မလွှတ်နိုင်ဘူးလို့ စိတ်ထဲမှာ ကြုံးဝါးလိုက်တယ်။
YOU ARE READING
You Are The Other Half Of Me
Romanceကိုယ်ချစ်ရသော ... ကိုယ့်ရဲ့. .....အသည်းတခြမ်း "လင်း" ♡ ♡ ♡ ကိုယ်ချစ်ရသော... ကိုယ့်ရဲ့ ..... အသည်းတစ်ခြမ်း "လင်း" From {18 May 2018} To {19 July 2018}