Acknowledgement

2.5K 178 16
                                    

အခုလို အပိုင်း ၃၀ ​ကျော်​​လာမှပဲ reader ​တွေဆီ တိုက်​ရိုက်​စာ​ရေးရဲတာက​တော့ ကိုယ့်​ရဲ့ ယုံကြည်​ချက်​နည်းမှုပါပဲ။ ငယ်​ငယ်​တည်းက အတန်း​ကျောင်း​တွေသာ ပီးလာခဲ့တယ်​... စာစီစာကုံး ဆိုတာကို ဘယ်​အတန်းတင်​စာ​မေးပွဲမှာမှ မ​ဖြေခဲ့ဖူးတဲ့သူဆိုတာ ကိုယ်​ပါပဲ။ အဲဒီလိုလူက wattpad ဆိုတဲ့ apk ကို သုံးပြီးတည်းက ပိုးက ထလာ​တော့တယ်​။ စာသာ မ​ရေးတတ်​တာ စာဖတ်​တာက​တော့ စွန်းဝါသနာပါတဲ့သူဆို​တော့ အစုံပလုံ​တွေ အကုန်​​မွှေ​နှောက်​ဖတ်​ပြီး သကာလမှာ​တော့ author ​တွေရဲ့ BL.OC ​တွေကို စပြီး စွဲလမ်းလာ​တော့တယ်​။ အဆိုးဆုံးက OC ​တွေထဲမှာ author ​တွေက မြန်​မြန်​ မro ရင်​ ကိုယ်​​တွေက ဆွဲ​ခေါ်ပြီး ro ခိုင်းချင်​​တော့တာပဲ။ တ​နေ့တ​နေ့ ဇာတ်​လမ်း​တွေဖတ်​ပြီး ရူးတာများလာ​တော့ ကိုယ့်​ဘာသာပဲ ro ဖို့ ဆုံးဖြတ်​လိုက်​တယ်​။ အဲဒါ​တွေ​ကြောင့်​ပဲ ဒီဇာတ်​လမ်း​လေးကို ​ရေးဖြစ်​သွားတာပါ။

ပထမဆုံး​အ​နေနဲ့ အခုချိန်​ထိ စိတ်​ရှည်​သည်းခံပြီး ဖတ်​​ပေး​နေတဲ့ reader ​တွေကို ​ကျေးဇူးတင်​မိတာ​တော့ ​ပြောမပြတတ်​​အောင်​ပါပဲ။ တကယ်​​တော့ ဒီထိ​ရောက်​လာတာ​တောင်​ မယုံမရဲပါပဲ။ အစတည်းက ကိုယ့်​စိတ်​ဆန္ဒအရ ​ရေးတဲ့စာမို့ ဖတ်​​ပေးမယ့်​သူမရှိခဲ့ရင်​လည်း ဘာမှမဖြစ်​ပါဘူးလို့ ​တွေးပြီး​ရေးခဲ့တာ။ follower ၄​ ​ယောက်​ပဲရှိတဲ့ account ကို ဖတ်​​ပေးမယ့်​သူ မရှိဘူးဆိုတာ​တော့ သိ​ပေမယ့်​ တကယ်​တမ်း စ​ရေးပြီဆိုတဲ့အခါကြ​တော့ ကိုယ်​​ရေးထားတာ​လေး ဖတ်​​ပေးမယ့်​သူရှိမှပဲ ခွန်​အားဖြစ်​တယ်​ဆိုတာ သိလာခဲ့တယ်​။ ဒီစိတ်​ကို ​​အော်သာ​တွေ​ဆို ပိုပြီး နားလည်​မှာပါ။ ကိုယ်​ထုတ်​လိုက်​တဲ့ ထုတ်​ကုန်​တစ်​ခုကို သုံးမယ့်​သူမရှိရင်​ ဆက်​ပြီးထုတ်​ချင်​စိတ်​ ရှိပါ့မလား။ ဒီ​တော့ဘာလုပ်​လဲ။ လွယ်​လွယ်​​လေးပါ။ ရုံးက​ဘော်​ဒါ​တွေအကုန်​လုံးကို wattpad apk ထည့်​​ပေးလိုက်​တယ်​။ ပြီး​တော့ publish မလုပ်​ခင်​ ​ရေး​နေတည်းက ကြို​ပြီး ​ခြိမ်း​ခြောက်​ထားတယ်​...ငါ wattpad မှာ စာ​ရေးမှာမို့ နင်​တို့ဖတ်​​ပေးရမယ်​...ဒါပဲ။ အဲဒီ​တော့ စပြီး publish လုပ်​တည်းက အနည်းဆုံး ၃ ​ယောက်​​လောက်​ကို အတင်းဖတ်​ခိုင်းပြီး vote ​ပေးခိုင်းလိုက်​တယ်​။ ကိုယ့်​အကြံ ပိုင်​တယ်​မလား...😝

You Are The Other Half Of MeWhere stories live. Discover now